Entertainment

“No Time To Die” ဟာ Daniel Craig ရဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဟု ဆို

ဂျိမ်းစ်ဘွန်းရုပ်ရှင် ထုတ်လုပ်သူ Barbara Broccoli က သူ့ရဲ့ ရုပ်ရှင်အသစ်ဟာ မင်းသား Daniel Craig ရဲ့ နောက်ဆုံး 007 ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ မကြာခင် ဖြန့်ချိပြသတော့မယ့် “No Time To Die” ရုပ်ရှင်အတွက် စီစဉ်တဲ့ ပွဲတခုမှာ ထုတ်လုပ်သူက အခုလိုမျိုး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက “Casino Royale” ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းအဖြစ် ပထမဆုံး စတင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် ဗြိတိသျှမင်းသား Craig ကတော့ နောက်ထပ် ထွက်လာမယ့် ရုပ်ရှင်ပြီးရင် ဂျိမ်းစ်ဘွန်း သရုပ်ဆောင်အဖြစ်ကနေ နုတ်ထွက်မယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

ထုတ်လုပ်သူ Barbara က “ဒီရုပ်ရှင်က မူရင်း Classic ရုပ်ရှင်ပေမယ့် ခေတ်ဆန်တဲ့ လှည့်ကွက်နဲ့ ပါလာမယ်လို့ ထင်ပါတယ်။ ဒါဟာ Daniel Craig လုပ်ရမယ့် ပဉ္စမမြောက်နဲ့ နောက်ဆုံး ဖြစ်တာကြောင့် ပိုလို့ အရေးကြီးပါတယ်။ ဒါကြောင့် သူ့ရဲ့ ဇာတ်ကောင်မှာ သရုပ်ဆောက်ချက်တိုင်းဟာ ဇာတ်လမ်းတွေ အားလုံးနဲ့ ဟပ်မိနေပါတယ်။ ဒါဟာ တော်တော်လေးကို ထူးခြားတဲ့ရုပ်ရှင်လို့ ကျမ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

မင်းသား Craig ရဲ့ ပြောဆိုချက်တွေ ရှိပေမယ့် ပြီးခဲ့တဲ့ မတ်လတုန်းကတော့ မင်းသားဟာ ဂျိမ်းစ်ဘွန်း အဖြစ် သရုပ်ဆောင်ဖို့ မပြီးဆုံးသေးတဲ့အကြောင်း ထုတ်လုပ်သူက ပြောဆိုခဲ့ပါတယ်။ မင်းသားဟာ “Spectre” ရုပ်ရှင် ထွက်လာခဲ့ပြီးတဲ့နောက် အခုလိုမျိုး နုတ်ထွက်တော့မယ့်အကြောင်း ပြောဆိုခဲ့ပေမယ့် နုတ်မထွက်ဖြစ်ခဲ့ပါဘူး။

မကြာသေးခင်တုန်းက GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ ဇာတ်ညွှန်းအသစ်နဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေးရကြောင်း ပြောဆိုခဲ့ပြီး ရုပ်ရှင်က အချိန် ၅ နှစ်လောက် ရွှေ့ဆိုင်းနေရတာဟာ စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေးကို ခံရခက်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဟာ စီအိုင်အေမှ သူငယ်ချင်းဟောင်း Felix Leiter ရှိရာ ဂျမေကာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကမ္ဘာကျော် စပိုင်ဘွန်းအကြောင်း မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ မင်းသား Tom Hardy ဟာ ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ကို မင်းသား Craig ထံကနေ လက်လွှဲယူမယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် စူပါမန်းသရုပ်ဆောင် ဗြိတိသျှ မင်းသား Henry Cavill ဟာလည်း ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်တဲ့အကြောင်း မကြာသေးမီတုန်းက ပြောဆိုထားပါတယ်။

Ref: dailymail

You may also like these stories:

“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ

“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ Disney

“No Time To Die” ရုပ်ရှင်အထိပဲ James Bond နေရာမှာ သရုပ်ဆောင်မယ့် Daniel Craig

Loading