• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သဖန်းဆိပ်ဆည်ထဲက ရွှေဖောင်ပြဿနာ

by ဧရာဝတီ
13 October 2025
in ဆောင်းပါး
A A
သဖန်းဆိပ်ဆည်ထဲက ရွှေဖောင်ပြဿနာ

သဖန်းဆိပ်ရေလှောင်တမံ ( Nay Chi Thit ထံမှ ကူးယူဖော်ပြသည်)

1.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် လပိုင်းတွေက စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်က သဖန်းဆိပ်ရေလှောင်တမံမှာ ရွှေဖောင်တိုးလာ တဲ့အတွက် ဆည်ရေညစ်ညမ်းကာ မှီခိုအားထားနေရတဲ့ စိုက်ပျိုးရေးနဲ့ ရေသယံဇာတအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမယ့်အရေး ဒေသခံတွေက စိုးရိမ်တဲ့အတွက် ဆန္ဒပြတာတွေ ပြုလုပ်တာကိုတွေ့ရပါတယ်။

သဖန်းဆိပ်ဆည်ဟာ ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်တောင်ပိုင်းက စတင်စီးဆင်းလာတဲ့ မိုင် ၁၇၀ လောက်ရှည် တဲ့ မူးမြစ်ပေါ်က တာတမံတခုလို့ ဆိုရမှာဖြစ်ပြီး မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းနေတဲ့ မူးမြစ်ဟာ ရွှေဘို၊ စစ်ကိုင်း စတဲ့ခရိုင်တွေကို ဖြတ်ကာ မြင်းမူမြို့အနီးမှာ ဧရာဝတီမြစ်ထဲကို စီးဝင်ပါတယ်။

မူးမြစ်ဟာ အထက်မြန်မာပြည်ရဲ့ စပါးကျီလို့ ဆိုရမယ့် ရွှေဘိုဒေသရဲ့ စိုက်ပျိုရေးအတွက် အားထားရာတခု ဖြစ်ပြီး ရေဆင်း ဧရိယာဟာ ၃၄၆၀ စတုရန်းမိုင်ကျော်ရှိကာ တနှစ်စီးဝင်ရေ ဧကပေ ၃၅ သိန်းကျော်မှာ ဧကပေ ၂၉ သိန်း ခန့်ကို သိုလှောင် ထိန်းသိမ်းထားဖို့ သဖန်းဆိပ်ဆည်ကို ၁၉၉၆ ခုနှစ် စစ်အစိုးရလက်ထက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

မြေသားတမံအမျိုးအစားဖြစ်တဲ့ သဖန်းဆိပ်ဆည်ဟာ အလျား ၂၂၅၀၇ ပေ၊ အမြင့် ၁၀၈ ပေ၊ ရေပြင်ကျယ် ဧရိယာ ၁၀၆၂၀၀ ဧက ရှိကာ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်း စတဲ့ ၁၀ မြို့နယ်က စိုက်ဧကတွေကို ရေပေးနေပြီး မိုးစပါးစိုက်ဧက ၅ သိန်းနဲ့ နွေစပါး စိုက်ဧက ၃ သိန်းကျော် ရေပေးနေတဲ့ အပြင် ၁၀ မဂ္ဂါဝပ် ၃ လုံးဖြင့် မဂ္ဂါဝပ် ၃၀ ရှိ လျှပ်စစ်ထုတ်လုပ်ပေးနေပါတယ်။

လက်ရှိမှာတော့ သဖန်းဆိပ်ဆည်အနောက်ခြမ်းကို တော်လှန်ရေးတပ်တွေ၊ ဆည်အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်တွေက ထိန်းချုပ်ထားပြီး ဆည်အတွင်း ရွှေဖောင်တွေ ထောင်နဲ့ ချီပြီး လုပ်ကိုင်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေဖောင်ဆိုတာက စက်တပ်ရေယာဉ်တွေဖြစ်တဲ့ မော်တော်တွေ၊ ဖလက်ရှ်လို့ ခေါ်ကြတဲ့ ဝမ်းပြားသံခွံတွေကို ဖောင်သဖွယ် သုံးပြီး မုန်လို့ခေါ်တဲ့ အင်အားကောင်း စက်ကြီးတွေကို တင်ကာ တနေရာမှ တနေရာလှည့်လည်ပြီး ရေအောက်ကြမ်းပြင်က မြေသားကို အချင်း ၁ပေခွဲရှိ ပိုက်ကြီးတွေနဲ့ စုပ်ယူကာ ရလာတဲ့ မြေသား၊ နုန်း၊ သဲ၊ ကျောက် စတာတွေကို မျောစင်ပေါ် တင်ပြီး ရွှေကျင်ယူကြတဲ့ လုပ်ငန်းဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်အတွင်းက ရွှေဖောင်များ/ CJ

ဒီလို အားကောင်းတဲ့ စက်ကြီးတွေနဲ့ ရေအောက်ကြမ်းပြင်ကို စုပ်ယူတဲ့အတွက် ရေကျချိန်မှာ ကျင်းကြီးတွေ ပေါ်လာသလို မျှောတိုက် ရွှေထုတ်ယူတာကနေ ထွက်လာတဲ့ စွန်ပစ်သဲတွေဟာ နွေကာလ ဆည်ရေကျချိန် စိုက်ပျိုးမယ့် မိရိုးဖလာ တောင်သူတွေအတွက် အခက်ကြုံရတာကြောင့် သြဂုတ်လနှင့် စက်တင်ဘာလတွေက တော်လှန်ရေး အင်အားစုများ ထိန်းထားတဲ့ သဖန်းဆိပ်ဆည်အနောက်ခြမ်းက ပေကုန်း၊ နွားလည်ဘို့ ရွာခံတွေက ရွှေဖောင်တွေကို ဖယ်ရှားပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ရွှေဖောင်တွေက လယ်ကွက်၊ ယာကွက်တွေထဲ သဲတွေထိုးချလာရင် လယ်ပျက်သွားမှာ။ ကျမတို့က စိုက်ပျိုးရေးကို မှီနေကြရတာ။ ရွာတွေကို အုပ်ချုပ်နေသူတွေကလည်း အကွက်ရောင်း ရင် ပွဲခရတာပဲဆိုပြီး မှိန်းမနေသင့်ဘူး။ ဒီလိုသာ ရွှေဖောင်တွေ မတရားဆက်လုပ်နေဦးမယ်ဆိုရင် ရွာတွေ ရေရှည်စိုက်ပျိုး ရေးလုပ်စားဖို့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ကျမတို့ စိုက်ပျိုးတာတွေတင် မဟုတ်ဘူးနော်၊ သဘာဝပတ်ဝန်းကျင်လည်း ကြာရင်ထိခိုက်လာမှာ” လို့ ဆန္ဒပြခဲ့တဲ့ ပေကုန်းရွာသူတဦးက ပြောပါတယ်။

ငုပ်ကျင်းလို့ ဒေသကခေါ်တဲ့ ရွှေဖောင်အလုပ်ဟာ အနည်းဆုံး လူသုံး ၃ ဦးနဲ့ လုပ်ရသလို အလေးချိန် ပိဿာ ၂၀ ခန့် ရှိ အလေးကိုလွယ်ကာ ရေအောက်ကြမ်းပြင်ရောက်တဲ့အထိ ရေငုပ်ပြီး မြေစာတွေကို လေးလုံးထိုး၊ ရှစ်လုံးထိုး မုန်စုပ်စက် တွေနဲ့ စုပ်ကာ ရရှိလာတဲ့ မြေစာတွေကို ရွှေခံမြက်တုတွေ ခင်းထားသော မျှောစင်ပေါ်သွန်ချ၊ ရွှေရတဲ့အထိ ဆန်ကာ ချ စစ်ထုတ်ပြီး ပြဒါးနဲ့ ရွှေကို ဖမ်းယူရတာပါ။

သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းမှာ ဆည်ရေကျချိန်ကို အားကိုးစိုက်ပျိုးနေကြရတဲ့ ရွာ ၃၀ ထက်မနည်း ရှိပြီး၊ ရွှေဖောင် တွေဟာ စိုက်ပျိုးမြေတွေနားထိ လာရောက်လုပ်ကိုင်တာကြောင့် ဆန္ဒပြရတာဖြစ်သလို စစ်တပ်ထိန်းထားတဲ့ ဆည်အရှေ့ ခြမ်းမှာ အနောက်ခြမ်းထက် ရွှေဖောင်ပိုများပေမယ့် ဒေသခံတွေ ဆန္ဒမပြရဲဘူးလို့ သိရပါတယ်။

ကျွန်းလှမြို့ခံ တဦးကတော့ “ရွှေဖောင်တွေက အခုမှ ပေါ်လာတာမျိုးတော့ မဟုတ်ဘူး။ အာဏာမသိမ်းခင် ခေတ်ကောင်း စဉ်ကာလကတည်းက ရှိတယ်။ အဲဒီတုန်းက မီးရှို့နှိမ်နင်းတယ် မရဘူး ဆက်လုပ်တာပဲ၊ အခု ဆန္ဒပြခံရတဲ့နေရာတွေမှာ ရွှေ ဖောင် ၃၀၀ ကျော် လောက်ရှိတယ် အရင်ကျွန်းလှမြို့နယ်ထဲမှာ မလုပ်ဖို့ တားကြ ဖမ်းဆီးအရေးယူကြ လုပ်ပေမယ့် နောက် ပိုင်းမှာ NUG စစ်ဒေသက ကိုင်တော့ ကျနော်တို့မြို့နယ်က ဘာမှလုပ်လို့မရတော့ဘူး ဖြစ်နေတာပေါ့” လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်မှ အမှတ်(၁) စစ်ဒေသက ဇူလိုင်လမှာ ရွှေဖောင်တစင်း တလ ရွှေနှစ်ကျပ်သားအခွန် ကောက်ကာ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

ရွှေဖောင်လုပ်ငန်းများနှင့် နီးစပ်သူတဦးက “စစ်ဒေသကို တရားဝင်အခွန်တွေ ချလန်တွေနဲ့ လုပ်နေတာကို တရားမဝင်လို့ ပြောလို့ရသလား။ အခွန်က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စပေးရတာ။ အခွန်အနေနဲ့ စစ်ဒေသကို ရွှေ ဆယ်ပိဿာကျော် ရောက်နေပြီ။ လက်ရှိ ဆည်အနောက်ဘက်ခြမ်း အဆင်ပြေနေတာ ဒီဖောင်လုပ်ငန်းတွေကြောင့်ပါ။ ရွှေဖောင်တွေကနေ ရွာသားထောင်ချီ အလုပ်ပေးထားတယ်။ တကယ်လို့ ရွာလယ်ကွက်တွေ နွံရေဝင်လို့၊ သဲတွေဝင်လို့ မမောင်းစေချင်ရင် စစ်ဒေသကို တိုင်ကြပါလို့ပဲ ပြောချင်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမှတ်(၁)စစ်ဒေသကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာတော့ ရွှေဖောင်တစီးဟာ အနည်းဆုံးပေါက်ဈေး သိန်း ၁၅၀၀ ကနေ ၂၅၀၀ အထိ ရှိနေပြီး ကျေးရွာ အုပ်ချုပ်ရေး ပိုင်းတွေက ရွှေဖောင် အရောင်းအဝယ်မှာ ပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။

ဆည်ရဲ့ မူလရည်ရွယ်ချက်က စိုက်ပျိုးရေပေးဝေဖို့နဲ့ ရေဘေးကာကွယ်ဖို့ တည်ဆောက်ထားတာဖြစ်ပြီး ရွှေတူးတယ်ဆိုတာ က မြေဆီလွှာကို တူးဆွရတာ ဖြစ်လို့ မြေသားသွင်ပြင် ပျက်စီးစေသလို ရေလှောင်ကန်ရဲ့ မျက်နှာပြင်နဲ့ အောက်ခံမြေသား ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးက“ဆည်တွေထဲမှာ မုန်စုပ်စက်ကြီးတွေနဲ့စုပ်ပြီး သူတို့လိုချင်တဲ့ အပိုင်းယူ ကျန်တာတွေ တွန်းချဆိုတော့ ဆည်ကြီးတွေ ကောလာတယ်။ တဖက်က နုန်းထုတွေ တအားတက်လာ တော့ ဆည်ရဲ့ ရေရှည်ကြံ့ခိုင်မှုပြဿနာအပြင် မူလသတ်မှတ်ထားတဲ့ ရေသိုလှောင်နိုင်စွမ်းအားတွေကျလာတယ်၊ ဒါ့ကြောင့် မိုးရာသီလို အချိန်မှာ ဆည်ရေကျော်တာမျိုး၊ ဆည်ကျိုးဆည်ပေါက်တာမျိုးတွေ ဖြစ်ကုန်တယ်၊ ပြီးတော့ ဆည်အနီးဒေသ ထိခိုက်နစ်နာ မှုတွေအပြင် ဆည်အောက်ဘက်ဒေသတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်”လို ဆိုပါတယ်။

၂၀၁၇ တာတမံဥပဒေအရ ရေလှောင်တမံများ ဘေးကင်းလုံခြုံရေးနဲ့ ရေရှည်တည်တံ့ရေးကို အဓိကထား ကာကွယ်ထားပြီး တာတမံ (ဆည်) နယ်နိမိတ်အတွင်း မည်သူမျှ ခွင့်ပြုချက်မရှိဘဲ တာတမံ ခိုင်ခံ့မှုကို ထိခိုက်စေနိုင်မယ့် ရေစီးရေလာကို နှောင့်ယှက်နိုင်မယ့် ဘယ်လုပ်ငန်းကိုမျှ လုပ်ကိုင်ခွင့်မရှိပါဘူး။

ဒီလိုလုပ်တာဟာ တာတမံ ဘေးကင်းလုံခြုံမှုကို တိုက်ရိုက်ထိပါးရာရောက်သလို မည်သည့်ဆည် မည်သည့် ရေလှောင်ကန် ဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ သတ္တုတွင်းဥပဒေအရ သက်ဆိုင်ရာလိုင်စင်မရှိဘဲ နိုင်ငံပိုင် သယံဇာတကို တူးဖော်တာ ဟာ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာ ဆည်မြောင်းဌာနအနေနဲ့ လက်ပိုက် ကြည့်ရုံမှ တပါး အခြားမရှိလို့ သိရပါတယ်။

“ကိုယ်ကိုကိုယ် ဝန်ထမ်းလို့တောင် မပြောရဲတဲ့ အခုလိုကာလမှာ ဆည်မြောင်းကလည်း ဘယ်သွားတားရဲမလဲ၊ သဖန်းဆိပ် ဆည်ဆိုတာက မြန်မာနိုင်ငံမှာ အကြီးဆုံး ဒါပေမယ့် ဘယ်အာဏာပိုင်ကို အမှုဖွင့်ဖို့ ဘယ်သွားပြောရမလဲ၊ ခွင့်ပြု ပေးထား တဲ့ သူတွေကိုလည်း ကြည့်အုံး PDF တို့ စစ်တပ်တို့ဆိုတဲ့ လက်နက်ကိုင်တွေဆိုတော့ ပြီးပြီပေါ့” ဟု ဆည်မြောင်းဝန်ထမ်း တဦးက ပြောပါတယ်။

ရွှေဖောင်တွေဟာ ရေအောက်က မြေကြီးနဲ့ သဲနုန်းတွေကို အဓိက စုတ်ယူပြီး ရွှေကျင်တာဖြစ်လို့ ရေလှောင်ကန် အောက် ခြေမြေသားတွေကို နက်နက်ရှိုင်းရှိုင်း တူးဆွပစ်လိုက်တာကြောင့် ဆည်ကြမ်းပြင်ရဲ့ မူလမြေသားဖွဲ့စည်းပုံကို ပျက်စီးစေတဲ့ အတွက် အထူးသဖြင့် ဆည်တမံနဲ့ နီးတဲ့နေရာတွေမှာ တူးဆွမိရင် ရေတိုက်စားနှုန်းကို မြင့်စေသလို ရေအောက်မြေသား တည်ငြိမ်မှု (Stability) လျော့ကျပြီး ဆည်တမံရဲ့ ခံနိုင်ရည်ကိုပါ သွယ်ဝိုက်ထိခိုက် စေမှာဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်အတွင်းက ရွှေဖောင်များ/ CJ

“NLD အစိုးရလက်ထက်တုန်းကလည်း ဆည်ထဲက ရွှေဖောင်တွေကို ရှင်းလင်းတာမျိုးတွေ လုပ်ခဲ့ကြသေးတယ်၊ မရဘူး။ အဲဒါတွေက ထိန်းသိမ်းဖို့မလွယ်တော့ဘူး။ အရေးယူရှင်းလင်းပြီးသွားရင် သူတို့က ပြန်ထောင်ကျတာပဲ။ ရွှေဖောင်နဲ့ ပတ် သက်ပြီး ခေတ်ကောင်းစဉ်ကာလတုန်းကတောင် မတားဆီးနိုင်ခဲ့တာ အခုလို ခေတ်ပျက်ကာလကြီးမှာတော့ ထိန်းသိမ်း ဖို့က မလွယ်တော့တဲ့အချိန် ဖြစ်နေတာပေါ့” ဟု ကျွန်းလှမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဖောင်လုပ်ကွက်တွေကို မြစ်ချောင်း ဆည်တို့မှာ အခြေကျလုပ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်က လူမှုစီးပွားကို တိုက်ရိုက်ထိခိုက်စေသလို မြစ်ချောင်းတွေရဲ့ သယံဇာတ၊ ဂေဟစနစ်ကြီးတခုလုံးကိုသာမက ဆည်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ တည်ဆောက်ပုံကိုပါ ထိခိုက်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ရေအရည်အသွေးနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေပါတယ်။

ရွှေဖောင်ဆွဲတဲ့အခါ ရေအောက် မြေကြီးတွေကို လှုပ်ခါတူးဆွလိုက်တဲ့အတွက် နုန်းမြေ (Sediment) တွေဟာ ရေထဲမှာ လွင့်ပျံပါဝင်လာပြီး ရေကို နောက်ကျိစေကာ ရေလှောင်ပမာဏနဲ့ ရေအရည်အသွေးကို ကျဆင်းစေသလို တူးဆွစဉ် ပျက်စီး သွားတဲ့ နုန်းမြေအမှုန်အမွှားတွေဟာ ရေစီးကြောင်းနဲ့အတူ ပါသွားပြီး ဆည်ရဲ့ နက်ရှိုင်းတဲ့ အစိတ်အပိုင်းတွေမှာ ပြန်လည် စုပုံ (Siltation) နိုင်တဲ့အတွက် ဒါက ဆည်ရဲ့ ရေသိုလှောင်နိုင်တဲ့ ပမာဏကို ရေရှည်မှာ ကျဆင်းစေနိုင်ပါတယ်။

ဒေသခံ တောင်သူတဦးကတော့ “ရွှေဖောင်တွေကြောင့် ဆည်ရေသန့်ရှင်းမှု အတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာ မသိနိုင်ပေမယ့် ကြည်စိမ်းနေရာကနေ အခုဆို ရေထွက်မြောင်းတွေမှာကို ရေကတော်တော်နောက်နေပြီ။ ဆည်ထဲမှာဆိုရင် သဘာဝ ငါး၊ ပုဇွန်တွေ မရှိတော့ဘူး။ တော်တော်ကြီး ရှားပါးသွားပြီ။ အရင်က နွေစပါး ၇၀ လောက်ထိ ထွက်ခဲ့တာမှာ အခု နောက်ပိုင်း ၅၀/ ၆၀ လောက်ဆိုရင်ကို အတော်ရတဲ့အနေအထားမျိုး ဖြစ်နေပြီ။ အချိန်မီ မထိန်းသိမ်းနိုင်ရင် ဆည်ရေဝင် တာ နည်းသွားနိုင်တဲ့ အပြင် တဖြည်းဖြည်းနဲ့ ကောသွားနိုင်တယ်” လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ သတ္တတူးဖော်ရေးကဏ္ဍကို အများဆုံးလွှမ်းမိုးထားတာက တနိုင်တပိုင် အသေးစား ရွှေတူးရွှေထုတ် လုပ်ငန်းတွေသာဖြစ်ပြီး ရွှေနဲ့ အခြားသတ္တုတွေ သန့်စင်ရာမှာ စနစ်တကျလုပ်ဆောင်တာ အားနည်းတဲ့အတွက် အဆိပ် အတောက်ဖြစ်စေတဲ့ ဓာတုဓာတ်တွေဟာ သဘာဝပတ်ဝန်းကျင်ထဲ စီးဝင်နေတာကြောင့် သက်ရှိတို့ရဲ့ ကျန်းမာရေး အသက်ရှင်နေထိုင်ရေးကအစ သဘာ၀၀န်းကျင်ကိုပါ ပြင်းထန်တဲ့ ထိခိုက်မှုတွေဖြစ်ပေါ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်ထဲက ရွှေဖောင်တွေဟာလည်း တူးဖော်ရရှိတဲ့ ရွှေမှုန်တွေကို ဖမ်းယူဖို့ ပြဒါး (Mercury) ဒါမှမဟုတ် ဆိုင်ယာနိုက်လို အခြားဓာတုပစ္စည်းတွေ သုံးတယ်ဆိုရင် ဒီအဆိပ်အတောက်တွေဟာ ဆည်ရေထဲရောက်သွားပြီး ရေအရည်အသွေးနဲ့ ဇီဝစနစ်တခုလုံးကို အကြီးအကျယ်ပျက်စီးကာ သောက်သုံးရေ၊ စိုက်ပျိုးရေနဲ့ ရေနေသတ္တဝါများ (ငါး၊ ပုစွန်)ကို ထိခိုက်မှာ အသေအချာပါပဲ။

လက်ရှိမှာတော မြန်မာနိုင်ငံမှာ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) အရ တရားဝင်တားမြစ်ထားပေမယ့် ပြဒါးနဲ့ ဆိုင်ယာနိုက်လို အန္တရာယ်ရှိသော ဓာတုပစ္စည်းတွေကို အိမ်နီးချင်း နိုင်ငံတွေက တင်သွင်းပြီး ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများမှာ သုံးနေတာကို တွေ့နေရဆဲပါ။

ပြဒါးဆိုတာက အလွန်အဆိပ်သင့်စေနိုင်တဲ့ အရာဖြစ်ပြီး ပတ်ဝန်းကျင်ကို စွန့်ထုတ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူထု ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သလို သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေက ပြဒါးယိုဖိတ်မှုကြောင့် ငါးတွေသေဆုံးတာ သောက်သုံးရေတွေထဲ ပျော်ဝင်ညစ်ညမ်းစေတာ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးတာ အဓိကဖြစ်ပေါ်စေပါတယ်။

ရွှေကျင်ရာမှာလည်း ရွှေနဲ့ပြဒါး ရောထားတဲ့ အမာဂမ် (Amalgam) ကို အပူပေးလိုက်ရင် ပြဒါးဟာ အငွေ့ပျံပြီး လေထုထဲ ရောက်သွားမှာဖြစ်သလို မသုံးဘဲ စွန့်ပစ်လိုက်တဲ့ ပြဒါးအကြွင်းအကျန်(Elemental Mercury) တွေကလည်း ရေအောက် နုန်းမြေထဲကို ရောက်သွားရင် ဘက်တီးရီးယားတွေကြောင့် မီသိုင်းပြဒါး (Methylmercury) ဆိုတဲ့ အဆိပ်ပြင်းတဲ့ ဓာတု ဒြပ်ပေါင်းအဖြစ် ပြောင်းသွားကာ ရေမှာ အလွယ်တကူပျော်ဝင်ပြီး ဇီဝစနစ်ထဲ ဝင်ရောက်သွားမှာပါ။

အလွန်အဆိပ်ပြင်းတဲ့ မီသိုင်းပြဒါးဟာ ရေနေသတ္တဝါငယ်တွေကတဆင့် သူတို့ကို စားတဲ့ ငါးကြီးတွေဆီကို ကူးသွားပြီး အစားကွင်းဆက်တလျှောက်လုံး စားသုံးမှု ပိုကြီးလာလေလေ၊ ခန္ဓာကိုယ်ထဲမှာ ပြဒါးပမာဏ စုဆောင်းမိ လာလေလေ ဆိုတဲ့ Bioaccumulation (ဇီဝစုဆောင်းမှု)ဖြစ်လာမှာပါ။

ဒါကြောင့် ဆည်ထဲက ငါးတွေ၊ ပုစွန်တွေမှာ ပြဒါးပမာဏ အန္တရာယ်ရှိတဲ့အဆင့်အထိ စုဆောင်းမိနေနိုင်ပြီး ဒီငါးတွေကို လူတွေက စားသုံးတဲ့အခါ ပြဒါးအဆိပ်သင့်မှုက လူသားတွေဆီကိုပါ ရောက်ရှိလာပါတယ်။

ပြဒါးအဆိပ်သင့်တယ်ဆိုရင်ပဲ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်မယ်၊ လက်တုန်တာ၊ အမြင်အာရုံ၊ အကြားအာရုံနဲ့ လှုပ်ရှားမှုဆိုင်ရာ ပြဿနာတွေ ပေါ်လာမယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေ ပြဒါးပါဝင်တဲ့ ငါးကို စားမိရင် သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီး မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ပေါ်စေနိုင်ကာ ကျောက်ကပ်နဲ့ အခြား ကိုယ်တွင်း အင်္ဂါများပျက်စီးပြီး နာတာရှည် ကျန်းမာရေးပြဿနာများ ဖြစ်စေပါတယ်။

၂၀၁၉ ခုနှစ်က ရေအဝင်နည်း၍ ဆည်ရေကျချိန် ပေါ်လာသည့် ကျွန်းလှမြို့ဟောင်း (ဧရာဝတီ)

ထို့အတူပဲ ဆည်ရေကို သောက်သုံးတဲ့ တိရစ္ဆာန်တွေ ပြဒါးအဆိပ်သင့်နိုင်သလို ဆည်ရေသောက် စိုက်ပျိုးမြေတွေဟာ လည်း ပြဒါးဓာတ်တွေ စုပုံလာပြီး ရေရှည်မှာ သီးနှံတွေရဲ့ အမြစ်ကတဆင့် ပြဒါးပါဝင်လာကာ သီးနှံကြီးထွားမှုကို နှောင့်ယှက်တာ အထွက်နှုန်း ကျဆင်းစေတာတွေ ဖြစ်စေနိုင်ပါတယ်။

တိရစ္ဆာန်တွေဆိုလည်း မမာမကျန်းဖြစ်တာ သားပေါက်နှုန်း ကျဆင်းတာ အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေမှာပါ။

လက်ရှိမှာတော့ ပြဒါးအဆိပ်သင့်မသင့် ဆည်ရေ ညစ်ညမ်းမှု ရှိမရှိဆိုတာ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကမှ တိုင်းတာစစ်ဆေး စောင့်ကြည့်တာမျိုး လုပ်နိုင်တဲ့အခြေအနေမရှိပါဘူး။

သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်၊ ချောင်း တွေ ဆည်တွေမှာ ရွှေဖောင်၊ ရွှေမျော၊ ရွှေချက်လုပ် ရှာဖွေတာတွေ များပြားလာတဲ့အတွက် ရေစီးလမ်းကြောင်းပြောင်းလာ သလို ကမ်းပြိုတာ၊ ရေကြီးရေလျှံတာ ရေမှာ ဓာတုအဆိပ်အတောက်တွေ ပါဝင်တာစတဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုများစွာ ဖြစ်ပေါ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

ဆည်မြောင်းပညာရပ်နဲ့ပတ်သက်ပြီး ပြည်ပမှာ လေ့လာလာတဲ့ ကိုလင်းဒီကတော့ “မြန်မာနိုင်ငံက အကြီးဆုံးဆည်မှာ ဖြစ်နေတဲ့ အဆိုးဆုံးကိစ္စပါ သဖန်းဆိပ်ဆည် ရေဝင်မှာ တော်‌တော်ဆိုးနေပြီ အရင်က ရေသိုလှောင် ဧက ၂၈. ၈သိန်း ရှိပေမယ့် ၂၀၁၅ မှာ ၂၈ သိန်းပဲ ရှိတော့တယ်၊ အခုဆို ပိုလျော့နေလောက်ပြီ နယ်မြေက အကျယ်ကြီး၊ မျောတိုက်တဲ့ မြေက အများကြီး၊ ဒီပြဿနာဟာ ဒေသတွင်း ကျန်းမာရေးနှင့် စီးပွားရေးအပေါ် ကြီးမားသော သက်ရောက်မှုတွေ ရှိနေတဲ့အတွက် စနစ်တကျ တားဆီးကာကွယ်ရန် အရေးတကြီး လိုအပ်ပါတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

သဖန်းဆိပ် ရေလှောင်တမံကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ပြီးစီးခဲ့ကာ ဆည် တည်ဆောက် ရေးအတွက် ကျွန်းလှမြို့ဟောင်း အပါအဝင် ကျေးရွာပေါင်း ၇၃ ရွာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
60
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
330
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.3k

“This story was produced with support of the Internews Earth Journalism Network.”

You may also like these stories:

စစ်ပွဲသာမက သဘာ၀၀န်းကျင်ပျက်စီးမှု အကျိုးဆက် ပြည်သူတို့ ခံစားနေရ

သဘာဝဝန်းကျင် သစ်တောသစ်ပင်ထိန်းသူတို့အား ကာကွယ်ဖို့လို

ငလျင် ၄ လကျော်ပေမယ့် ရုန်းမထနိုင်သေးသည့် ဘဝများ

မုတ်သုံအစ မိုးများ၍ အညာတောင်သူတို့ သီးနှံစိုက်ခင်းများ ပျက်စီး

လွမ်းမောဖွယ် ကျွန်းလှမြို့ဟောင်း

Your Thoughts …
Tags: ကျွန်းလှမြို့နယ်ရွှေဖောင်သဖန်းဆိပ်ရေလှောင်တမံသဘာဝပတ်ဝန်းကျင်အမှတ်(၁) စစ်ဒေသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

by ဇုန်းရိန်
27 August 2025
6.4k

ယနေ့ ပြည်သူလူထုအားလုံး ဆိုင်ရင် ကြုံတွေ့ ခံစားနေကြရသည် ဒုက္ခအမျိုးမျိုးတို့သည်လည်း ထို “ရွှေတောင်ကြားလမ်း ရောဂါ” ၏ နောက်ဆက်တွဲ ပြဿနာကြောင့်ဟု ဆိုနိုင်ပါသည်။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.3k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

by Pracha Burapavithi
31 May 2025
4k

ဝနီများသည် လုံခြုံရေး စိန်ခေါ်မှုကိုသာမက အများပြည်သူ ကျန်းမာရေး ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေသည်။

Next Post
အမေရိကန်-တရုတ် အကွဲအပြဲမှာ အရှေ့တောင်အာရှ ကြားညပ်

အမေရိကန်-တရုတ် အကွဲအပြဲမှာ အရှေ့တောင်အာရှ ကြားညပ်

အမေရိကန်မြို့ကြီးများတွင် အမျိုးသားအစောင့်တပ်များ ထရမ့် ဘာကြောင့်ချထားသနည်း

အမေရိကန်မြို့ကြီးများတွင် အမျိုးသားအစောင့်တပ်များ ထရမ့် ဘာကြောင့်ချထားသနည်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved