• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ကျောကင်မရာ ၄ လုံးပါ OPPO Reno 2 စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင် မိတ်ဆက်

by Nigma
26 October 2019
in IT
A A
 OPPO Reno 2 နဲ့ Reno 2F စမတ်ဖုန်းများ မိတ်ဆက်ပွဲ / ဧရာဝတီ

 OPPO Reno 2 နဲ့ Reno 2F စမတ်ဖုန်းများ မိတ်ဆက်ပွဲ / ဧရာဝတီ

12.3k
VIEWS
Share on FacebookShare on Twitter

စမတ်ဖုန်း ကုမ္ပဏီတခုဖြစ်တဲ့ OPPO ရဲ့ နောက်ဆုံးထုတ် Reno စီးရီး ဖုန်းဖုန်းမော်ဒယ် အသစ်တွေကို ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ အောက်တိုဘာ ၂၄ ရက်နေ့က တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ယခုနှစ်အတွင်း စတင်ထုတ်လုပ်ခဲ့တဲ့ OPPO Reno စီးရီးရဲ့ ဒုတိယမြောက် မျိုးဆက်ဖြစ်ပြီး၊ Reno 2 နဲ့ Reno 2F လို့ နာမည်ပေးထားပါတယ်။ အကောင်းဆုံး ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကင်မရာအသားပေးဖုန်းတွေ ဖြစ်ပါတယ်။

OPPO Reno 2

 

OPPO Reno 2 ရဲ့ ကျောကင်မရာ ၄ လုံးမှာ အဓိကကင်မရာက 48MP Sony IMX586 ဆန်ဆာပါ။ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးရာမှာ တုန်ခါမှုမရှိစေဖို့အတွက် OIS နဲ့ Ultra Steady Video စနစ်တွေ ပါဝင်ပါတယ်။ ဒုတိယအလုံးက ၁၁၆ ဒီဂရီအထိ ရိုက်ကူးပေးနိုင်တဲ့ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ တတိယ ကင်မရာက  8MP Telephoto ဆန်ဆာ ဖြစ်ပါတယ်။

5x အထိ Hybrid Zoom ဆွဲ ရိုက်ကူးနိုင်ပြီး၊ 20x အထိ Digital Zoom ရပါတယ်။ စတုတ္ထကင်မရာကတော့ နောက်ခံဝါးတဲ့ ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် 2MP Monochrome Lens ဖြစ်ပါတယ်။ AI နည်းပညာသုံး Ultra Dark Mode နဲ့ အလင်းအနည်းဆုံး အချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

OPPO Reno 2 မှာ 16MP ရှေ့ကင်မရာကို ထူးခြားတဲ့ ငါးမန်းတောင်ပုံစံ အစိတ်အပိုင်းအတွင်းမှာ ထည့်သွင်းပေးထားပါတယ်။ အသုံးလိုမှ ဖုန်းကိုယ်ထည်တွင်းကနေ ထွက်လာမှာပါ။ ကင်မရာထွက်လာဖို့ ၀ ဒဿမ ၈ စက္ကန့်ပဲ ကြာပါတယ်။ ယခု ဒီဇိုင်းကြောင့် ဖုန်းမျက်နှာပြင် နေရာပိုလွတ်သွားပြီး၊ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၃ ဒဿမ ၁ ရာခိုင်နှုန်း အထိ ရှိတယ်လို့ OPPO က ဆိုပါတယ်။

Snapdragon 730G Chipset ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 256GB Storage ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းမင်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chipset ဖြစ်တာကြောင့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။ 20W VOOC 3.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

OPPO Reno 2F

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
247
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147

OPPO Reno 2 နဲ့ Reno 2F မှာ အဓိကကွာခြားမှုက ရှေ့ကင်မရာဒီဇိုင်းပါ။ 16MP ဆန်ဆာ တူညီပေမယ့် Reno 2F မှာ ရိုးရိုး Pop-up ကင်မရာဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။  ကျောကင်မရာ ၄ လုံး စနစ်မှာလည်း အဓိကကင်မရာက 48MP ဆန်ဆာ ဖြစ်ပေမယ့် Sony ထုတ် ဆန်ဆာ မဟုတ်တော့ပါဘူး။ ကျန်ကင်မရာ ၃ လုံးကတော့ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 2MP Portrait ကင်မရာ ၂ လုံးတို့ ဖြစ်ပါတယ်။

နောက်ထပ် ကွာခြားမှုတခုကတော့ Reno 2F မှာ Snapdragon Chipset အစား MediaTek ရဲ့ Helio P70 Chipset ကို ပြောင်းသုံးထားတာပါ။ 8GB RAM နဲ့ 128GB Storage ကတော့ သိပ်မကွာပါဘူး။ ၆ ဒဿမ ၅၃ လက်မ AMOLED Display နဲ့ VOOC 3.0 အားအမြန်သွင်းစနစ်ပါ 4,000mAh ဘက်ထရီ ပါဝင်တာချင်းလည်း တူညီပါတယ်။

OPPO Reno 2 စမတ်ဖုန်းကို Luminous Black နဲ့ ပင်လယ်သမုဒ္ဒရာ အရောင် Ocean Blue ဆိုပြီး အရောင် ၂ မျိုး ဝယ်ယူရရှိနိုင်မှာပါ။ Reno 2F ကိုတော့ Sky White နဲ့ Lake Green အရောင် ၂ မျိုး ရရှိမှာပါ။ Reno 2 ကို မြန်မာငွေ ၇၉၉,၉၀၀ ကျပ်၊ Reno 2F ကို မြန်မာငွေ ၅၂၉,၉၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

မော်ဒယ်နှစ်မျိုးစလုံးမှာ ကျောကင်မရာ ၄ လုံး၊ ၆ ဒဿမ ၅ လက်မ AMOLED Display နဲ့ 4,000mAh ဘက်ထရီတွေ ပါဝင်ပြီး၊ အသေးစိတ် အချက်အလက်အချို့ပဲ ကွာခြားမှု ရှိပါတယ်။ OPPO Reno 2 နဲ့ Reno 2F စမတ်ဖုန်း ၂ မျိုးလုံးကို အောက်တိုဘာ ၂၅ ရက်နေ့ကနေ အောက်တိုဘာ ၂၉ ရက်နေ့အတွင်း ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။

You may also like these stories:

နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်တဲ့ OPPO Reno Ace စမတ်ဖုန်းကို မိတ်ဆက်

Pop-up ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို Vivo မိတ်ဆက်

ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ OPPO A9 2020 ကို မကြာခင် မိတ်ဆက်မည်

ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ Realme Q စမတ်ဖုန်းကို တရုတ်မှာ မိတ်ဆက်

Your Thoughts …
Tags: OPPOReno 2Reno 2F
Nigma

Nigma

Contributor

Similar Picks:

အသစ် ထွက်လာတဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ

5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်

by Nigma
27 December 2019
4.3k

OPPO Reno စီးရီးရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ကာ အရင် Reno 2 နဲ့ ၂ လပဲ ခြားပြီး အသစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Dual Wi-Fi ဆိုတဲ့အတိုင်း ဖုန်း ဒါမှမဟုတ် တက်ဘလက် တလုံးတည်းကနေ Wi-Fi ကွန်ရက်နှစ်ခုကို တချိန်တည်း ချိတ်ဆက် အသုံးပြုနိုင်မှာပါ

Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ

by Nigma
22 July 2019
6.7k

Dual Wi-Fi Feature ကို Vivo က iQOO ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Feature ပါဝင်တဲ့ ဖုန်းမှာ "Smart Multi-network Acceleration" ဆိုတဲ့ ခလုတ်တခု ပါလာတာကို...

ဖုန်းကွန်ရက် မလိုဘဲ ဖုန်းအချင်းချင်း ဖုန်းခေါ်၊ စာပို့နိုင်မယ့် နည်းပညာကို OPPO က မိတ်ဆက်လိုက်တာပါ

ဖုန်းလိုင်း မလိုဘဲ ဖုန်းခေါ်၊ စာပို့ လုပ်နိုင်တဲ့ MeshTalk နည်းပညာကို OPPO ပြသ

by Nigma
27 June 2019
28.4k

OPPO ဖုန်းကိုင်သူ အချင်းချင်းပဲ ဆက်သွယ် ပြောဆိုနိုင်မှာဖြစ်ပြီး၊ ဖုန်းခေါ်၊ စာပို့၊ အသံ မက်ဆေ့ချ် ပို့တာ အားလုံး လုပ်နိုင်ပါတယ်။

“Oppo စမတ်ဖုန်း စက်ရုံ လေ့လာရေး ခရီးစဉ်” / သီဟတိုး / ဧရာဝတီ

OPPO နဲ့ အတူ လေ့လာခွင့်ရခဲ့တဲ့ “Oppo စမတ်ဖုန်း စက်ရုံ ခရီးစဉ်”

by သီဟတိုး
23 January 2018
5.1k

“Oppo Factory Tour” ခရီးစဉ်မှာ စမတ်ဖုန်းတလုံး ထုတ်လုပ်ပုံ၊ စမတ်ဖုန်းတလုံးမှာ ပါဝင်တဲ့ စက်ပစ္စည်း ကိရိယာ Chipset များကိုအသေးစိတ် တပ်ဆင်ပုံ၊ တပ်ဆင်ပြီးသား စမတ်ဖုန်းများကို အဆင့်ဆင့် စမ်းသပ်မှုများ ပြုလုပ်ပြီး နောက်ဆုံးအဆင့် စမတ်ဖုန်း...

OPPO က ပြသလိုက်တဲ့ ကိုယ်ပိုင် ခေါက်ချိုးဖုန်း

OPPO ကလည်း ကိုယ်ပိုင် ခေါက်ချိုးဖုန်း တလုံးကို ပြသ

by Nigma
26 February 2019
28.6k

Samsung နဲ့ Huawei တို့က ခေါက်ချိုးဖုန်းတွေကို အသီးသီး မိတ်ဆက်ခဲ့ပြီးနောက်မှာ OPPO ကလည်း ကိုယ်ပိုင် ခေါက်ချိုးဖုန်းတလုံးကို အမြည်း ပြသလိုက်ပါတယ်။ OPPO ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ Brain Shen က...

OPPO ရဲ့ တန်ဖိုးသင့် K3 ဖုန်း

Pop-up ကင်မရာပါတဲ့ တန်ဖိုးသင့် K3 ဖုန်းကို OPPO မိတ်ဆက်

by Nigma
25 May 2019
42.6k

K3 မှာ ၆.၅ လက်မအကျယ်ရှိတဲ့ AMOLED Display ကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာကို မော်တာတပ်စနစ်နဲ့ ကိုယ်ထည်တွင်းမှာ ထည့်သွင်းထားတာကြောင့် မျက်နှာပြင်မှာ Notch ဆိုလို့ ပါဝင်မှာ မဟုတ်ပါဘူး။

Next Post
မော်ဒယ်၊ သရုပ်ဆောင် ဖုန်းသီရိကျော် / ယုဖြူဟန် / ဧရာဝတီ

အနုပညာလောကမှာ ရပ်တည်ဖို့ သရုပ်ဆောင်အလုပ်ကို ကြိုးစားမယ့် ဖုန်းသီရိကျော်

သရုပ်ဆောင် အကယ်ဒမီ မေသန်းနု / ချစ်ပိုး / ဧရာဝတီ

ဖခင်ထံကနေ အမွေအကုန်လုံး ရခဲ့တဲ့ မင်းသန့်မောင်မောင်အကြောင်း ပြောပြတဲ့ မေသန်းနု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved