• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြင့်လာနေသည့် ကုန်ဈေးနှုန်းကြား ပြည်သူများ ပို၍ ကျပ်တည်းလာ

by ဧရာဝတီ
30 June 2023
in စီးပွားရေး
A A
အမေရိကန်ဒေါ်လာလဲလှယ်နှုန်းနှင် ရွှေဈေးမြင့်လာသည်နှင့်အတူ အခြေခံစားကုန်လည်း မြင့်လာသဖြင့် ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာသည်

အမေရိကန်ဒေါ်လာလဲလှယ်နှုန်းနှင် ရွှေဈေးမြင့်လာသည်နှင့်အတူ အခြေခံစားကုန်လည်း မြင့်လာသဖြင့် ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်းလာသည်

12.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ တရိပ်ရိပ် မြင့်တက်လာနေသော အခြေခံ ကုန် ဈေးနှုန်းကြားကြောင့်လည်း မြန်မာနိုင်ငံတွင်းရှိပြည်သူများမှာ စားဝတ်နေရေးတွင် ပို၍ပင် ကျပ်ကျပ်တည်းတည်း ဖြစ်ပေါ် လာလျက်ရှိသည်။

ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်နေ ဒေါ်ကေသွယ်က “ဆန်တို့ဆီတို့ မပါသေးဘူး။၂ နပ်စာ ဟင်းစားဝယ်ဖို့ကို အနည်းဆုံး တသောင်းလောက်မှ မပါရင် မလောက်တော့ဘူး။ အခုက ကြက်ဥတလုံးကို ၃၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစည်းကို ကျပ် ၂၀၀ ဖြစ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်လာပြီးနောက် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားအုန်းဆီသည် ယခုရက်ပိုင်းအတွင်း သိသိသာသာမြင့်တက်လာလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယခု ရက်ပိုင်းအတွင်း အလယ်အလတ်တန်းစား ဆန်ချောတချို့သည် ၁ ပြည်ကို ကျပ် ၄၀၀၀ ကျော်အထိရှိပြီး ဆန်ကြမ်း တချို့သည် ၁ ပြည်ကို ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်လာ ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်ကထက် ဆန် ၁ ပြည်ကို အနည်းဆုံး ကျပ် ၁၀၀၀ ကျော်မြင့်တက်လာလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ၅၀ ကျပ်သား စားအုန်းဆီဈေးနှုန်းများသည်လည်း ယခင်က ကျပ် ၄၀၀၀ ဝန်းကျင်သာရှိရာမှ ယခုတွင် ကျပ် ၄၅၀၀ ကျော်သို့ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

ဆန်ကုန်စည်ဒိုင်များ၏ ဈေးနှုန်းများတွင်လည်း ရွှေဘိုပေါ်ဆန်း ၁ အိတ်သည် ကျပ် ၈၅၀၀၀ ကျပ် ဝန်းကျင်မှ ကျပ် ၁၁၂၀၀၀ ကျပ်အထိ ရှိလာပြီး ဆန်ချော (ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင်ဆန်) ၁ အိတ်သည် လည်း ၉၀၀၀၀ ကျပ်မှ ၉၇၀၀၀ ကျပ် အထိမြင့်တက်လာပြီး ယခင် တပတ်က ဈေးနှုန်းများထက် ငွေကျပ် ၂၀၀၀ ခန့်အထိ ဈေးတက်လာလျက်ရှိသည်။

စားအုန်းဆီ လက်ကားဈေးကွက်အတွင်း ဈေးနှုန်းမှာ ၁ ပိဿာ ၇၈၀၀ ကျပ် မှ ၉၀၀၀ ကျပ်ကျော်အထိ ရှိလာနေပြီ ဖြစ် သည်။

ပြည်တွင်းထုတ်လုပ်မှုမှဖြစ်သော အသားငါးကမူ ဈေးနှုန်းများ မြင့်တက်လာမှု မရှိသော်လည်း အသားငါးအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၃၀၀၀ ဖိုး ဝယ်ယူမှသာ ရရှိတော့သလို ငရုတ်သီးစိမ်းကဲ့သို့သော ကုန်စိမ်းများကိုပင် အနည်း ဆုံး ကျပ် ၅၀၀ ဖိုးမှ စတင်ဝယ်ယူနေရလျက်ရှိကြောင်း မြို့ပြနေ အိမ်ရှင်မတချို့က ဆိုသည်။

မန္တလေးမြို့နေ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးက “အသားဟင်း မဟုတ်သေးဘူး၊ ချဉ်ရည်ဟင်းလေးတခွက် ချက်ဖို့ကို အနည်းဆုံး ၂ ထောင်၊ ၃ ထောင်လောက် ကုန်နေပြီ။ အရင်ကတော့ အသားဟင်းလေး၊ အရွက်လေး၊ အရည် လေးနဲ့ ထမင်းဝိုင်းမှာ စားကြရတယ်။ အခုကတော့ ဟင်း ၂ ခွက် ပါနိုင်ဖို့ကို မနည်းချွေတာပြီး စားနေကြရတာ” ဟု ပြောဆိုသည်။

မြန်မာပြည်သူများ၏ နေ့စဉ် ထမင်းစားဝိုင်းများတွင် မပါမဖြစ် ဖြစ်သည့် ငါးပိရည်ပင် ၁၀ ကျပ်သားကို ကျပ် ၁၀၀၀ ကျော် အထိ ရှိလာနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နေ့စားသမားတွေဆိုရင် တနေ့ရတဲ့ လုပ်အားခပိုက်ဆံနဲ့ ထမင်း ၂ နပ် ဝဝလင်လင်စားရဖို့ကို မနည်းရုန်းကန်ကြရတယ်။ သူတို့ဆိုရင် ဆန်တွေဆီတွေကို ကြိုဝယ်ထားရတာ မဟုတ်တော့ ပိုက်ဆံရလာမှ ဆီလေး၂၀ ကျပ်သားလောက်၊ ဟင်းစား လေး နည်းနည်း၊ အရွက်လေး နည်းနည်း ဝယ်ခြမ်းကြရတာ” ဟု ပြောဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပန်းရံ၊ အုတ်သယ်ကဲ့သို့သော နေ့စားအခြေခံ အလုပ်သမားများသည် တနေ့ လုပ်ခ လစာမှာ ကျပ် ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်သာရကြပြီး ကျွမ်းကျင်အလုပ်သမားများသည်ပင် တနေ့ လုပ်ခလစာမှာ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျော်သာ ရရှိကြကြောင်း သိရသည်။

စက်ရုံအလုပ်ရုံ အလုပ်သမားများ၏ တလလုပ်ခလစာလည်း တလလျှင် ကျပ် ၁ သိန်း ၄ သောင်းမှ ကျပ်၂ သိန်း ၅ သောင်း ဝန်းကျင်သာ ရရှိကြကာ လုပ်သက်များပြီး ကျွမ်းကျင်ဝန်ထမ်းများသည်ပင် တလ လုပ်ခလစာမှာ ကျပ် ၃ သိန်းကျော်သာ ရရှိကြောင်း အလုပ်အမားအရေးကူညီ ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက “တချို့ဆိုရင် အိမ်ကို ငွေပြန်မပို့နိုင်တော့ဘူး။ မိသားစုနဲ့အတူတူ ရှိနေ ကြတဲ့သူတွေက ပိုပြီး ခက်တာပေါ့။ တချို့ မိသားစုတွေဆိုရင် ကလေးကို ကျောင်းမထားနိုင်တော့ဘူး။ အဲဒီကလေးရဲ့ လုပ်အားခကိုပါ မှီခိုရတဲ့အဆင့်ကို ဖြစ်သွားကြတာ” ဟု ပြောသည်။

နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးလာခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် နေထိုင်စားသောက်စရိတ်ကြီးမြင့်လာတို့ကြောင့် အခြေခံအလုပ်သမားများသည် ကျန်းမာရေးနှင့်မညီညွတ်သော အရည်အသွေးမမီသည့် အစားအသောက်များကို ရွေး ချယ် စားသောက်လာကြရခြင်းအပြင် ပုံမှန်အလုပ်အကိုင် အမျိုးအစား မဟုတ်သော ပြည့်တန်ဆာလုပ်ငန်းများကို သို့ ပြောင်းလဲလုပ်ကိုင်ကြခြင်းနှင့် ပြည်ပသို့ ထွက်ကာ အလုပ်လုပ်ခြင်းကို ရွေးချယ်လာကြရကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “သူတို့တွေ အကြွေးတွေ ပိုပိလာနေတာမျိုးတွေလည်းရှိတယ်။ အရေအတွက်အားဖြင့် ကလေး အလုပ်သမားတွေ ဘယ်လောက်ဖြစ်လာပြီလဲဆိုတာကို ပြောလို့မရသလိုပဲ ရှိနေမှန်းတော့ သိတယ်၊ သိပ်သိသာတဲ့ တွေ့ ရတာမျိုး မဟုတ်ဘဲ။ အဲဒီလိုမျိုးပဲ Sex worker ကိစ္စကလည်း လမ်းမပေါ်မှာ မြင်ရမှ ရှိနေပါတယ်လို့ ပြောလို့ရတာ မဟုတ် ဘူးလေ” ဟု ပြောဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.4k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က နိုင်ငံပိုင်ဘဏ်၂ ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ် နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီးနောက် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ၁ ဒေါ်လာကို ကျပ် ၃၂၀၀ ကျော်အထိ မြင့်တက်လာလျက်ရှိသလို ပြည်တွင်း ရွှေဈေးနှုန်း ၁ ကျပ်သားသည်လည်း ကျပ် ၃၂ သိန်းကျော်သို့ ဈေးတက်လာသည်။

ထိုသို့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းမြင့်တက်လာမှုကြောင့် ကျပ်ငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်း လာပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်ဈေးနှုန်းများလည်း ဆက်တိုက်မြင့် တက်လာလျက်ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာငွေကျပ် ၁ သိန်းသည် ထိုင်းဘတ် ၁၂၀၀ ဝန်းကျင်ရှိမှာ ယခုတွင် မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ် ၁၁၄၀ မှ ၆၀ ဝန်းကျင်သာရှိတော့သည်။ ထို့အတူ တရုတ်ယွမ်ငွေ ၁ ယွမ်သည် ကျပ် ၄၂၀ မှ ကျပ် ၄၄၀ ကျော်သို့ မြင့်တက်လာလျက်ရှိနေသည်။ ထိုအခြေအနေများကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းသော မီးဖိုချောင်သုံးဂက်စ် အပါအဝင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများသည်လည်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာ လျက်ရှိနေသည်။

မြန်မာ့စီးပွားရေးသည် ယခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်လာသည့် လက္ခဏာများတွေ့ရသော်လည်း ကိုဗစ်ရောဂါ မတိုင်ခင်က အခြေအနေသို့ပြန်ရောက်ရန်နှစ်များစွာလိုဦးမည်ဖြစ်သလို၊ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်သည် စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေရပြီး လုပ်ငန်းအများအပြားသည် နိုင်ငံခြားသုံးငွေရရန်၊ ကုန်သွယ်ရေးလိုင်စင်ရရန်၊ ကုန်ကြမ်းများ တင်သွင်းရန်၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အကန့်အသတ်များကို ရင်ဆိုင်နေကြရကြောင်း ကမာ္ဘ့ဘဏ်၏ ဇွန်လ ၂၇ ရက်ထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီအရင်ခံစာက ဆိုထားသည်။

လက်ရှိမြန်မာ့နိုင်ငံရေး ပဋိပက္ခနှင့် စီးပွားရေး မတည်ငြိမ်မှုများမှာ ကဏ္ဍအသီးသီး လူတန်းစားအသီးသီးသို့ ရိုက်ခတ်လျက် ရှိသလို၊ ဝင်ငွေနည်းမိသားစုများအနေဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တို့ကို အလူးလဲခံရပေဦး မည် ဖြစ်သည်။ ။

You may also like these stories:

မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်

မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော

ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ

Your Thoughts …
Tags: ကုန်ဈေးနှုန်းစားဝတ်နေရေးအလုပ်အကိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.3k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

Next Post
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် ထိပ်တန်းခရိုနီကြီးများက အလှူငွေပေးအပ်နေစဉ် / CINCDS

နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ

ကိုင်းပြင်ကျေးရွာအနီးရှိ PDF စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားစဉ်

စစ်ကိုင်းနယ်တွင် စစ်တပ်ကင်းပုန်းနှင့်တိုး၍ PDF ၁၄ ဦး သတ်ဖြတ်ခံရ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved