သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်မြို့ကြီးအများအပြားသို့ အမျိုးသားအစောင့်တပ်များ ဖြန့်ကြက်ခြင်းကို ဒေသဆိုင်ရာနှင့် ပြည်နယ်အရာရှိများက ဥပဒေအရ စိန်ခေါ်မှုများ ပြုလုပ်သည်။
ဒီမိုကရက်တစ်ထိန်းချုပ် မြို့ကြီးများတွင် အကြမ်းဖက်မှုနှိမ်နင်းရန်၊ ရာဇဝတ်မှုဖြိုခွဲရန်နှင့် သူ၏ ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်များကို အထောက်အကူပြုရန် စစ်တပ်ကို အသုံးပြုရန် လိုသည်ဟု သမ္မတ ထရမ့်က ပြောသည်။
သမ္မတ ထရမ့်သည် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အများအပြားနှင့် ထိပ်တိုက်တွေ့နေသည်။ ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများက သမ္မတ ထရမ့်၏ အားထုတ်မှုများကို ဆန့်ကျင်ကာ တပ်များဖြန့်ကြက်ရန် မလိုကြောင်းနှင့် တင်းမာမှုမြင့်မားစေမည့် အန္တရာယ်ရှိကြောင်း ပြောကြသည်။ အီလီနွိုက်နှင့် အော်ရီဂွန်တွင် တရားစွဲဆိုမှုများ ပြုလုပ်သည်။
သမ္မတ ထရမ့်သည် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အများအပြားနှင့် ထိပ်တိုက်တွေ့နေသည်။ ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများက သမ္မတ ထရမ့်၏ အားထုတ်မှုများကို ဆန့်ကျင်ကာ တပ်များဖြန့်ကြက်ရန် မလိုကြောင်းနှင့် တင်းမာမှုမြင့်မားစေမည့် အန္တရာယ်ရှိကြောင်း ပြောကြသည်။ အီလီနွိုက်နှင့် အော်ရီဂွန်တွင် တရားစွဲဆိုမှုများ ပြုလုပ်သည်။
ဥပဒေရေးရာတိုက်ပွဲ ဆက်လက်ဖြစ်နေသောကြေင့် အောက်ပါ သိကောင်းစရာများကို ဖော်ပြလိုက်ပါသည်။
အမျိုးသားအစောင့်တပ်များ မည်သူဖြစ်ပြီး မည်သူက ကြီးကြပ်သနည်း
ထုံးစံအားဖြင့် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အလွန်ကြီးမားသည့် ဆန္ဒပြပွဲများကဲ့သို့သော အဓိကပြဿနာများကို တုံ့ပြန်သည့် အမျိုးသားအစောင့်တပ်များသည် ပြည်နယ်အခြေစိုက်တပ်များ အဓိက ပါဝင်သည်။

ပြည်နယ် ၅၀ လုံး၊ ကိုလံဘီယာခရိုင်နှင့် ဂူအန်၊ ပေါ်တိုရီကိုဒေသများနှင့် ဗာဂျင်ကျွန်းစုများတွင် ၎င်းတို့၏ သီးခြား အမျိုးသားအစောင့်တပ်များ ရှိသည်။ ထိုတပ်များကို ပြည်ပတွင်လည်း ဖြန့်ကြက်နိုင်ပြီး တပ်ဖွဲ့အချို့သည် တောမီးငြိမ်းသတ်ခြင်းနှင့် နယ်စပ်လုံခြုံရေးကို အထူးပြုသည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ကာကွယ်ရေးဝန်ကြီးလက်အောက်မှဖြစ်ပြီး အချို့သော အခြေအနေများတွင် ဖက်ဒရယ်ပြည်ထောင်စုအတွက် အသုံးပြုရန် သို့မဟုတ် သမ္မတ၏ ထိန်းချုပ်မှုအောက်တွင် ထားနိုင်သည်။ သို့သော် ထိုတပ်ဖွဲ့၏ အကူအညီကို တောင်းဆိုမှုသည် ပြည်နယ်အဆင့်မှ စတင်သည်။
ထိုသို့သော အခြေအနေများတွင် ပြည်နယ်တခု၏ အုပ်ချုပ်ရေးမှူးသည် အရေးပေါ်အခြေအနေအတွင်း အမျိုးသားအစောင့်တပ်များကို တပ်လှန့်ပြီး သမ္မတ သို့မဟုတ် အခြားပြည်နယ်များထံမှ အကူအညီ တောင်းခံနိုင်သည်။
အမျိုးသားအစောင့်တပ်များတွင် အာဏာ အကန့်အသတ်ဖြင့်သာ ရှိသည်။ ၎င်းတို့သည် ဥပဒေ အကောင်အထည် မဖော်နိုင်သလို ဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းနှင့် ရှာဖွေခြင်း မလုပ်ပေ။ ဥပဒေက စစ်တပ်ကို ပြည်တွင်းကိစ္စများတွင် သုံးရန် ဖက်ဒရယ်အစိုးရကို ကန့်သတ်ထားသည်။
အမျိုးသားအစောင့်တပ်များတွင် အာဏာ အကန့်အသတ်ဖြင့်သာ ရှိသည်။ ၎င်းတို့သည် ဥပဒေ အကောင်အထည် မဖော်နိုင်သလို ဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းနှင့် ရှာဖွေခြင်း မလုပ်ပေ။ ဥပဒေက စစ်တပ်ကို ပြည်တွင်းကိစ္စများတွင် သုံးရန် ဖက်ဒရယ်အစိုးရကို ကန့်သတ်ထားသည်။
အမျိုးသား အစောင့်တပ်ကို အမေရိကန်မြို့ကြီးများတွင် သုံးရန် ထရမ့် မည်သို့ကြိုးစားနေသနည်း
ယခုအခါ သမ္မတ ထရမ့်သည် ပြည်နယ်တခုမှ အမျိုးသားအစောင့်တပ်များကို အခြားပြည်နယ်တခုသို့ စေလွှတ်ရန် အားထုတ်မှုများ အပါအဝင် အမျိုးသားအစောင့်တပ်များကို ဖြန့်ကြက်သည့် လုပ်ငန်းစဉ်အား မလိုက်နာသည်မှာ အကြိမ်များစွာရှိပြီဖြစ်သည်။
ဇွန်လတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆွမ်က ကန့်ကွက်သော်လည်း လော့စ်အိန်ဂျယ်လိစ်မှ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှု ဆန္ဒပြပွဲများအား တုံ့ပြန်ရန် ကယ်လီဖိုးနီးယားမှ အမျိုးသားအစောင့်တပ်ကို သမ္မတ ထရမ့်က ထိန်းချုပ်လိုက်သည်။
ကယ်လီဖိုးနီးယားက ထရမ့်အစိုးရကို အမှု နှစ်ခုဖြင့် တရားစွဲထားသည်။ ထိုအမှုများအနက် တခုမှာ သမ္မတ ထရမ့်က အမျိုးသားအစောင့်တပ်ကို ထိန်းချုပ်ခြင်းအား စိန်ခေါ်ခြင်းဖြစ်သော်လည်း အယူခံတရားရုံးတခုက ထရမ့် အလိုကျ ဆုံးဖြတ်ထားသည်။
ဒုတိယအမှုတွင် ဖက်ဒရယ်တရားရုံးတခုက လော့စ်အိန်ဂျယ်လိစ်တွင် အမျိုးသားအစောင့်တပ်ကို ထရမ့်အသုံးပြုခြင်းသည် ပေါ့စီ ကွမ်မစ်တာတပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆုံးဖြတ်သည်။
နွေရာသီတွင် “လုံးဝ ဥပဒေကင်းမဲ့သော အခြေအနေ” ဟု သမ္မတ ထရမ့်ခေါ်သည့် အခြေအနေကို တုံ့ပြန်ရန် အမျိုးသားအစောင့်တပ် ရာပေါင်းများစွာကို ဝါရှင်တန် ဒီစီသို့ စေလွှတ်လိုက်သည်။ အိုးအိမ်မဲ့ခြင်းနှင့် ရာဇဝတ်မှုနှုန်းများကြောင့် ထိုသို့လုပ်ရန် လိုအပ်သည်ဟု သမ္မတ ထရမ့်က ပြောသည်။
လူဝင်မှုကြီးကြပ်ရေး ဆန္ဒပြပွဲများ ဖြစ်ပြီးနောက် အထူးသဖြင့် ဖမ်းဆီးထိန်းသိမ်းရေးစခန်းများ ပြင်ပမှ ဆန္ဒပြပွဲများအပြီးတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၃၀၀ ကို ချီကာဂိုတွင် ဖြန့်ကြက်ရန် သမ္မတ ထရမ့်က ခွင့်ပြုလိုက်သည်။
ဒီမိုကရက်တစ် အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇကာက ထရမ့်သည် အကျပ်အတည်း ဖန်တီးရန် ကြိုးစားနေသည်ဟု စွပ်စွဲပြီး သီးခြားအမှုဖြင့် တရားစွဲဆိုသည်။

သမ္မတ ထရမ့်သည် အခြားပြည်နယ်များမှ အမျိုးသားအစောင့်တပ်များကို အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်းတွင် ဖြန့်ကြက်ရန် ကြိုးစားပြီး ဖက်ဒရယ်တရားသူကြီးတဦးက သူ့ကို ယာယီပိတ်ပင်ထားသည်။
အမျိုးသားအစောင်တပ်များ ဖြန့်ကြက်ရန် မည်သည့် ဥပဒေအခြေခံကို ထရမ့် သုံးသနည်း
လူသိနည်းသော အမေရိကန် စစ်ဥပဒေပြဋ္ဌာန်းချက်တခုတွင် သမ္မတက အမျိုးသားအစောင့်တပ်ကို သူ့သဘောဖြင့်သူ ဖြန့်ကြက်ရန် ခွင့်ပြုသည်။ လက်ရှိအချိန်အထိ သမ္မတများသည် ထိုဥပဒေပြဋ္ဌာန်းချက်ကို သုံးခဲလှသည်။
အမေရိကန် ပြည်ထောင်စု ကျူးကျော်ခံရပါက၊ ပြည်ပနိုင်ငံတခုက ကျူးကျော်မည့်အန္တရာယ် ကျရောက်ပါက၊ အမေရိကန်အစိုးရကို ပုန်ကန်မှုဖြစ်ပါက၊ ပုန်ကန်မည့်အန္တရာယ်ရှိပါက မည်သည့်ပြည်နယ်မဆိုမှ အမျိုးသားအစောင့်တပ်များကို ခေါ်ယူရန် အမေရိကန်ဥပဒေက သမ္မတကို ခွင့်ပြုသည်။
အမေရိကန် ပြည်ထောင်စု ကျူးကျော်ခံရပါက၊ ပြည်ပနိုင်ငံတခုက ကျူးကျော်မည့်အန္တရာယ် ကျရောက်ပါက၊ အမေရိကန်အစိုးရကို ပုန်ကန်မှုဖြစ်ပါက၊ ပုန်ကန်မည့်အန္တရာယ်ရှိပါက မည်သည့်ပြည်နယ်မဆိုမှ အမျိုးသားအစောင့်တပ်များကို ခေါ်ယူရန် အမေရိကန်ဥပဒေက သမ္မတကို ခွင့်ပြုသည်။
သမ္မတ ထရမ့်သည် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အကောင်အထည်ဖော်ရေး (ICE) ၏ စီးနင်းမှုများကို အထောက်အကူပြုရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ ကို သူ့ထိန်းချုပ်မှုအောက်သို့ ဇွန်လတွင် သွတ်သွင်းရန် ထိုဥပဒေကို အသုံးပြုသည်။
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကလည်း အော်ရီဂွန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀ ကို ဖက်ဒရယ်တာဝန် ထမ်းဆောင်ရန် စက်တင်ဘာလ ၂၈ ရက်နေ့က ခေါ်ယူစဉ်ကလည်း ထိုဥပဒေကို ကိုးကားသည်။
“ဒီကိစ္စကိုလုပ်ဖို့ သမ္မတရဲ့ တရားဝင်လုပ်ပိုင်ခွင့်ကို ကျမတို့ အရမ်းယုံကြည်မှုရှိတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်း လိဗစ်က သတင်းထောက်များကို အောက်တိုဘာလ ၆ ရက်နေ့တွင် ပြောသည်။ “ဒီဥပဒေရဲ့ ထိုက်တန်မှုနဲ့ ကျမတို့နိုင်မယ်လို့ ကျမတို့ အရမ်းယုံကြည်တယ်” ဟု ၎င်းကပြောသည်။
ပေါ့တလန်းတွင် ထရမ့်က အမျိုးသားအစောင့်တပ်ကို မည်သည့်အတွက် အသုံးပြုလိုသနည်း
အောက်တိုဘာလ အစောပိုင်းက ပေါ့တလန်းမှ ICE အဆောက်အအုံတခုအနီးတွင် ဆန္ဒပြပွဲများ ဖြစ်ပြီးနောက် သမ္မတ ထရမ့်သည် ဆန္ဒပြပွဲများကို တုံ့ပြန်ရန်အတွက် အမျိုးသားအစောင့်တပ်များကို အသုံးပြုရန် ကြိုးစားပြန်သည်။

ဇာတိမြေ လုံခြုံရေးဌာန (DHS) နှင့် အကောက်ခွန်နှင့် နယ်စပ်ကင်းလှည့်ဌာန (CBP) အပါအဝင် ဖက်ဒရယ်အရာရှိများနှင့် ထရမ့်၏ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခြင်းကို ဆန့်ကျင်သူများ ပဋိပက္ခဖြစ်ကြသည်။
ထိုမြို့သည် မီးလောင်နေပြီဟု သမ္မတ ထရမ့်က ပြောသော်လည်း ဒီမိုကရက်တစ်တဦးဖြစ်သူ အော်ရီဂွန်ပြည်နယ်အုပ်ချုပ်ရေးမှူး တီနာ ကိုတက်ခ်က “ပေါ့တလန်းမှာ ပုန်ကန်မှု မရှိဘူး၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု မရှိဘူး” ဟု ပြောသည်။
ထရမ့်အစိုးရသည် ဆန္ဒပွဲများကို တုံ့ပြန်ရန် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀ ကို အိမ်နီးချင်း အော်ရီဂွန်သို့ ပို့ရန် လုပ်ဆောင်သည်။ သို့သော် ထရမ့်က သူ၏ ပထမအကြိမ် ရာထူးသက်တမ်းအတွင်း ခန့်အပ်ခဲ့သည့် အမေရိကန် ခရိုင်တရားသူကြီး ကာရင် အမ်မာဂတ်က ထိုကိစ္စကို ယာယီပိတ်ပင်ထားသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် တရားသူကြီး အမ်မာဂတ်က အော်ရီဂွန် အမျိုးသားအစောင့်တပ်ကို ဖက်ဒရယ်အစိုးရက အသုံးပြုခြင်းအား ပိတ်ပင်ခဲ့သည်။ “ဒီနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံဖြစ်တယ်။ စစ်ဥပဒေနိုင်ငံ မဟုတ်ဘူး” ဟု သူ၏ စီရင်ချက်တွင် ရေးသားသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် တရားသူကြီး အမ်မာဂတ်က အော်ရီဂွန် အမျိုးသားအစောင့်တပ်ကို ဖက်ဒရယ်အစိုးရက အသုံးပြုခြင်းအား ပိတ်ပင်ခဲ့သည်။ “ဒီနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံဖြစ်တယ်။ စစ်ဥပဒေနိုင်ငံ မဟုတ်ဘူး” ဟု သူ၏ စီရင်ချက်တွင် ရေးသားသည်။ နောက်တနေ့တွင် ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ကို ပေါ့တလန်းတွင် ဖြန့်ကြက်သည့် သမ္မတ ထရမ့်၏ အမိန့်ကို ထိန်းချုပ်ကန့်သတ်သည့် ယာယီအမိန့် ထုတ်ပြန်သည်။
ထရမ့်အစိုးရက အယူခံဝင်မည်ဟု မျှော်လင့်ရသည်။
(BBC ပါ Kayla Epstein ၏ Why is Trump trying to deploy the National Guard to US cities? ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန်အစိုးရလုပ်ငန်း ပြန်စနိုင်ရေး မဲခွဲမှု မအောင်မြင်
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး
ထရမ့်နှင့် ဟားဗတ် ရန်ပွဲက အမေရိကန် ဂုဏ်သတင်းကို ထိခိုက်စေသည်
ချာလီခါ့ သေဆုံးခြင်းအပေါ် အမေရိကန်များ အကြီးအကျယ် သဘောထားကွဲ














