Entertainment

“ဟား ၅ ကောင်” ရဲ့ တော်လှန်ရေးအငြိမ့် မကြာခင် ကြည့်ရှုနိုင်မည်

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက်ကိုင် နယ်မြေတခုကို ရောက်ရှိနေတဲ့ လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့ဟာ မကြာခင်မှာ ပရိသတ်တွေ ကြည့်ရှုနိုင်မယ့် အငြိမ့်ပွဲ စီစဉ်နေတယ်လို့ သိရပါတယ်။

“ကျနော်တို့ကို အငြိမ့်စင်ပေါ် ရောက်စေချင်နေပြီဆိုတဲ့ မိသားစုတွေ မကြာခင် အငြိမ့်ကြည့်ရတော့မယ်။ PVTV, D-Day, DVB အစရှိတဲ့ Channel တွေက လွှင့်လိမ့်မယ်။ ရယ်စရာတွေနဲ့အတူ အားရှိစရာ သတင်းတွေကို ပြက်လုံးအဖြစ် ကြိုးစားဖန်တီးမယ်”လို့ လူရွှင်တော် တိုင်းကျော်က ပြောပါတယ်။

အနုပညာနဲ့ တော်လှန်မယ့် “ဟား ၅ ကောင်” အငြိမ့်ကို စီစဉ်သူတွေဟာ နိုင်ငံရေးမှာရော အနုပညာမှာပါ တော်လွန်းကြသူတွေလို့ ဆိုပါတယ်။

လူရွှင်တော် တိုင်းကျော် (ဓာတ်ပုံ – Taing Kyaw’s Facebook)

“အနုပညာနဲ့ တော်လှန်မယ့် ဟာသသပိတ် “ဟား ၅ ကောင်ရဲ့ တော်လှန်ရေးအငြိမ့်” စီစဉ်သူတွေ၊ ဒါရိုက်တာတွေက နိုင်ငံရေးရော အနုပညာမှာပါ တော်လွန်းကြသူတွေဆိုတော့ သေချာတယ်။ ဟား ၅ ကောင်ရဲ့ အကောင်းဆုံး အငြိမ့်ခန်း မကြာခင် ကြည့်ရတော့မယ်”လို့ တိုင်းကျော်က ဆိုပါတယ်။

တိုင်းကျော်က သူနဲ့ ပိုးလေးကို စစ်ကောင်စီမှ လိုက်လံ ဖမ်းဆီးတာကြောင့် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်စဉ်မှာ ကျန် ၃ ယောက်ကပါ အတူ လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့ (ဓာတ်ပုံ – Taing Kyaw’s Facebook)

“ဘယ်လို ဒုက္ခကြုံကြုံ မညည်းညူဖူးကြဘူး။ မင်းကြောင့် ငါ့ကြောင့်တွေ မရှိဘူး။ အခုလည်း ဒီအတိုင်းပဲ ကျနော်နဲ့ ပိုးလေးကို လိုက်ဖမ်းပြီဆိုတော့ ကျန် ၃ ယောက်ကပါ အတူလိုက်ခဲ့တယ်။ ၃ ယောက်လုံး အတူတူ ပြောတဲ့စကားက ငါတို့က ဟား ၅ ကောင်လေတဲ့”လို့ တိုင်းကျော်က ပြောထားပါတယ်။

လူရွှင်တော် “ဟား ၅ ကောင်” အဖွဲ့ဟာ အဖွဲ့သားတွေ စုံလင်စွာနဲ့ တော်လှန်ရေး နယ်မြေမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်ဖို့ စစ်သင်တန်း တက်နေကြတာ ဖြစ်ပါတယ်။

“ဟား ၅ ကောင်” အဖွဲ့မှာ တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော်၊ ပြည်ကျော်တို့ ပါဝင်ပြီး၊ သူတို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ပြည်သူနဲ့အတူ တသားတည်း ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။

You may also like these stories:

“COVID-19 ထိန်းချုပ်ရင်း အာဏာရှင်ကို တော်လှန်ကြမယ်”

အသဲမာစပြုနေပြီဆိုတဲ့ တချိန်တုန်းက ပျော်တော်ဆက် “ဟားငါးကောင်အဖွဲ့”

“ပြေးတဲ့သူက တိုင်းပြည်အတွက် လိပ်ပြာလုံတယ်”လို့ တိုင်းကျော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading