• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာသည် မိုဘိုင်းလ်သက်သက် ကြော်ငြာဈေးကွက် ဖြစ်လာမည်

by ဒေးဗစ်မာဖီ
9 July 2016
in စီးပွားရေး
A A
စီးပွားရေး

မိုဘိုင်းအခြေပြုကြော်ငြာဈေးကွက်က မြန်မာပြည်တွင် ကြီးထွားလာနေသည် (ဓာတ်ပုံ - Reuters)

3.7k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံ အခြေစိုက် ဈေးကွက်သုတေသန လုပ်ငန်းတခု ဖြစ်သည့် Millward Brown က မြန်မာနိုင်ငံနှင့် ပတ် သက်၍ ပထမဆုံးဖြစ်သည့် Spotlight on Myanmar အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အင်္ဂလန်နိုင်ငံ အခြေစိုက် ကြော်ငြာလုပ်ငန်းတခု ဖြစ်သည့် WPP ၏ လုပ်ငန်းခွဲတခု ဖြစ်သည့် Millward Brown ၏ အစီရင်ခံစာတွင် ကမ္ဘာပေါ်တွင် အလျှင်မြန်ဆုံး တိုးတက်နေသည့် စီးပွားရေးဟု သတ်မှတ်ကြသည့် မြန်မာနိုင်ငံမှ အရေးပါသည့် စီးပွားရေးလုပ်ငန်းများအပေါ် သုံးသပ်ချက်အမြင်များကို ဖော်ပြထားပြီး မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်းသော စားသုံးသူများ၏ စိတ်သဘောထား ပြောင်းလဲဖြစ်တည်လာမှုကိုလည်း တွေ့ရမည် ဖြစ်သည်။

အစီရင်ခံစာက မြန်မာသည် ကမ္ဘာ့ ပထမဆုံး မိုဘိုင်းလ်သက်သက် ဈေးကွက်ဖြစ်လာမည်ဟု သုံးသပ်ခဲ့သည်။ စားသုံးသူများက သတင်းအချက်အလက်ရှာဖွေရေးနှင့် ဖျော်ဖြေရေးအတွက် မိုဘိုင်းဖုန်းကို အသုံးပြုမှုများ တိုးလာနေသည်။ ရုပ်မြင်သံကြားက အရေးပါဆဲ ဖြစ်သော်လည်း ကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံကို မိုဘိုင်းဖုန်း ဦးစားပေးသည့် ဈေးကွက်တခုအနေဖြင့်သာမက မိုဘိုင်းဖုန်းသက်သက် အခြေပြုသည့် ဈေးကွက်တခုအဖြစ် သဘောထားရန် လိုအပ်သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ဒေသတွင်း ကုန်အမှတ်တံဆိပ်များက နိုင်ငံခြားမှ ဝင်ရောက်လာသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးလာခါစ မြန်မာဈေးကွက်တွင် Apple က ကွဲပြားမှုအရှိဆုံး အမှတ်တံဆိပ်တခု ဖြစ်လာခဲ့သည်။ ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်း MPT က လူသုံးအများဆုံး အမှတ်တံဆိပ်ဖြစ်နေချိန်တွင် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာ Telenor ကလည်း ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခါစ ဖြစ်သည့်တိုင် တီထွင်ဆန်းသစ်မှုများကြောင့် အသိအမှတ်ပြုခံခဲ့ရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

မြန်မာနိုင်ငံ၏ လျှင်မြန်သော ပြောင်းလဲခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း နည်းပညာနှင့် အခြေခံ အဆောက်အဦ တိုးတက်မှုများ၏ တွန်းအားကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့် သက်ရောက်မှုများအတွက် အသင့်ဖြစ်အောင် ပြင်ဆင်ထားကြရန် လိုအပ်လာသည်။

မြန်မာနိုင်ငံသည် ခုန်ပျံကျော်လွှား တိုးတက်မှု၏ တစိတ်တပိုင်းအနေဖြင့် ကမ္ဘာပေါ်တွင် စမတ်ဖုန်းဆီသို့ တိုက်ရိုက်ကူးသွားသည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ မိုဘိုင်းဖုန်း ဝင်ရောက်ထိုးဖောက်မှု သုညနီးပါး အနေအထားမှ နှစ်အနည်းငယ်အတွင်း ၅၀ ရာခိုင်နှုန်း နီးပါးသို့ မြင့်တက်သွားခြင်း အပါအဝင် အဓိကကျသည့် ပြောင်းလဲမှုများက ဈေးကွက်မြှင့်တင်ရေးနှင့် ကုန်အမှတ်တံဆိပ်များ အပေါ်သက်ရောက်မှုဖြစ်စေခဲ့သည်။ လက်လီ အရောင်းမှသည် ဘဏ်လုပ်ငန်း၊ လူမှုဆက်သွယ်ရေးများအထိ ဒီဂျစ်တယ် မျိုးဆက်သစ်တခု ကြီးထွားလာမှုကို နည်းပညာက လမ်းပြသွားဖွယ် ရှိသည်ဟု Millward Brown ၏ လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

Spotlight on Myanmar အစီရင်ခံစာတွင် ကော်ဖီနှင့် အအေးကဲ့သို့ ပစ္စည်းများ ဝယ်ယူခြင်းကဲ့သို့ နေ့စဉ် ပြုလုပ်သည့် ဆုံးဖြတ်ချက်များကို အခြေခံထားသည့်အပြင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုနှင့် ဟန်းဆက်ကဲ့သို့ ရေရှည်သုံးစွဲရမည့်အရာများ ဝယ်ယူရာတွင် ချမှတ်သည့် ဆုံးဖြတ်ချက်များလည်း ပါဝင်သည်။ လေ့လာမှုအရ အထိရောက်ဆုံးသော သတင်းစကားများသည် သူတို့၏ ထုတ်ကုန်နှင့် သုံးစွဲသူက ခံစားနိုင်သည့် အကျိုးအမြတ် အတွက် အရေးအပါဆုံးသော နေရာတွင် ကြော်ငြာနိုင်သော ကုန်အမှတ်တံဆိပ်များထံမှ လာသည်။ အားကောင်းသည့် ကုန်အမှတ်တံဆိပ်များ နောက်ကွယ်မှ အများနှင့်မတူခြင်းများမှာ စိတ်ကူးစိတ်သန်းများ၊ လိုချင်လာအောင် ဆွဲဆောင်နိုင်စွမ်းနှင့် စွန့်စားမှုကို ပေးစွမ်းမှုတို့ ဖြစ်ကြောင်း မီးမောင်းထိုးပြသည်။

Millward Brown ၏ BrandZ သုတေသနတွင် မြန်မာနိုင်ငံမှ စားသုံးသူ ၁၆၆၀ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း၊ နိုင်ငံတကာ အတွေ့အကြုံ သို့မဟုတ် ပြည်တွင်း ဆောင်ရွက်မှုများအပေါ် မူတည်၍ မြန်မာဈေးကွက်အတွင်း ကွဲပြားခြားနားပြီး အဓိပ္ပါယ်ပြည့်ဝသော နည်းလမ်းများ တည်ဆောက်ပြီးသား နိုင်ငံတကာနှင့် ပြည်တွင်းမှ ကုန်အမှတ်တံဆိပ် ၄၂ ခုကို စူးစမ်းခြင်းတို့ ပါဝင်ပါသည်။

ထို့နောက် ကုန်အမှတ်တံဆိပ်များ သိသာပေါ်လွင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု၊ လူသိများမှု၊ ထိရောက်စွာ ကြော်ငြာနိုင်မှုနှင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ၏ မြန်မာနိုင်ငံတွင်း ထိုးဖောက်နိုင်မှု စသည့် ခေါင်းစဉ်များအလိုက် အမှတ်တံဆိပ် တန်ဘိုးညွှန်းကိန်းများ သတ်မှတ်ခဲ့ပါသည်။

လေ့လာမှုအရ မြန်မာနိုင်ငံတွင် Apple က ပေါ်လွင်မှုအရှိဆုံး ကုန်အမှတ်တံဆိပ်ဖြစ်ပြီး ၎င်း၏ နောက်တွင် Coca-Cola နှင့် Samsung တို့ ရှိနေသည်။ ကုန်အမှတ်တံဆိပ်တန်ဘိုး ပျမ်းမျှညွှန်းကိန်းက ၁၀၀ တွင် Apple ၏ ညွှန်းကိန်း က ၂၃၂ ဖြစ်သည်။ Telenor က တီထွင်ဆန်းသစ်မှု အရှိဆုံး အမှတ်တံဆိပ် ဖြစ်ပြီး ညွှန်းကိန်းက ၁၂၅ ရှိသည်။ ၎င်း၏ ပြိုင်ဘက် MPT နှင့် Ooredoo တို့က ဒုတိယနှင့် တတိယနေရာတွင် ရှိနေသည်။

MPT က လူသိအများဆုံး သုံးစွဲသူအများဆုံး ကုန်အမှတ်တံဆိပ် တခုဖြစ်ကြောင်း လေ့လာမှုအရတွေ့ ရှိရပြီး အမှတ်တံ ဆိပ် တန်ဘိုး ညွှန်းကိန်း ၁၂၉ ရှိပြီး ဒုတိယနေရာတွင် ရှိသော Samsung ထက် ၉ မှတ်များပြီး တတိယနေရာတွင် ရှိနေ သည့် Telenor နှင့် Huawei တို့ထက် ၁၁ မှတ်သာနေသည်။

ကြော်ငြာထိရောက်မှုတွင် Samsung က ၁၂၉ ဖြင့် အမြင့်ဆုံး ဖြစ်နေပြီး Apple က ၁၂၅ နှင့် MPT က ၁၁၈ ဖြစ်သည်။

ကုန်အမှတ်တံဆိပ် အားကောင်းမှု သို့မဟုတ် မြန်မာနိုင်ငံတွင် အထိုးဖောက်နိုင်ဆုံး ကုန်အမှတ်တံဆိပ်များထဲတွင် Huawei က အမှတ် အမြင့်ဆုံးဖြစ်သည်။ အရောင်းမြှင့်တင်နိုင်စွမ်းအပြင် အခြားသော အမှတ်တံဆိပ်များကို ကျော်၍ စားသုံးသူများက ၎င်းကို ရွေးချယ်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် တကမ္ဘာလုံးအဆင့်တွင် ၈၁ သာ ရခဲ့သော Huawei က မြန်မာနိုင်ငံတွင် ညွှန်းကိန်း ၄၃၆ ရရှိခဲ့သည်။ သူ၏ ပင်ရင်းနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံမှာထက်ပင် မြန်မာနိုင်ငံတွင် ပိုမိုသာလွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

“နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ သူတို့ရဲ့ သိစေချင်တာတွေကို မှန်ကန်အောင် ပေးနိုင်ခဲ့ရင်၊ တိုင်းပြည်ရဲ့ ကွဲပြားခြားနားမှု (အထူးသဖြင့် နယ်စပ်ဒေသတွေ) ကို နားလည်ခဲ့ရင် မြန်မာနိုင်ငံမှာ အောင်မြင်ဖို့ ကြီးမားတဲ့ အခွင့်အလမ်း တွေ ရှိပါတယ်” ဟု WPP မှ The Store (EMEA and Asia) ၏ အမှုဆောင်အရာရှိချုပ် David Roth က ပြောသည်။ “ကျနော်တို့ အဖွဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က အိန္ဒိယနိုင်ငံနဲ့ရော ဒီနေ့ခေတ် အိန္ဒိယနိုင်ငံကျေးလက်ဒေသက ကဏ္ဍ တချို့နဲ့ပါ နှိုင်းယှဉ်ချက်တွေ ဖော်ထုတ်ခဲ့ပါတယ်။ ကြီးမားတဲ့ လူဦးရေရှိပြီး ရာသီဥတုဇုန် အမျိုးမျိုးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ နဲ့လည်း နှိုင်း ယှဉ်ကြည့်ခဲ့ပါတယ်”ဟုလည်း ဆိုသည်။

ထို့ပြင် ကုန်အမှတ်တံဆိပ်များနှင့် အေဂျင်စီများအနေဖြင့် ဈေးကွက်အတွင်းတွင် ယခု အချိန်နှင့် နောက် နှစ်အနည်းငယ် အတွင်း ပြုလုပ်သင့်သည့် အပြောင်းအလဲ အများအပြားကိုလည်း အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။ ထိုအချက်များ ထဲတွင် အခြေခံအဆောက်အဦး လျှင်မြန်စွာ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းလည်း အပါအဝင် ဖြစ် သည်။ တနိုင်ငံလုံးအတွက် မိုဘိုင်းကွန်ရက်တခု တည်ဆောက်ရန် ၃ နှစ်ခန့်သာ အချိန်ယူခဲ့ခြင်းကဲ့သို့ပင် လျှပ်စစ်ဓာတ် အား ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ တိုးတက်ကောင်းမွန်လာခြင်း အပါအဝင် အခြားအပြောင်းအလဲများက ဈေးကွက်များတွင် မျှော်လင့်ထားသည်ထက် တိုးတက်မှုကို လျှင်မြန်စွာ ရရှိစေပါလိမ့်မည်။

လက်ရှိအချိန်တွင် လက်လီအရောင်းနှင့် ပတ်သက်သည့် အခြေခံ အဆောက်အဦးများ အားနည်းနေသော်လည်း အရေး ကြီးသည်မှာ အွန်လိုင်းမှ ရောင်းဝယ်ခြင်း (eCommerce) ခေတ်ရောက်လာတော့မည့်ကိစ္စ ဖြစ်သည်။ အခြားသောဖွံ့ဖြိုး ဆဲ ဈေးကွက်များတွင် eCommerce လျှင်မြန်စွာ ဖွံ့ဖြိုးလာခြင်းက ရေချိန်တခု ဖြစ်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း အလားတူ အရှိန်အဟုန် ရှိလာမည် ဖြစ်သည်။

“Millward Brown ရဲ့ ပထမဆုံးသော BrandZ သုတေသနက နိုင်ငံတကာနဲ့ ဒေသတွင်း စီးပွားရေးသမားတွေ အနေနဲ့ ဈေးကွက်သစ်တခုမှာ ခိုင်မာတဲ့ အမှတ်တံဆိပ်တခု တည်ထောင်ရာမှာ ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကို နားလည်အောင် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ လျှင်လျှင်မြန်မြန် ဖြစ်ထွန်းလာတဲ့ တခြားဈေးကွက်တွေရဲ့ အတွေ့အကြုံအရ ပထမဆုံး ဝင်ရောက်လာသူတွေ အနေနဲ့ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် စားသုံးသူတွေကို ဆယ်စုနှစ်များစွာအထိ ထိန်းထားနိုင်တဲ့ အားသာချက် ရှိတယ်တိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက ရေရှည်ကို ကြည့်ရမယ့် နေရာဖြစ်ပါတယ်။ နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်တဲ့ ကုန်အမှတ်တံဆိပ်တွေ အတွက် အကျိုးအမြတ် ပြန်လည်ရရှိမယ့် နေရာလည်း ဖြစ်ပါတယ်” ဟု BrandZ ၏ အကြီးအကဲ Doreen Wang က ပြောသည်။

(Mobile Marketing အွန်လိုင်းမဂ္ဂဇင်းပါ David Murphy ၏ Myanmar Set to Become the World’s First Mobile-Only Market ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Your Thoughts …
Tags: Business
ဒေးဗစ်မာဖီ

ဒေးဗစ်မာဖီ

Contributor

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
လီဗြောင်ဟွန်း

နယူးယောက်အာရှရုပ်ရှင်ပွဲတော်မှ ချီးမြင့်တဲ့ Star Asia Award ဆု လီဗြောင်ဟွန်း ရရှိ

ရှမ်းရိုးမတောင်ခြေက ဇီဝိတဒါန ဘေးမဲ့ခြံ

ရှမ်းရိုးမတောင်ခြေက ဇီဝိတဒါန ဘေးမဲ့ခြံ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved