Entertainment

၅ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့နှစ်မှာ စစ်မှုထမ်းပြီးစီးခဲ့တဲ့ မင်းသား Kim Soo Hyun ကို မကြာမီ ဒရာမာ ဇာတ်လမ်းတွဲ တခုမှာ ပြန်လည် မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။ မင်းသား Kim ဟာ “Psycho But It’s Okay” ဆိုတဲ့ ဒရာမာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ tvN ရုပ်သံလိုင်းကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်မှုထမ်း ပြီးစီးခဲ့ချိန်ကစလို့ မင်းသားဟာ tvN ရုပ်သံလိုင်းကနေပဲ ထုတ်လွှင့်ခဲ့တဲ့ “Hotel Del Luna” နဲ့ “Crash Landing on You” ဒရာမာတွေမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖြစ်ပါတယ်။ အခု “Psycho But It’s Okay” ဒရာမာကတော့ ၂၀၁၅ ခုနှစ်မှာ ပြသခဲ့တဲ့ “Producer” ဒရာမာနောက်ပိုင်း ပထမဆုံး ပြန်လည် သရုပ်ဆောင်တဲ့ ဒရာမာ ဖြစ်လာမှာပါ။

အခု ဒရာမာကတော့ မွေးရာပါ ချို့ယွင်းချက်ကြောင့် အချစ်ဆိုတာကို သိခွင့်မရတဲ့ ပုံပြင် စာရေးဆရာမ တဦးနဲ့ အချစ်အတွက် အချိန်မရှိတဲ့ စိတ်ရောဂါကုသရေးဌာနက ကျန်းမာရေးလုပ်သားတဦးတု့ိရဲ့ အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီနှစ်ယောက်က တဦးနဲ့တဦး ဆုံတွေ့ခဲ့ပြီးတဲ့နောက် တယောက်ရဲ့ စိတ်ခံစားချက် နာကျင်မှု တွေကို ဖြေဖျောက်ဖို့ ကြိုးစားကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မင်းသား Kim ဟာ ငယ်စဉ် ကလေးဘဝကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့ ကျန်းမာရေး လုပ်သား Moon Kang Tae အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ်မှာပဲ သူ့မိသားစုရဲ့ တဦးတည်းသော ငွေကြေးထောက်ပံ့သူ ဖြစ်လာခဲ့ပါတယ်။

အော်တစ်ဇင်ဖြစ်နေတဲ့ အစ်ကိုဖြစ်သူကို ဘဝ တလျှောက်လုံး ကြည့်ရှု စောင့်ရှောက်လာရတဲ့အပြင် စားရေးသောက်ရေးသာမက နေထိုင်ရေးအတွက်ပါ လုံလောက်တဲ့ငွေကို အာရုံ စိုက်ရှာဖွေနေရသူလည်း ဖြစ်ပါတယ်။ တနေ့ထက်တနေ့ အဲ့ဒီလို အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေပြီး အနာဂတ်မှာ ဘဝကို ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက် အိပ်မက်မျိုး မရှိတဲ့သူလည်း ဖြစ်လို့နေပါတယ်။

“Psycho But It’s Okay” ဒရာမာကိုတော့ “Encounter” နဲ့ “Don’t Dare to Dream (Jealousy Incarnate)” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Park Shin Woo က တာဝန်ယူ ရိုက်ကူးမှာ ဖြစ်ပါတယ်။ မင်းသမီး Seo Ye Ji  ကတော့ အဓိကဇာတ်ဆောင် မင်းသမီးအဖြစ် ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ဒရာမာကို အခုနှစ်ရဲ့ ပထမနှစ်ဝက် ကာလမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: Soompi

You may also like these stories:

Did you find apk for android? You can find new Free Android Games and apps.
Loading