အာဆတ်အစိုးရကို ဖြုတ်ချပြီးနောက် ပထမဆုံး ရွေးကောက်ပွဲတွင် လူထုမဲမရှိဘဲ အမျိုးသမီးများနှင့် လူမျိုးစုများ နေရာအနည်းငယ်သာ အနိုင်ရသည်။ သို့သော် ဆီးရီးယား အများအပြားက ထိုရွေးကောက်ပွဲသည် အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တိုးတက်မှုဟု မြင်ကြသည်။
အများပြည်သူကို မဲပေးခွင့်မပေးပေ။ အမျိုးသမီးများနှင့် လူမျိုးစုများကို မှန်ကန်သင့်မြတ်စွာ သဘောမထားပေ။
သို့သော် အာဆတ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီးနောက် ၁၀ လအကြာတွင် ကျင်းပသည့် ဆီးရီးယား၏ ပထမဆုံး ရွေးကောက်ပွဲများသည် နိုင်ငံတွင် စိတ်လှုပ်ရှားမှုဖြစ်စေပြီး ဆယ်စုနှစ်များစွာကြာသည့် အာဏာရှင်အုပ်ချုပ်ရေးကို ဖယ်ရှားရာတွင် နောက်ထပ်ခြေလှမ်းဟု အချို့က ယူဆသည်။
သို့သော် အာဆတ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီးနောက် ၁၀ လအကြာတွင် ကျင်းပသည့် ဆီးရီးယား၏ ပထမဆုံး ရွေးကောက်ပွဲများသည် နိုင်ငံတွင် စိတ်လှုပ်ရှားမှုဖြစ်စေပြီး ဆယ်စုနှစ်များစွာကြာသည့် အာဏာရှင်အုပ်ချုပ်ရေးကို ဖယ်ရှားရာတွင် နောက်ထပ်ခြေလှမ်းဟု အချို့က ယူဆသည်။
အောက်တိုဘာလ ၅ ရက်နေ့က စတင်သည့် ရွေးကောက်ပွဲများတွင် ဒေသဆိုင်ရာကောင်စီများ ပါလီမန်အဖွဲ့ဝင် ၂၁၀ အနက် ၁၄၀ ကို ရွေးချယ်ကြပြီး ကျန် ၇၀ ကို သမ္မတ အာမက် အယ်လ်ရှာရာက နှစ်ပတ်အတွင်း ခန့်အပ်မည်ဖြစ်သည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် ကြေညာသည့် ရလဒ်များသည် သမ္မတ ဘာရှား အယ်လ် အာဆတ်ကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် လူများစု ဆွန်နီမွတ်ဆလင်များဖြစ်သည်မှာ အံ့သြဖွယ် မရှိပေ။
အမျိုးသမီးများနှင့် ဆီးရီးယားမှ ကွဲပြားခြားနားသည့် ဘာသာရေးနှင့် လူမျိုးစု လူနည်းစုများသည် နေရာအနည်းငယ်သာ ရသည်။
သို့သော် ထိုကိစ္စသည် ၁၄ နှစ်နီးပါးကြာသည့် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်အပြီး တော်လှန်ရေးသမားများ အာဏာရလာပြီး အာဏာရှင်အစိုးရဟောင်း ကျဆုံးခြင်းကို ကြိုဆိုသည့် ဆီးရီးယားအချို့၏ စိတ်အားထက်သန်မှုကို လျော့ကျစေခြင်း မရှိပေ။
“ရှေ့တန်းစစ်မျက်နှာမှာ မရပ်တည်တဲ့သူကို ရွေးချယ်စရာ အကြောင်းမရှိဘူး” ဟု ဒမတ်စကပ်မြို့တော်မှ အမျိုးသမီးကိုယ်စားလှယ် မိုနာ အဘူ အက်သန်က ပြောသည်။
ရွေးကောက်ပွဲအရာရှိများသည် ဒေသဆိုင်ရာကောင်စီများက ရွေးချယ်သည့် ပြည်သူ့လွှတ်တော် နေရာ ၁၄၀ အနက် ၁၁၉ နေရာအတွက် ရလဒ်များကို အောက်တိုဘာလ ၆ ရက်နေ့တွင် ကြေညာသည်။ ၂၁ နေရာကို အစိုးရ ထိန်းချုပ်မှုအောက် မရောက်သေးသောကြောင့် ကနဦး မဲပေးပွဲတွင် ချန်လှပ်ထားသည့် ဆီးရီးယားနိုင်ငံ အစိတ်အပိုင်းများအတွက် ချန်ထားသည်။

ထိုဒေသများတွင် ဖြစ်နိုင်သည့်အချိန်၌ ရွေးကောက်ပွဲကျင်းပရန် အရာရှိများ မျှော်လင့်ထားသည်ဟု ရလဒ်များကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲကော်မတီ ပြောခွင့်ရသူ ဒေါက်တာ နာဝါ နက်ဂျ်မာက ပြောသည်။
ရွေးကောက်ပွဲ သို့မဟုတ် မည်သူတို့ ယှဉ်ပြိုင်သည်ကို မသိကြောင်း နေ့စဉ်အခက်အခဲများ ရင်ဆိုင်နေရသည့် ဆီးရီးယားအချို့က ပြောသည်။ သို့သော် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားသူ အသိုက်အဝန်းတွင် ပါလီမန်သစ် ဖွဲ့စည်းခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့် ပိုမိုရလာခြင်းသည် အာဆတ်အလွန် ဆီးရီးယားတွင် ဆွေးနွေးငြင်းခုံမှုအဆင့်သစ်နှင့် နိုင်ငံရေးကိုယ်စားပြုမှု ယှဉ်ပြိုင်ခြင်းကို နိုးကြားစေသည်။
ရွေးကောက်ပွဲ သို့မဟုတ် မည်သူတို့ ယှဉ်ပြိုင်သည်ကို မသိကြောင်း နေ့စဉ်အခက်အခဲများ ရင်ဆိုင်နေရသည့် ဆီးရီးယားအချို့က ပြောသည်။ သို့သော် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားသူ အသိုက်အဝန်းတွင် ပါလီမန်သစ် ဖွဲ့စည်းခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့် ပိုမိုရလာခြင်းသည် အာဆတ်အလွန် ဆီးရီးယားတွင် ဆွေးနွေးငြင်းခုံမှုအဆင့်သစ်နှင့် နိုင်ငံရေးကိုယ်စားပြုမှု ယှဉ်ပြိုင်ခြင်းကို နိုးကြားစေသည်။
ထုတ်ပြန်ကြေညာသည့် နေရာ ၁၁၉ နေရာတွင် အမျိုးသမီး ခြောက်ဦးနှင့် လူနည်းစု ဘာသာရေးနှင့် လူမျိုးစု တဒါဇင်အောက်သာ ပါဝင်သည်။
ထိုရလဒ်များသည် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် လူအဖွဲ့အစည်းကို ထင်ဟပ်နေသည်။ သို့သော် ထိုရလဒ်များက ရွေးကောက်ပွဲစနစ်သည် ဆွန်နီလူများစုအလိုကျ ချမှတ်ထားပြီး ပိုမိုမျှတ ကျယ်ပြန့်သည့် ကိုယ်စားပြုမှုတွက် မဟုတ်ကြောင်း ထင်ဟပ်နေသည်ဟု ကမ်းရိုးတန်းမြို့ တာတပ်စ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နာဘီအာ နက်ဘ်ဟန်က ပြောသည်။
အချို့အတွက် ရွေးကောက်ပွဲရလဒ်များက ဆီးရီးယားသည် ဆွန်နီအမျိုးသားရေးဝါဒ လွှမ်းမိုးသည့်ခေတ်သို့ ဝင်ရောက်လာသည်ဆိုသည့် စိုးရိမ်မှုများ ပိုမိုဖြစ်စေသည်။
ဆီးရီးယားနိုင်ငံသည် ကြီးမားသည့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲဖြစ်သည်ဟု အစိုးရက ပြောသောကြောင့် ပြည်သူများသည် တိုက်ရိုက် မဲမပေးခဲ့ကြပေ။ ဥပမာအားဖြင့် လူအများအပြားသည် မှတ်ပုံတင်မရှိဘဲ နေရပ်စွန့်ခွာနေကြရသည်။
မစ္စတာ အယ်လ်ရှာရာ အစိုးရသည် ထိုလုပ်ငန်းအတွက် ရွေးကောက်ပွဲကော်မတီတခုကို ထူထောင်သည်။ ထိုကော်မတီက ဒေသရွေးကောက်ပွဲကောင်စီဝင်များကို ရွေးချယ်ရန် ဒေသဆိုင်ရာအဖွဲ့များ ခန့်အပ်သည်။ ထိုဒေသကောင်စီများက ပါလီမန်ကိုယ်စားလှယ်များကို ရွေးချယ်သည်။
ရွေးချယ်ခံရသော ကိုယ်စားလှယ်များတွင် ပြည်တွင်းစစ်အတွင်း နိုင်ငံအနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်တွင် ရှေ့တန်းဆေးရုံကို စီမံသော အများချစ်ခင်ရိုသေသည့် ဆရာဝန်တဦးလည်း ပါဝင်သည်။ စစ်ပွဲအကြောင်း သြဇာကြီးမားသည့် ဝတ္တုများရေးသည့် စာရေးဆရာမတဦးလည်း ပါလီမန်တနေရာ အနိုင်ရသည်။

အနိုင်ရကိုယ်စားလှယ် အချို့သည် ပြည်တွင်းစစ်အတွင်းက ဆီးရီးယားအနောက်မြောက်ပိုင်းသို့ နေရပ်စွန့်ခွာလာသူများ ဖြစ်သည်။ ထိုသူများသည် အစ်ဒလစ်ပြည်နယ်မှ မစ္စတာ အယ်လ်ရှာရာ၏ သူပုန်အစိုးရအောက်မှ ဒေသများ သို့မဟုတ် ထိုဒေသများအနီးတွင် နေထိုင်သူများဖြစ်သည်။
အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် အမျိုးသားကိုယ်စားလှယ်လောင်းများလောက် သေနင်္ဂဗျူဟာကျကျ အောင်မြင်အောင် မလုပ်နိုင်ကြောင်းနှင့် အားလုံးသဘောတူသည့် ကိုယ်စာလှယ်လောင်းများကို ထောက်ခံရန် သဘောတူညီမှု မရကြကြောင်း ဒမတ်စကပ်မှ ရှုံးနိမ့်သည့် ကိုယ်စားလှယ်လောင်း မစ္စ အက်သန်က ပြောသည်။
အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် အမျိုးသားကိုယ်စားလှယ်လောင်းများလောက် သေနင်္ဂဗျူဟာကျကျ အောင်မြင်အောင် မလုပ်နိုင်ကြောင်းနှင့် အားလုံးသဘောတူသည့် ကိုယ်စာလှယ်လောင်းများကို ထောက်ခံရန် သဘောတူညီမှု မရကြကြောင်း ဒမတ်စကပ်မှ ရှုံးနိမ့်သည့် ကိုယ်စားလှယ်လောင်း မစ္စ အက်သန်က ပြောသည်။
“ကျမတို့အတွက် အရမ်းဆန်းသစ်တဲ့ အတွေ့အကြုံဖြစ်ပြီး အမျိုးသားတွေက စုစည်းညီညွတ်တယ်” ဟု သူက ပြောသည်။
ခရစ်ယာန်တဦးသာ ရွေးချယ်ခံရသည်။ လူနည်းစု ခရစ်ယာန်များသည် မြို့ကြီးများဖြစ်သည့် ဒမတ်စကပ်၊ အလက်ပိုနှင့် ဟာမာပြည်နယ်တွင် အဓိက နေထိုင်ကြသော်လည်း ထိုဒေသများတွင် မည်သည့် ခရစ်ယာန်မှ ရွေးချယ်မခံရပေ။
ကာ့ဒ်များ ဦးဆောင်သည် ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းမှ ဒရုလူမျိုးစု လွှမ်းမိုးသည့် ဆွီအီဒါပြည်နယ်တို့သည် အစိုးရထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် ရွေးကောက်ပွဲတွင် ချန်လှပ်ထားသည်။
အမျိုးသမီးများနှင့် လူမျိုးစုများ ကိုယ်စားပြုမှု မညီမျှခြင်းကို မစ္စတာ အယ်လ်ရှာရာက လာမည့်နေ့များတွင် ကိုယ်စားလှယ် ၇၀ ဦး ခန့်အပ်သောအခါ မျှတအောင်လုပ်ပေးမည်ဟု မျှော်လင့်ရကြောင်း ရွေးကောက်ပွဲအရာရှိများက ပြောသည်။ သူ ထိုသို့လုပ်၊ မလုပ်သည် ကိုယ်စားပြုသော အစိုးရဖွဲ့မည့် သူ၏ကတိကို စမ်းသပ်မှုဖြစ်သည်။
အစိုးရ အာဏာရလာပြီးနောက် လူအသေအပျောက်များသော ခွဲထွက်ရေး အကြမ်းဖက်မှုများကို ကိုင်တွယ်မှုအား ဝေဖန်မှုများ ဖြစ်လာပြီးနောက် လူနည်းစုများ ကိုယ်စားပြုမှုသည် နိုင်ငံတကာ စိုးရိမ်ပူပန်မှု ဖြစ်လာနေသည်။
မည်သို့ဆိုစေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပါလီမန်ရွေးကောက်ပွဲကို ကြိုဆိုကြပြီး ထိုပါလီမန်သည် အာဆတ်အစိုးရအတွက် လက်ညှိုးထောင် ခေါင်းညိတ် ရာဘာတံဆိပ်တုံး ပါလီမန် ဆယ်စုနှစ်များစွာနောက်ပိုင်း တိုးတက်မှုဖြစ်မည်ဟု မျှော်လင့်ကြသည်။
မစ္စတာ အယ်လ်ရှာရာ အစိုးရသည် အာဆတ်၏ နိုင်ငံရေးပါတီနှင့် ပြည်တွင်းစစ်အတွင်းက ပြည်ပမှ အဝေးရောက်လှုပ်ရှားသည့် အတိုက်အခံများ၏ လှုပ်ရှားမှုအားလုံးကို ပိတ်ပင်ထားသည်။

ကိုယ်စားလှယ်လောင်းများကို တသီးပုဂ္ဂလအဖြစ်သာ ယှဉ်ပြိုင်ခွင့်ပြုသည်။ မဲရေတွက်မှုပြုလုပ်စဉ် နိုင်ငံရေး သုတေသီများသည် အနိုင်ရသူများ၏ နိုင်ငံရေးတိမ်းညွတ်မှုကို သရုပ်ခွဲရန် ရလဒ်များကို လေ့လာကြသည်။
ပါလီမန်သစ်သည် ပိုမိုကျယ်ပြန့်သော ဆီးရီးယားအခြေအနေကို ထင်ဟပ်ပြီး မည်သည့်အုပ်စုမှ မလွှမ်းမိုးကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးကောင်စီများဌာနဟုခေါ်သည့် စီမံအုပ်ချုပ်မှုအုပ်စု ဒါရိုက်တာ အဗ္ဗဒူလာ အယ်လ်ဟာဖီက ပြောသည်။
“ပြည်သူတွေက နိုင်ငံရေးနဲ့ ပါတီမဟာမိတ်ဖွဲ့မှုစနစ်ကို စတင်နားလည်လာတယ်။ တခါက အာဆတ်ထိန်းချုပ်မှု ပြင်ပက ဒေသအများအပြားက သူတို့လူမှုအသိုက်အဝန်းတွေက နိုင်ငံရေးကစားပွဲမှာ ဘယ်လို ကစားရမယ်ဆိုတာကို သိကြောင်း ပြသခဲ့တယ်” ဟု ၎င်းကပြောသည်။
(New York Times သတင်း Syria Chooses a Parliament of Revolutionaries ကို ဘာသာပြန်သည်။)
You may also like these stories:
ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး ပြိုကွဲနိုင်ငံ ဆီးရီးယား ညီညွတ်ရေးရနိုင်မလား
အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ
ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ
မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ













