• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

“ရွေးကောက်ပွဲ ကျင်းပချင်စိတ် မရှိဘူးလို့ ပြောတာကတော့ လူကျွံဘောတော့ ဖြစ်သွားတာ”

by ဇင်လင်းထက် နှင့် သီဟလွင်
7 December 2020
in Election 2020
A A
--

--

14.7k
VIEWS
Share on FacebookShare on Twitter

ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာ ရေး အဖွဲ့ခေါင်းဆောင်ဟာ နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲကို လာရောက် စောင့် ကြည့် လေ့လာခဲ့ပြီးတဲ့နောက်မှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ် တချို့ မှာ ရွေးကောက်ပွဲတွေ ပြန် ကျင်းပနိုင်ဖို့ တပ်မတော်နဲ့ ရက္ခိုင့် စစ်တပ်တို့ကြားမှာ ယာယီ အပစ်ရပ်သွားအောင် အဓိက ညှိနှိုင်းပေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ဆာဆာကာဝါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်က မြို့ နယ် ၂ ခုကို သွားရောက်ခဲ့ပြီး သူ့ ခရီးစဉ်အတွင်း မှာ ရခိုင်ဒေသခံတွေ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ ရခိုင် အခြေစိုက်ပါတီက ဦးဆောင်သူတွေနဲ့လည်း သွားရောက် တွေ့ ဆုံခဲ့ပါတယ်။

အဲဒီက အပြန်မှာတော့ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဌ ဦးလှသိန်းတို့နဲ့ပါ တွေ့ဆုံပြီးတဲ့အခါ UEC ကို စိတ်ပျက်မိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။

မစ္စတာ ဆာဆာကာဝါရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်သွားတာကို အများက ကြိုဆိုခဲ့ကြပေမယ့် ငြိမ်းချမ်းရေး ရရှိဖို့ အကျိုးဆောင်သူတဦးအနေနဲ့ အခုလို ကော်မရှင်ကို “စိတ်ပျက်မိ တယ်”ဆိုတဲ့ သုံးသပ်မှုမျိုးတွေ ထုတ်ဖော် လာတာနဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ သတင်းထောက်တွေ ဖြစ်တဲ့ ဇင်လင်း ထက်နဲ့ သီဟလွင်တို့က မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမင်းဇော်ဦး (အမှုဆောင်ဒါရိုက်တာ)
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)

ဒေါက်တာမင်းဇော်ဦး (အမှုဆောင်ဒါရိုက်တာ)

ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပချင်စိတ်မရှိဘူးလို့ ပြောတာကတော့ လူကျွံဘောတော့ ဖြစ်သွား တာပေါ့ဗျာ။ လူကျွံဘောဆိုတာက အဓိကက ညှိနှိုင်းဆောင်ရွက်ပေးတဲ့ လူဆိုတာက ဟိုဘက်နဲ့ ဒီဘက်ကို အဓိက သဘောထားတွေနဲ့ ဖြစ်နိုင်တဲ့ အဖြေတွေကို ပြောပြရတာကိုး။

အဲဒီထက် တဆင့်တက်ပြီးတော့ တဖက်နဲ့ တဖက်ကို Judgment လို့ခေါ်တဲ့ သုံးသပ်ချက်တွေ ဝေဖန်ချက်တွေ ပေးလာ တယ်ဆိုရင်တော့ သူ့ရဲ့ ကြားဝင်ဆောင်ရွက်မှုက ပိုအားနည်းသွားနိုင်တာပေါ့။ အဲဒါက စေ့စပ်ညှိနှိုင်းတဲ့ သဘောတရား အရဆိုရင် စေ့စပ်ညှိနှိုင်းပေးသူအနေနဲ့က တဖက်နဲ့ တဖက်ရဲ့သဘောထားတွေကို ကိုယ်ကနေ မှတ်ချက်ပေးလို့ရှိရင် သူ့ရဲ့ လုပ်နိုင်စွမ်းရည်က ကျဆင်းသွားတာပေါ့။

ဦးရဲထွန်း (သီပေါ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးလေ့လာသူ

ဦးရဲထွန်း (သီပေါ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးလေ့လာသူ

ညှိနှိုင်းရေး မကျွမ်းကျင်ဘူးဆိုပြီး သူ့ကို ဝေဖန်ဖို့တော့ မသင့်ဘူး ထင်တယ်။ သူက ကျနော် နားလည်သလောက်က သူ့ဝန်ကြီးချုပ်ကလည်း လွှတ်လိုက်တယ်။ တိုက်လည်း တိုက်တွန်းလိုက်တယ်။ သူက အဲဒါကို လုပ်ပေးဖို့ ဆိုတဲ့ ရည် ရွယ်ချက်လည်းပါတော့ သူက တပ်နဲ့ အရင်တွေ့တယ်။ တွေ့တော့ ကာကွယ်ရေးဦးစီးချုပ်ကလည်း တောင်းဆိုတယ်။ အဲဒီအခါမှာ သူကလည်း ကတိပေးပြီးတော့ ဖြစ်မြောက်အောင်လုပ်တယ်ပေါ့။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
114
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
168

ဖြစ်မြောက်အောင်လုပ်တဲ့ အခါကျတော့ ဒီငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ပွဲဖြစ်ရတဲ့ Source ၂ ခုနဲ့တော့ သူက ညှိနှိုင်းပြီးပြီ။ ဒါဆိုရင် အောင်မြင်ဖို့ပဲ ရှိတော့တယ်ပေါ့။ တကယ်တန်း ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ အကြောင်း အရင်းက လက်နက်ကိုင် ပဋိပက္ခကြောင့်ဆိုရင်တော့ သူညှိနှိုင်းတာ အောင်မြင်တယ်လို့ ပြောနိုင်တာပေါ့။

သို့သော် တကယ်တန်း ရွေးကောက်ပွဲ လုပ်ရမယ့်အဖွဲ့က UEC ဖြစ်နေတယ်။ ဒါကြောင့် UEC ကို တိုက်တွန်းဖို့ အတွက် ကို သူက မြေပြင်မှာ ကိုယ်တိုင်သွားလေ့လာလိုက်သေးတယ်။ ပြီးတော့မှ အဲဒီအချက်အလက်တွေကို ကိုင်ပြီး UEC နဲ့ သွားပြောတယ်။

ကျနော်ကတော့ ကြားဝင်စေ့စပ်သူ့ရဲ့ အခန်းကဏ္ဍက တာဝန်ကျေတယ်လို့ပဲ သုံးသပ်ပါတယ်။ သို့သော် တာဝန်ယူ ဆောင်ရွက်မယ့် အဖွဲ့က လုပ်ချင်စိတ် မရှိတာပေါ့။ ဂျပန်သံတမန် ဘာမှားသွားသလဲဆိုရင်တော့ အဓိက သူဂျပန်က လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်တွေ့ရမှာ။ တပ်ကို ဝင်တွေ့လိုက်တဲ့အခါကျတော့ ဒီ Idea က တပ်က လာတာလို့ ထင်ကုန်ရော။ ဆိုတော့ အောင်မြင်ရင် တပ်က Credit ရမယ့် သဘောဖြစ်သွားတာပေါ့။ ဒေါ်အောင်ဆန်း စုကြည်ကို အရင်ဝင်တွေ့ ၊ ပြီးမှ သူ ညှိနှိုင်းပေးချင်တယ်။ ဘာညာဆိုရင် . . အဲလိုဆိုရင် အဆင်ပြေနိုင်တယ်။ ပြီးမှ တပ်ကိုတွေ့ပေါ့။ အခုက တပ်ကို အရင်တွေ့လိုက်တဲ့အခါကျတော့ အဆင်မချော ဖြစ်သွားတာပေါ့။

ဒေါ်အေးနုစိန် (ပြောရေးဆိုခွင့်ရှိသူ)
ရခိုင်အမျိုးသားပါတီ (ANP)

ဒေါ်အေးနုစိန် (ပြောရေးဆိုခွင့်ရှိသူ) ရခိုင်အမျိုးသားပါတီ (ANP)

ကျမတို့ ဒီနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ရွေးကောက်ပွဲ ဆိုင်ရာမှာတော့ အစွမ်းကုန် အာဏာ အပ်နှင်းထားတာက ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ဖြစ်တယ်။ ဒါပေမယ့် လုံခြုံရေးကြောင့်ပဲဖြစ်ဖြစ်၊ မိုးလေဝသကြောင့်ပဲ ဖြစ် ဖြစ် ရွှေ့ဆိုင်းနိုင်တယ်။ လုံခြုံရေး ရှိတဲ့နေရာတွေမှာ ကျင်းပနိုင်တယ်။ ဘယ်နှစ်ရာခိုင်နှုန်းပြီးရင်တော့ ဘယ်အဆင့်ကို တော့ ကြေညာနိုင်တယ်။ စသဖြင့်ပေါ့လေ။ ပြဌာန်းချက်တွေရှိတယ်။ အဲဒီအခါကျတော့ ရွှေ့ဆိုင်းနိုင်တယ် ဆိုတဲ့ နေရာမှာ ပယ်ဖျက်တယ်ဆိုတာ ဖြစ်သွားတယ်။

ကျမလေ့လာမိသလောက် ရွှေ့ဆိုင်းနိုင်တယ်။ အခုတော့ ပယ်ဖျက်လိုက်တယ်။ ဒါကို လုံခြုံရေးအရဆိုရင် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ မြန်မာ့တပ်မတော်ရယ်။ ULA/AA ရယ်က ဒီရွေးကောက်ပွဲသာ လုပ်မယ်ဆိုရင် အပစ်အခတ် ရပ်စဲတယ် ဆိုပြီး Statement ထုတ်ခဲ့တယ်။ လက်တွေ့မြေပြင်မှာလည်း အပစ်ရပ်ခဲ့တယ်။ ဒါပေမယ့် ကြားဝင်ညှိနှိုင်းတဲ့အပေါ်မှာ ငြင်းဆန်လိုက်တဲ့ သဘောတွေ၊ ကြားဝင်စေ့စပ်တဲ့သူက မှတ်ချက်ပေးတဲ့အပေါ်မှာတော့ ကျမတို့အနေနဲ့ အထွေအထူး မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောချင်ပါတယ်။

အာဏာကုန် အပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်ကလည်း မလုပ်ဘူးဆိုတဲ့ဘက်က ရပ်တည်ပြီးတော့ သူတိုက်တွန်းထားတာတွေကို မဖော်ပြဘဲနဲ့ မလုပ်ဘူးဆိုတာမျိုး ပြောတယ်ပေါ့။ သူ့အမြင် ကိုယ့်အမြင်ဆိုတာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်ရှိပါတယ်။ အခြေအနေမှန်ကို ပြည်သူသိဖို့ လိုအပ်တယ်ဆိုတာကိုတော့ ကျမတို့ ရပ်တည်သွားမှာ ဖြစ်ပါတယ်။

ဦးအောင်သူငြိမ်း (ဒါရိုက်တာ)

ဦးအောင်သူငြိမ်း (ဒါရိုက်တာ)

သူ့(မစ္စတာ ဆာဆာကာဝါ)ရဲ့ (Position)က ကျတောသူက အထူးသံလို့ ခေါ်တာပေါ့။ Special Envoy ပေါ့နော်။ အဲဒီ တော့ မြန်မာပြည်မှာ Special Envoy က ၃ ယောက်ပဲ ရှိတယ်။ တရုတ်က ခန့်တာတယောက်။ နောက်တခါကျတော့ UN က ခန့်တာတယောက်။ ဂျပန်က ခန့်တာ တယောက်။

ဆိုလိုတာက အဲဒီလို Special Envoy ခန့်ပေးတယ်ဆိုတဲ့ သဘောက ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သူက အဲဒီနိုင်ငံတွေက အလေးပေးပါတယ်ပေါ့။ Seriously လုပ်ပါမယ်ဆိုတဲ့ သဘောမျိုးတွေရှိတာပေါ့နော်။ ရှိတဲ့အခါ ကျ တော့ အဲဒီတော့ အခုကိစ္စမှာလည်း ကျနော်မြင်တာက သူက တကယ့်ကို ထဲထဲဝင်ဝင် စေတနာပါလို့ ဒီလောက်ကြီး ထဲထဲဝင်ဝင် ဖြစ်သွားတာလို့ ကျနော်ထင်တယ်။

ကျနော်မြင်တာတော့လည်း စိတ်ပျက်တယ်တို့ ဘာတို့ ပြောတယ်ဆိုတာကလည်း တမျိုးပြောရင်တော့ ဖိအားပေးတဲ့ သဘောမျိုးပဲပေါ့နော်။ နိုင်ငံရေးမှာတော့ အဲလို အယူအဆမျိုးရှိမယ်တော့ ထင်ပါတယ်။

ကျနော်က ကြားရသလောက် ကြားဖူးသလောက်ပေါ့နော်။ ဆာဆာကာဝါကြီးက ဗမာပြည်ပေါ် တော်တော် သံယော ဇဉ် ရှိတယ်ဗျ။ နောက်တခုက ကျတော့လည်း ပြင်ပကမ္ကာမှာလည်း သူကဩဇာ ရှိတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံရေး ဒီအသိုင်းအဝိုင်းနဲ့လည်း ဝင်ဆန့်တယ်ပေါ့နော်။ အဲလိုဟာမျိုးပါပဲ။ ဆိုတော့ သူကူညီခဲ့ပေးတာလည်း ရှိတယ်။ တဖက်ကကျတော့ သူ့ဘက်က Feeling ဖြစ်တာက ဂျပန်မှာ ဒုတိယကမ္ကာစစ်ပြီးတဲ့အချိန်မှာ ထမင်းငတ်နေကြတယ် လေ။ အဲဒီအချိန်မှာ ဗမာပြည်က ပို့တဲ့ဆန်ပေါ့ဗျာ။ အဲဒါ သူတို့ ပထမဦးဆုံးစားရတယ်ဆိုတဲ့ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးအရ ဒီနိုင်ငံကို ကြွေတာရှိတာပေါ့နော်။ အဲဒီလိုဟာမျိုးလည်း ပါတာပေါ့။

မုံရွာ အောင်ရှင် (ဗဟိုပြန်ကြားရေး တာဝန်ခံ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်

မုံရွာ အောင်ရှင် (ဗဟိုပြန်ကြားရေး တာဝန်ခံ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဟိုဘက်ရှမ်းပြည်နယ် တချို့ဒေသတွေမှာ တည်ငြိမ်မှု မရှိဘူး။ နောက်လုံခြုံရေးအရလည်း အန္တရာယ်ရှိတယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်က ဒီဟာကို ကျင်းပခွင့် ကန့်သတ် လိုက်တယ်ပေါ့လေ၊ အဲဒါတချက်။

သို့သော်လည်းပဲ အခုနောက်ပိုင်းမှာ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ထူးခြားမှုတွေ တွေ့လာရတယ်လေ။ ပထမဆုံး ထူး ခြားမှုက ဘာလည်းဆိုတော့ အဲဒီဘက်မှာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ဟာက ထူးခြားမှု ရှိလာတယ်။ တပ်မတော်က လည်း အပစ်အခတ် ရပ်စဲတယ်။ AA ကလည်း အပစ်အခတ် ရပ်စဲတယ်ပေါ့။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်း တာက တပ်မတော်နဲ့ AA နဲ့ အွန်လိုင်းကနေပြီးတော့ အပြန်အလှန် ဆွေးနွေးတာလေးတွေလည်း ရှိလာတာပေါ့။

ဒါတွေကတော့ အပစ်အခတ် ရပ်စဲတယ်ဆိုကတည်းက ကျနော်တို့က ကြိုဆိုရမှာပါပဲ။ ကြိုဆိုပါတယ် ဒီဟာကို။ နောက် တခါ အပစ်အခတ် ရပ်စဲတယ်ဆိုလိုက်တာနဲ့ ဒေသမှာရှိတဲ့ လူအသေအပျောက် မရှိတော့ဘူး။ အေးအေးချမ်းချမ်းနဲ့ ဖြစ်လာတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ကိုပြန်တဲ့ လူပြန်နေကြပြီပေါ့ ဒါကောင်းတဲ့ လက္ခဏာပါပဲ။ အဲဒီ အပေါ်မှာ ဆာဆာကာဝါတို့ ဦးဆောင်တဲ့ အဖွဲ့ရောက်သွားပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပေါ့လေ၊ ကြိုးစားကြ တယ်ပေါ့။

ဆာဆာကာဝါ မတိုင်ခင်ကတည်းကပါပဲ။ တပ်မတော်ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် AA ရဲ့ တောင်းဆိုချက် ကို သူတို့လည်း ထောက်ခံတာတွေ ဖြစ်လာတာတွေ ကျနော်တို့ ကြားနေရတာပါပဲ။ အဲဒီဟာပေါ်မှာ ဆာဆာကာဝါတို့ ကလည်း အဲဒီဒေသမှာရှိတဲ့ လူထုတချို့နဲ့ တွေ့ ပြီးတော့ ဒါရွေးကောက်ပွဲ ကျင်းပလို့ရပြီ ဒီနယ်မြေ တည်ငြိမ် အေးချမ်း ပြီ ဆိုပြီးတော့ ထုတ်ပြန်တာတွေ တွေ့ရတယ်ပေါ့။ အဲဒီဟာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

သို့သော် တချက်တော့ ရှိတယ်။ ဆာဆာကာဝါတို့က အချိန်ပိုင်း လောက်ပဲ ရက်ပိုင်းလောက်ပဲ သူတို့ ရောက်ခဲ့တာ ကိုး။ နောက်နေရာ အနှံ့လည်း မရောက်ဘူးပေါ့နော်။ အဲဒါ တချက်ရှိတယ်။ နောက်တချက်က ရွေးကောက်ပွဲ လုပ် တယ်ဆိုတာက ရက်ပိုင်းလောက် လပိုင်းလောက်နဲ့ တည်ငြိမ်တယ်ဆိုတာ မျိုးလောက်ဆိုတာ ထက်ပေါ့လေ။ တ ကယ်ကို တလျောက်လုံး တည်ငြိမ်ပြီးတော့ တကယ့်လုံခြုံရေးအရ အာမခံနိုင်တဲ့ အနေအထားမျိုး ရှိရင်တော့ ပိုပြီး တော့ ကောင်းတာပေါ့နော်။ အဲဒါကြောင့် ကျနော်မြင်တာတော့ UEC အနေနဲ့ ဆာဆာကာဝါတို့ တင်ပြတဲ့အပေါ်အမှာ လုံး၀ ဂရုမစိုက်တာတော့ ဟုတ်မယ် မထင်ဘူး။

သို့သော် သူတို့လည်း ရုတ်တရက်ပေါ့လေ၊ ချက်ခြင်း အချိန်တိုအတွင်းမှာ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ကျင်းပပေးဖို့ ဆိုတာကတော့ ဒါကတော့ ဘယ်အုပ်ချုပ်ရေး အင်စတီကျူးရှင်းပဲဖြစ်ဖြစ် ဘယ်ရွေးကောက်ပွဲကော်မရှင်ပဲဖြစ်ဖြစ်လေ။ ဒါကတော့ ချက်ခြင်းလုပ်ပေးနိုင်မယ်လို့ မထင်ဘူး။ ချက်ချင်း Response လုပ်လိမ့်မယ်တော့ ကျနော်တော့ မထင်ဘူး။ အဲဒီအနေအထားလို့ပဲ ကျနော်မြင်ပါတယ်။

ဝေဖန်တာကတော့ သူ့ထင်မြင်ချက်သူ ပေးပိုင်ခွင့်ရှိပါတယ်။ ကျနော်အဲလိုပဲမြင်တယ်။ မဝေဖန်နဲ့လို့တော့ ကျနော် တော့ မပြောလိုပါဘူး။ သို့သော်လည်းပဲ ခုနကပြောသလိုပေါ့။ ပြဿနာတခုက အဖြေရရုံနဲ့တော့ မပြီးဘူး။ နောက် ဆက်တွဲ ပြဿနာတွေကိုပါ ထည့်ပြီးတော့ စဉ်းစားကြရတာကိုး။ နောက်တခါ လတ်တလော အနေအထား တခုထဲကို တော့ မကြည့်သင့်ဘူး။ ရေရှည်အနေအထားကိုတော့ ကြည့်သင့်တယ်။

အဲဒီလိုအနေအထားတွေ ဘက်ပေါင်းစုံပေါ့ဗျာ။ ကြည့်ပြီးတော့မှ ဒီကိစ္စကို ပြောကြ ဆိုကြ လုပ်ကြ ကိုင်ကြရင်တော့ ကောင်းမယ်လို့ပဲ ထင်ပါတယ်။

You may also like these stories:

ရွေးကောက်ပွဲကော်မရှင်ကို စိတ်ပျက်တယ်ဆိုတဲ့ ဆာဆာကာဝါ

လာမည့် ပြည်နယ်အစိုးရသစ်အပေါ် ရခိုင်ပြည်သူတွေ ဘယ်လိုမျှော်လင့်ကြသလဲ

သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း
ထ
Your Thoughts …
Tags: မစ္စတာ ဆာဆာကာဝါရခိုင်ပြည်နယ်ရွေးကောက်ပွဲ
ဇင်လင်းထက် နှင့် သီဟလွင်

ဇင်လင်းထက် နှင့် သီဟလွင်

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ စစ်ဆေးသည့် စက် လှူဒါန်းစဉ်  / WSTV

တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်

၂၀၂၀ ပြည့်နှစ်အတွင်း လူမှုကွန်ရက် မီဒီယာ Twitter ပေါ်မှာ လွှမ်းမိုးခြယ်လှယ်မှုတွေ များစွာ ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း Twitter ပေါ်မှာ လွှမ်းမိုးခဲ့သူများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved