• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“မြင့်မြတ်က နာမည်နဲ့ လိုက်အောင် မြင့်မြတ်ပါတယ်”လို့ ယုန်လေး ပြော

by ချစ်ပိုး
21 December 2020
in Entertainment
A A
သရုပ်ဆောင် မြင့်မြတ်နဲ့ အဆိုတော် ယုန်လေး / Yone Lay's Facebook

သရုပ်ဆောင် မြင့်မြတ်နဲ့ အဆိုတော် ယုန်လေး / Yone Lay's Facebook

5.2k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မြင့်မြတ်နဲ့ ညီအစ်ကိုလို ပေါင်းသင်းနေတဲ့ အဆိုတော် ယုန်လေးက မြင့်မြတ်ရဲ့ စိတ်ထားနဲ့ စိတ်ဓာတ်အကြောင်း သူ့ရဲ့ Facebook အကောင့်မှာ အခုလိုပဲ ပြောပြထားပါတယ်။

“ဘယ်သူ ဘာဖြစ်ဖြစ် သူကူညီတယ်။ စက်အဖွဲ့ က အရမ်းရင်းတဲ့ လူတွေရော၊ မရင်းတဲ့ လူတွေရော ဆေးရုံတက်တာတို့၊ တခုခု အဆင်မပြေဖြစ်တာတို့ သူကူတယ်။ လူတိုင်းကို အမြင်မတော်ရင် ကူညီနေတဲ့ မြင့်မြတ်၊ သူအဖေ၊ အမေ အရင်းကို ဘာမှ မလုပ်ပေးဘူး၊ ကျေးဇူး မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ သေချာ စဉ်းစားစေချင်ပါတယ်။ ဝေဖန်တာ မစောစေချင်ပါဘူး။ တလောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ် သိပါတယ်။ ချက်ချင်း ဘယ်သူ့မှ ဝင်မပြောကြတာ မိသားစုရေး ဖြစ်နေလို့ပါ”လို့ ယုန်လေးက ပြောပါတယ်။

ဒုက္ခရောက်နေသူတိုင်းကို အမြဲတမ်း ကူညီပေးတတ်တဲ့ မြင့်မြတ်ဟာ မိဘအပေါ် သိတတ်တဲ့သူ ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။

“သူ့အဖေကို ဘယ်အိမ် ဝယ်ပေးလိုက်တယ်။ အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ်။ ညီမလေးတွေကို ဘာဆိုင် ဖွင့်ပေးလိုက်တယ်။ သူလူသိအောင် မပြောပြခဲ့ဘူးလေ။ အဲ့လိုပြောလို့ အဖေ၊ အမေကို အိမ်ဝယ်ပေးပြီး Facebook ပေါ်ပီတိအဖြစ်နဲ့ တင်တဲ့သူများကိုလည်း စော်ကားခြင်း မဟုတ်ပါ။ ကျနော်တို့ကိုယ်တိုင် ကြည့်ပြီး အဲ့လို Post တိုင်းကို ကြည်နူးမိပါတယ်”

“Excel မှာ အခန်းဝယ်ပေးတယ်။ ရွှေဂုံတိုင်မှာ ကွန်ဒို ဝယ်ပေးတယ်။ ဦးအတွက် Crown ဝယ်ပေးတယ်။ ညီမလေးတွေအတွက် လုပ်ချင်တဲ့ အလုပ်လေးတွေ သူလုပ်ပေးတယ်။ ရင်းနှီးပေးတယ်။ လတိုင်း မိသားစုကို ကန်တော့တာ စိတ်ထဲက မှန်းကြည့်၊ ဘယ်လောက် ဖြစ်နိုင်မလဲ။ မှန်းကြည့်တာထက် ၃ ဆလောက် များပါတယ်”လို့ ယုန်လေးက ပြောပါတယ်။

အင်တာဗျူးတခုမှာ မြင့်မြတ်ရဲ့ ဖခင်ဖြစ်သူ အဖြေနဲ့ ပတ်သက်ပြီး ဘာကြောင့် မြင့်မြတ် ဖုန်းမကိုင်လဲ ဆိုတာကို အခုလိုပဲ ဆိုပါတယ်။

သရုပ်ဆောင် မြင့်မြတ်တို့ မိသားစု (ဓာတ်ပုံ – Myint Myat’s Facebook)

“လူတိုင်းမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို ကိုဗစ်အချိန် ကာလမှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ်။ စိတ်ညစ်စရာ များစွာ ရှိပါတယ်။ အဲ့ဒါကြောင့် အရင် Live မလွှင့်၊ Facebook မသုံးတဲ့လူ စိတ်ထွက်ပေါက်အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ်။ ကပြတယ်။ အလွတ် ပျော်ပျော်နေတယ်။ ပရိတ်သတ်လည်း ပျော်တယ်၊ သူလည်း ပျော်တယ်”

“Live မှာ တွေ့ရတာလည်း ဒါသူ့ဘဝပုံစံပဲ။ အထာမရှိဘူး ပေါ့ပါးတယ်။ အနုပညာ အရည်အချင်း ခမ်းနားတယ်။ နေတာထိုင်တာ မခမ်းနားဘူး။ ညှပ်ဖိနပ်နဲ့ ဘောင်းဘီတိုပဲ။ ဒါပဲလေ သူ့ဆီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ်။ ကျနော်ပြောလည်း စိတ်ညစ်တာပဲ ရှိမှာပါဆိုပြီး သူပြောနေကျ စကား အချိန်တန်ရင် သူ့ဟာသူ ဖြစ်သွားလိမ့်မယ် ပြောပြီး အမြဲတမ်း ရယ်တယ်”လို့ ယုန်လေးက ဆိုပါတယ်။

ဆက်လက်ပြီး “အဲ့ဒါကြောင့် သူ ဖုန်းပိတ်ထားတာ များပါတယ်။ ဘယ်မှလည်း မသွားဘူး။ အိမ်မှာပဲ ရှိပါတယ်။ ကျနော်တို့ တွေ့ချင်လည်း အိမ်ပဲသွားတာ။ အရေးကြီးတဲ့အချိန် ဆက်မယ်ဆိုလည်း ဘယ်သူဆက်ဆက် မန်နေဂျာနဲ့ သူ့ဘေးနားရှိတဲ့ ညီလေးဆီ ဆက်ရင် မြင့်မြတ် ကိုယ်တိုင် မကိုင်တာမှ မရှိတာ။ လူအများကိုတော့ ထင်သလို မဟုတ်ပါဘူးလို့ပဲ အတိကျပြောချင်ပါတယ် ခင်ဗျ”

“ကျနော်လည်း ဘယ်ကိစ္စမှ မပါတော့တာ ကြာပါပြီ။ မြင့်မြတ် ကိစ္စကတော့ ဘာဖြစ်နေနေ ကျနော်တို့ သူ့ဘက်က အပြည့်အဝ ရပ်တည်ပြီးသားပါ။ တကယ်လည်း ကျနော် ပြောတာတွေ အမှန်တရားတွေချည်းပါပဲ။ အားလုံး ကျေးဇူးတင်ပါတယ်။ မြင့်မြတ်က နာမည်နဲ့ လိုက်အောင် မြင့်မြတ်ပါတယ်”လို့ ယုန်လေးက ပြောထားပါတယ်။

ယုန်လေးကတော့ မြင့်မြတ်နဲ့အတူ အနုပညာ အလုပ်များစွာ တွဲလုပ်ခဲ့သူဖြစ်ပြီး “အော်ရဂျင်နယ် ဂန်းစတား” ရုပ်ရှင်တွေမှာလည်း အတူ ပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင်အစည်းအရုံးမှ ယုန်လေးအား ခေါ်ယူ သတိပေးစဉ်ကလည်း မြင့်မြတ်က လိုက်လံ ကူညီ ဖြေရှင်းပေးခဲ့ပါတယ်။

You may also like these stories:

“အလှမယ်တယောက်အဖြစ် ယှဉ်ပြိုင်မှုကို တပ်မတော်က အားပေးကြတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
152
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ခင်ရတနာစိုးကို ဆက်ပြီး ဝန်းရံပေးကြဖို့ နီနီခင်ဇော် ပြော

ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး

Your Thoughts …
Tags: စိတ်ထားမြင့်မြတ်ယုန်လေးအော်ရဂျင်နယ် ဂန်းစတား
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

လာမည့်သင်္ကြန်ပွဲတော်တွင် အဆိုတော် ယုန်လေးက စီစဉ်နေပြီး သူ့နောက်တွင် ဗိုလ်မှူးချုပ် ကျော်မိုးသက်မှာ ရှိနေသေးသည်

ယုန်လေးနောက်က ကျားမှုန်

by ဧရာဝတီ
22 March 2023
27.7k

လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံသည့် ဇာတ်ဝင်ခန်းပါသော MTV သီချင်းအတွက် အဆိုတော် ယုန်လေး ကျပ်သိန်း နှစ်ထောင်ရရှိခဲ့သည်

ယုန်လေး စပွန်ဆာ ကျားမှုန် တံတားဦးမှ ရွေးကောက်ပွဲ ဝင်မည်

ယုန်လေး စပွန်ဆာ ကျားမှုန် တံတားဦးမှ ရွေးကောက်ပွဲ ဝင်မည်

by ဧရာဝတီ
30 November 2025
2.1k

“ငါတို့အားလုံးရဲ့မြေ” MTV အတွက် စပွန်ဆာပေးခဲ့သူ ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း တံတားဦးမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

by ဧရာဝတီ
28 October 2025
161

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေဟာ စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တဘက်လှည့်နဲ့ ထောက်ခံလိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေး အနုပညာရှင်တွေက ဆိုလိုက်ပါတယ်။

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ရခဲ့တဲ့ မြင့်မြတ်  / မျိုးမင်းစိုး / ဧရာဝတီ

“အကယ်ဒမီ မြင့်မြတ် ဖြစ်သွားပါပြီ”ဆိုပြီး ပရိသတ်တွေကို ပြောလိုက်တဲ့ မြင့်မြတ်

by ယုဖြူဟန်
23 March 2018
11.2k

မြင့်မြတ်ကတော့ ယခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများထဲမှာ ဟာသရုပ်ရှင် ဇာတ်ကားများ အရေအတွက်က များနေပြီး ဒရာမာဇာတ်ကား အနေဖြင့် “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားတကားသာ ပါရှိနေကာ

ဟာသသရုပ်ဆောင် အရိုင်း / ချစ်ပိုး / ဧရာဝတီ

“ဂျင်းကောင်” ကားမှာ မြင့်မြတ်အဖေ နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ အရိုင်း

by ချစ်ပိုး
8 February 2019
13.5k

“မြင့်မြတ်ကို ဂျင်းကောင်လို့ ပရိသတ်တွေက အသိအမှတ်ပြုကြတာ မြင့်မြတ်တော်လို့သာပေါ့။ မြင့်မြတ်သာ မတော်ရင် ပရိသတ်က ဘယ်အသိအမှတ်ပြုမလဲ။ သူဒီလိုလေးလုပ်နိုင်တာ တော်တယ်လို့ ပြောရမယ်”

Next Post
ယာယီ ပိတ်ထားလိုက်ပြီဖြစ်သည့် ပုဇွန်ဈေးရှိ ရွှေ့ပြောင်းလုပ်သား ၄ ထောင်ကျော်ကို ကိုဗစ် အခမဲ့ စစ်ဆေးပေးနေမှု  / Myanmar Labour Attache Office

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

လူ့အခွင့်အရေးနေ့က ဆန္ဒပြမှုအား ရဲတပ်ဖွဲ့က လူးစုခွဲခိုင်းနေသည့် မြင်ကွင်း

စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved