Coronavirus Update

နီပေါမှာ COVID-19 ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်

Want create site? Find Free WordPress Themes and plugins.

ကူးစက်မှုနှုန်း တရှိန်ထိုး မြင့်တက်လာတဲ့ နောက်ထပ် တောင်အာရှနိုင်ငံ တနိုင်ငံဖြစ်တဲ့ နီပေါနိုင်ငံဟာ အိန္ဒိယပြီးရင် ကူးစက်မှုနှုန်းအများဆုံးနဲ့ ဒုတိယနေရာ လိုက်လာပါတယ်။ နိုင်ငံတွင်း ကူးစက်မှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက လူဦးရေထူထပ်တဲ့ မြို့တော် ခတ္တမန္ဒူမှာပါ။

တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်ပြီးရင် ကူးစက်ခံလူနာ အရေအတွက် စတုတ္ထ အများဆုံးနေရာမှာ ရှိနေပြီး ကူးစက်မှုနှုန်းကတော့ ဒုတိယနေရာ ရောက်လာပါတယ်။ လက်ရှိ နိုင်ငံအတွင်း ကူးစက်ခံလူနာ စုစုပေါင်း ၁၁၁,၈၀၂ ယောက်နဲ့ သေဆုံးလူနာ ၆၄၅ ယောက် ရှိသွားပါပြီ။

နောက် ၂ ပတ်ကျော်မှာ ကျင်းပတော့မယ့် ဟိန္ဒူဘာသာဝင်တို့ရဲ့ Dashain ပွဲတော်ရက်အတွက် အကာအကွယ် မပါဘဲ လွတ်လွတ်လပ်လပ် ဈေးဝယ်ထွက်နေသူတွေကြောင့် ခတ္တမန္ဒူမြို့ခံတွေ ကူးစက်ခံမှု များလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 ထိန်းချုပ်ရေးစင်တာက ခတ္တမန္ဒူမြို့ပေါ်က ဗိုင်းရပ်စ် ကူးစက်မှုနှုန်းများတဲ့ နေရာတွေကို ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ တပတ်ကျော်က ထုတ်ပြန်ချက် မြေပုံအညွှန်းဖြစ်လို့ လက်ရှိအချိန်မှာ အဆိုပါနှုန်းထက် ပိုကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

အောက်တိုဘာ ၉ ရက်မှာ နီပေါနိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာအသစ် ၂၀၀၀ ကျော် တိုးလာတာကြောင့် စုစုပေါင်း ၁ သိန်းကျော်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးလူနာ ၁၀ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ၆၀၀ ကျော်သွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့က ၂၄ နာရီအတွင်း လူနာအသစ် ၂၀၀၀ ကျော်မှာ ခတ္တမန္ဒူမြို့ တမြို့တည်းနဲ့တင် လူနာပေါင်း ၁,၄၀၉ ယောက် ရှိခဲ့ပါတယ်။ ဒါဟာ အောက်တိုဘာ ၈ ရက်က ကူးစက်လူနာအသစ် ဦးရေ ၂,၅၄၀ ပြီးရင် ဒုတိယ အများဆုံးရက်လည်း ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ အခုလို မြို့တော်ခတ္တမန္ဒူမှာ ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်လာတာဟာ မြို့ခံတွေရဲ့ စည်းကမ်းမဲ့ အပြုအမူတွေကြောင့်ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုလိုက်ပါတယ်။ ဒီတပတ်ထဲမှာတင် ပွဲတော်ရက်အတွက် ဈေးဝယ်ထွက်နေတဲ့ လူအုပ်ကြီးကို မြို့တော်ရဲ့ လမ်းတွေပေါ်မှာမြင်တွေ့ရမှာပါ။

လူအများစုက အကာအကွယ် နှာခေါင်းစည်း Mask မတပ်ကြသလို တယောက်နဲ့ တယောက်လည်း Social distancing အရ ခပ်ခွာခွာ နေတာမျိုးတွေ မရှိကြပါဘူး။ “ကူးစက်မှုတွေဟာ ပွဲတော်ရက်နဲ့ လာမယ့် ဆောင်းရာသီ ကာလမှာ ပိုဆိုးလာနိုင်တယ်” လို့ ကူးစက်ဆေးရုံ အကြီးအကဲ Teku Anup Bastola က ဆိုပါတယ်။

Ref: Nepal Times

You may also like these stories:

ကိုဗစ်ရောဂါအတွက် ဒေါ်နယ်ထရမ့်ကို ကျွေးတဲ့ ဆေးတွေ

တောင်ကိုရီးယားမှာ Social distancing ထိန်းချုပ်မှု ပထမအဆင့်သို့ ပြန်ဖြေလျှော့

ကိုဗစ်လူနာတချို့ မိသားစုဝင် လိုက်ပါစောင့်ရှောက်နိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading