Entertainment

ကင်းမရွာအတွက် သရဖူ ရောင်းပြီး လှူမယ့် အလှမယ် ယမုံ

“Miss Myanmar World 2018 (2nd Runner up)” ဆုရှင် အလှမယ် ယမုံက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ ကင်းမရွာအတွက် သူဆုရရှိထားတဲ့ သရဖူကို မဲစနစ်နဲ့ ရောင်းချပြီး ရောင်းရငွေတွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ကင်းမရွာအတွက် ၁ သောင်းကို လှူရင်း သိန်း ၃၀ တန် Crown (သရဖူ) ကို ရမှာပါ။ “Miss Myanmar World 2018 Second Runner up Crown For Sale” ပထမက ဒီ Crown ကို ရောင်းဖို့ ကြိုးစားတဲ့အချိန်မှာ အားလုံးက အခက်ခဲဖြစ်နေတော့ ဝယ်ဖို့ အဆင်မပြေကြလို့ မရောင်းဖြစ်လိုက်ပါဘူး”

အလှမယ် ယမုံ ရောင်းချမယ့် Crwon (ဓာတ်ပုံ – Ya Mone’s Facebook)

“ဒီတခေါက်တော့ လိုအပ်တဲ့ နေရာတွေ လှူချင်လို့ Crown ကို မဲစနစ်နဲ့ ရောင်းချင်ပါတယ်။ တန်ဖိုးက ထိုင်းဘတ် ၆၅၀၀၀ (မြန်မာကျပ် ငွေ သိန်း ၃၀ နီးပါး) တန်ပါတယ်။ တမဲကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ မဲ ၃၀၀ ရောင်းပါမယ်ရှင်”လို့ အလှမယ် ယမုံက ပြောပါတယ်။

မြန်မာငွေကျပ် သိန်း ၃၀ နီးပါးတန်တဲ့ အဆိုပါ သရဖူကို တမဲလျှင် ငွေကျပ် ၁ သောင်းနှုန်းနဲ့ မဲ ၃၀၀ တိတိ ရောင်းချသွားမယ်လို့ သိရပါတယ်။

အလှမယ် ယမုံ (ဓာတ်ပုံ – Ya Mone’s Facebook)

“နံပါတ် ၁ ကနေ ၃၀၀ အထိ ကြိုက်တဲ့ မဲနံပါတ် ဝယ်ပါ။ Live လွှင့်ပြီး မဲဖောက်ပေးပါမယ်။ ရတဲ့ငွေအကုန်ကို လိုအပ်သူတွေကိုလည်း လှူဒါန်းချင်လို့ပါ။ မဲဝယ်မယ်ဆိုရင် Chat Box လာခဲ့ပေးပါ။ Crown က ကျောက်တွေကို ဖြုတ်ပြီး ပုံစံ ပြောင်းပြီး ပြန်လည် အသုံးပြုနိုင်ပါတယ်နော်”လို့ ယမုံက ဆိုပါတယ်။

အလှမယ် ယမုံ (ဓာတ်ပုံ – Ya Mone’s Facebook)

“ပေါက်ရင်လည်း ပျော်စရာကြီး။ မပေါက်လည်း လှူမှာဖြစ်တဲ့အတွက် ကုသိုလ်တွေ အများကြီးရမှာနော်။ Share ပေးကြပါ။ မဲ ၃၀၀ လောက်ပဲ ရောင်းမယ် သတ်မှတ်ထားပေမယ့် လှူဒါန်းသူများတဲ့အတွက် ကုသိုလ် ပါဝင်နိုင်အောင် အကောင့်နာမည်နဲ့ပဲ မဲဖောက်ပေးပြီး လှူဒါန်းသူများထဲမှ မဲဖောက်ပေးပါမယ်”လို့ ယမုံက ပြောထားပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ကင်းမရွာကို ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ပြီး၊ ဒေသခံများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် မီးလောင်မှုအတွင်း သက်ကြီးရွယ်အို အချို့နဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

You may also like these stories:

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး

Loading