• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မော်လမြိုင်၊ ဖားအံ၊ မြဝတီ အဆင့်မြှင့်မည်

by နန်းလွင်
27 February 2020
in စီးပွားရေး
A A
မုတ္တမနှင့် မော်လမြိုင် ဆက်သွယ်ထားသော သံလွင်တံတား /  မျိုးမင်းစို

မုတ္တမနှင့် မော်လမြိုင် ဆက်သွယ်ထားသော သံလွင်တံတား / မျိုးမင်းစို

6.9k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံက စီစဉ်ထားသည့် မဲခေါင်ဒေသခွဲ (GMS) စီးပွားရေးစင်္ကြန်အတွင်း တည်ရှိနေသော မွန်နှင့် ကရင်ပြည်နယ်မှ အဓိကမြို့ကြီး ၃ ခုတွင် အခြေခံအဆောက်အအုံများ မြှင့်တင်ပြီး မြို့ပြစီမံခန့်ခွဲမှုအဆင့် မြှင့်တင်ရန် အစိုးရက စီစဉ်နေသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေ ဒေါ်လာ သန်း ၈၀ နှင့် ထိုင်းနိုင်ငံရှိ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဌာန (NEDA) မှ ချေးငွေ ဒေါ်လာ ၂၃.၄ သန်းကို အသုံးပြုကာ ထိုမြို့ကြီးများ တိုးတက်ရေးလုပ်ဆောင်ရာတွင် ဦးဆောင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်က တနင်္လာနေ့တွင် ကြေညာလိုက်သည်။

GMS စင်္ကြန် မြို့ကြီးများ တိုးတက်ရေးစီမံကိန်းအတွင်း အဆိုပြုထားသော မြို့များတွင် မွန်ပြည်နယ်မြို့တော် မော်လမြိုင်၊ ကရင်ပြည်နယ်မြို့တော် ဖားအံနှင့် ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သော မြဝတီတို့ ပါဝင်သည်။

မော်လမြိုင်နှင့်ဖားအံမှ ရေသန့်ရှင်းမှုအဆင့်မြှင့်တင်ရေး၊ အမှိုက်စွန့်ပစ်မှု ပိုမိုတိုးတက်ရေးနှင့် အစိုးရဝန်ထမ်းများ စွမ်းဆောင်ရေ မြှင့်တင်ရေးတို့အတွက် ADB ချေးငွေကို အသုံးပြုမည်ဖြစ်သည်။

မော်လမြိုင်တွင် သမိုင်းဝင်အဆောက်အအုံများ ထိန်းသိမ်းရေး စီမံကိန်းများလည်း ရှိပြီး ဖားအံစက်မှုဇုန်အတွက် စီမံကိန်းရေးဆွဲခြင်းနှင့် မြဝတီ-မဲဆောက် ပူးတွဲနေရာဖော်ထုတ်ရေး စီမံကိန်းများလည်းရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာသည်။

မြဝတီတွင် ရေ သန့်စင်မှု၊ အညစ်အကြေး စီမံခန့်ခွဲမှုနှင့် အစိုးရဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် NEDA ၏ ချေးငွေကို အသုံးပြုမည်ဖြစ်သည်။ မြဝတီမှ စီမံကိန်းသည် စီးပွားရေးတိုးတက်ရန် အထောက်အကူပြုမည် ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဟု ဦးဟန်ဇော်က ပြောသည်။

ပြည်နယ်အစိုးရများသည် စီမံကိန်းများအဆင်ပြေအောင် ကူညီမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာအစိုးရသည် ADB ၏ ချေးငွေဖြင့် အရှေ့အနောက် စီးပွားရေးစင်္ကြန်မှ မြို့များ အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေ စမ်းသပ်မှုများပြုလုပ်နေသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
213
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

ဂျပန်နိုင်ငံ၏ မဟာစီမံချက်အတွင်း မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ဒေါင်ဟမြို့မှ တဆင့် ကမ္ဘောဒီးယားနှင့် ထိုင်းကို ဖြတ်သန်းပြီး ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့် အရှေ့အနောက်စီးပွားရေး စင်္ကြန်နှင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့် တောင်ပိုင်း စီးပွားရေး စင်္ကြန်တို့တွင်ပါဝင်နေသည်။

ဂျပန်နိုင်ငံ၏ မဟာစီမံချက်တွင် ဘန်ကောက်နှင့် ရန်ကုန်အကြား လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရန်နှင့် ဘန်ကောက်မှ စီးပွားရေးလုပ်ငန်းများ ရန်ကုန်နှင့် သီလဝါအထူးစီးပွားရေး ဇုန်များတွင် ပံ့ပိုးရေးလမ်းကြောင်းများ တိုးတက်စေရန်လည်း ပါဝင်သည်။

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဌာန (JICA) သည် သယ်ယူပို့ဆောင်ရေး ဖြတ်လမ်းအဖြစ် သီလဝါမှ ဘန်ကောက်အထိ အဝေးပြေးလမ်း ဖောက်ရန် လေ့လာနေသည်။ လက်ရှိ စင်ကာပူမှ သီလဝါအထိ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသည် စုစုပေါင်းကီလိုမီတာ ၄၀၀၀ ရှိပြီး အချိန် ၂၁ ရက်ကြာနေသည်။

အရှေ့အနောက်စီးပွားရေး စင်္ကြန်အတွင်းရှိ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းများသည် ယာဉ်လမ်းကြောင်းတခုသာ ရှိခြင်း၊ လမ်းခင်းမထားခြင်း၊ မိုးရာသီတွင် သွားလာမရခြင်းနှင့် ကုန်တန်ချိန် အကန့်အသတ်ရှိခြင်းတို့ကြောင့် နိုင်ငံတကာ အဝေးပြေးလမ်းအဆင့်တွင် မရှိပေ။

JICA သည် အရှေ့အနောက် စီးပွားရေးစင်္ကြန်၏ အစိတ်အပိုင်းအဖြစ် ကရင်နှင့်မွန်ပြည်နယ်များတွင် ဂျိုင်း-ကော့ကရိတ်တံတား၊ ဂျိုင်း-ဇာသပြင်တံတားနှင့် အတ္ထရံတံတား စသည့် တံတား ၃ ခု တည်ဆောက်ခြင်းဖြင့် သယ်ယူပို့ဆောင်ချိန်ကို လျှော့ချရန် စီစဉ်နေသည်။ ဘန်ကောက်မှ သီလဝါသို့ ကီလိုမီတာ ၈၇၀ ကုန်စည်သယ်ယူ ပို့ဆောင်ခြင်းသည် အချိန် တရက်ခွဲသာကြာမည်ဟု JICA က မျှော်လင့်နေသည်။

စီစဉ်ထားသော ထားဝယ်အထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်း ဖြစ်သော တောင်ပိုင်း စီးပွားရေး စင်္ကြန်သည် ဂျပန်၏ မဲခေါင်ဒေသခွဲ လမ်းပန်းဆက်သွယ်ရေး အတွက် အချက်အခြာကျသည်။ ထားဝယ်အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်းမှ ဒေါ်လာ ၈ ဘီလျံတန် စီမံကိန်းဖြစ်ပြီး ရေနက်ဆိပ်ကမ်းပါဝင်ကာ အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုဇုန်ဖြစ်လာမည်ဖြစ်သည်။

(Nan Lwin ၏ Myanmar to Upgrade Urban Infrastructure in State Capitals, Border Town  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ် ပိုးလမ်းမစီမံကိန်း အရှိန်လျော့ကျ

ပြုပြုင်ပြောင်းလဲမှုများ ပို နက်ရှိုင်းစွာ လုပ်ရန် မြန်မာကို ကမ္ဘာ့ဘဏ် တိုက်တွန်း

တရုတ်-မြန်မာ ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် ကျဆင်း

Your Thoughts …
Tags: ဖားအံမော်လမြိုင်မြဝတီ အဆင်မြှင့်မည်
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

by မိအိသဉ္ဇာမြင့်
17 April 2024
7.2k

ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မော်လမြိုင်မြို့၌ စစ်ဆင်ရေးများ ထပ်မံလုပ် ဆောင်မည်ဟု ဖော်ပြနေကြသောကြောင့် ပိုမို စစ်ဆေးနေခြင်းဖြစ်နိုင်

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
2.6k

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း...

သံလွင်က ပြောသော ပုံပြင်…

သံလွင်က ပြောသော ပုံပြင်…

by အထောက်တော် လှအောင်
24 December 2023
1.3k

ဖြစ်သလိုအိပ် ဖြစ်သလိုစားကြရင်းဖြင့် ရေတိမ်နစ်သွားကြရရှာသော အမျိုးသမီးများ၏ ငရဲညများကို သံလွင်မြစ်သည် မမြင်ချင် အဆုံး၊ မကြားချင် အဆုံး ကြုံခဲ့ရသည်။

ရတနာဘုံမြင့် ကျောင်းတိုက်အတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပု လက်ရာများထဲမှ အချို့ ရှိနေပါသည် / ရဲနည် / ဧရာဝတီ

သမိုင်းထဲက မော်လမြိုင်

by Denis D.Gray
25 March 2017
39.1k

ဗုဒ္ဓဘာသာ ဘုရားပုထိုးစေတီများနှင့်အတူ အစ္စလမ် ဗလီများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဗြိတိသျှတို့၏ အမွေအနှစ်များနှင့် အမေရိကန် လက်ရာ အချို့ပင် ကျန်ရှိနေခြင်းက မော်လမြိုင်၏ ကြီးမားသော စုံလင်ကွဲပြားမှုကို ဖော်ပြနေခြင်း ဖြစ်သည်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသားများကို ကုသမှုပေးနေစဉ်

မော်လမြိုင် ဆန္ဒပြကျောင်းသားများ ပစ်ခတ်ဖြိုခွင်းခံရ၊ ထိခိုက်ဒဏ်ရာများရှိ

by ဧရာဝတီ
12 February 2021
13.8k

မော်လမြိုင် ကျောင်းသားသပိတ်အား ပစ်ခတ်ဖြိုခွင်းသည်မှာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာ ဏာသိမ်းပြီး နောက် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက် အကြမ်းဖက် ဖြိုခွင်းခြင်း ဖြစ် သည်။

Next Post
ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဝေဖန်မှုများအတွက် တရားစွဲဆို ခံနေရခြင်းသည် အရုပ်ဆိုး အကျည်းတန်လှပေသည် / ဧရာဝတီ

နိုင်လွတ်လုံဥပဒေကို ပြင်ဆင်တဲ့အခါ

ရန်ကုန်မြို့တွင်း ရောင်းချနေသည့် ဖုန်းဆင်းမ်ကတ်အရောင်းဆိုင်ငယ် ၁ ဆိုင် / ထက်ဝေ / ဧရာဝတီ

ပြန်လည် မှတ်ပုံမတင်သည့် SIM ကတ်များကို လိုင်းပိတ်သိမ်းမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved