• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အိမ် ၆၀ စာ “အာဟာရဒါန လက်ဆောင်” ပေးမယ့် အဆိုတော် မိစန္ဒီ

by ဧရာဝတီ
21 July 2021
in Entertainment
A A
အဆိုတော် မိစန္ဒီရဲ့ “အာဟာရဒါန လက်ဆောင်”  / Mi Sandi's Facebook

အဆိုတော် မိစန္ဒီရဲ့ “အာဟာရဒါန လက်ဆောင်” / Mi Sandi's Facebook

8.4k
VIEWS
Share on FacebookShare on Twitter

အဆိုတော် မိစန္ဒီက အခုလို ခက်ခဲနေတဲ့ ကာလမှာ ဖျားနေကြသူတွေ၊ စားရေးသောက်ရေး ခက်ခဲနေသူတွေအတွက် အစားအသောက်နဲ့ လက်ဆောင်အချို့ကို “အာဟာရဒါန လက်ဆောင်” အဖြစ် အိမ် ၆၀ စာ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

“အခုလို ခက်ခဲနေတဲ့ ကာလမှာ ဖျားပြီး ချက်ပြုတ်ဖို့ ခက်ခဲနေတာပဲဖြစ်ဖြစ်၊ အစားအသောက် ဝယ်ယူဖို့ အဆင်မပြေတာပဲဖြစ်ဖြစ် စားရေးသောက်ရေး ခက်ခဲနေတဲ့ ပရိသတ်ပြည်သူများထဲက အိမ် ၆၀ ကို အာဟာရဒါန လက်ဆောင်လေးများ ပို့ဆောင်ပေးချင်ပါတယ်ရှင်”

“မိစန္ဒီ ပေးမယ့် ဒါနလက်ဆောင်တွေကတော့ FIT Meal by PannEi ရဲ့ လူကြိုက်များတဲ့ ကြက်ပေါင်းရယ်၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဆေးဘက်ဝင် ပစ္စည်းတွေနဲ့ မီးအေးအေးလေးနဲ့ အကြာကြီး ပေါင်းထားတဲ့ ကြက်ပေါင်း ဖြစ်တာကြောင့် ယုံကြည် စိတ်ချစွာ စားသုံးနိုင်ပါတယ်။ အရသာလည်း အရမ်းကောင်းပါတယ်”

အဆိုတော် မိစန္ဒီရဲ့ “အာဟာရဒါန လက်ဆောင်” (ဓာတ်ပုံ – Mi Sandi’s Facebook)

“ပြီးတော့ ငှက်ပျောသီးရယ်၊ ဘီစကစ် အထုပ်ရယ်၊ My Boo က နောက်ဆုံးထွက်ထားတဲ့ Collection ထဲက COVID-19 Survivor Mask တခုရယ်၊ ကိုဗစ်ကို အနိုင်ယူ တွန်းလှန်နိုင်တဲ့ Covid Survivor တွေ ဖြစ်အောင်လို့ပါ။ နောက်ပြီး မိစန္ဒီ လက်ရေးနဲ့ ရေးပြီး sign ထိုးထားတဲ့ အမှတ်တရ အားပေးထားတဲ့ စာတစောင်ရယ် ထည့်ပေးထားပါတယ်”လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုပါ ပို့ဆောင်ပေးမယ့် အစားအသောက်များကို တကယ် လိုအပ်ပြီး ခက်ခဲနေသူများသာ ဦးစားပေး မှာယူကြဖို့ မိစန္ဒီက တိုက်တွန်းထားပါတယ်။

အဆိုတော် မိစန္ဒီ (ဓာတ်ပုံ – Mi Sandi’s Facebook)

“အားလုံးကို ပို့ချင်ပေမယ့် Delivery အခက်အခဲအရ ရန်ကုန်မြို့တွင်း ပရိတ်သတ်တွေသာ ပို့ပေးသွားနိုင်မှာပါ။ မိစန္ဒီရဲ့ အာဟာရဒါန လက်ဆောင်ကို လိုချင်ရင်တော့ Fit Meal by Pann Ei ရဲ့ Chat box ကနေ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေ လာပေးပါနော်။ ပထမဆုံး လာမှာတဲ့ လိပ်စာ ၆၀ ကိုသာ ပို့ပေးနိုင်မှာမို့ တကယ် လိုအပ်နေသူများသာ ဦးစားပေးချင်လို့ တကယ် ခက်ခဲနေမှသာ မှာပေးကြပါနော်”

“ဖုန်း မကိုင်နိုင်တာတို့၊ မထနိုင်တာတို့ ဘာတို့ဆိုလည်း လိပ်စာ၊ လမ်း၊ အိမ်နံပါတ် အတိအကျ ပေးထားပါ။ တံခါးမှာ ချိတ်ထားပေးဖို့တို့ ဘာတို့ ကြိုပြောပေးထားနော်။ သူများအတွက် ပို့ပေးဖို့ လာမှာမယ်ဆိုရင်လည်းပို့ပေးရမယ့်အိမ်တွေကို ကြိုတင် အကြောင်းကြားပေးထားကြပါ။ ဖုန်းဆက်ရင်လည်းကိုင်ပေးကြပါနော်။ Delivery တွေအတွက် အဆင်ပြေအောင်ပါ။ အိမ်ရှာ မတွေ့တာတွေ ဖြစ်မှာစိုးလို့ပါ”လို့ မိစန္ဒီက ပြောပါတယ်။

အစားအသောက် ပို့ဆောင်ပေးမယ့် ရက်ကိုတော့ ၂ ရက်ခွဲကာ ပို့ဆောင်မှာ ဖြစ်ပြီး၊ ဇူလိုင်လ၂၂ ရက်နေ့ မှာ အိမ် ၃၀၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ အိမ် ၃၀ တို့ အသီးသီး ပို့ပေးသွားမယ်လို့ သိရပါတယ်။

အဆိုတော် မိစန္ဒီ (ဓာတ်ပုံ – Mi Sandi’s Facebook)

“ဒီထက်ပိုပြီး အများကြီးကို ပို့ပေးချင်ပေမယ့် မိစန္ဒီတို့အတွက်ရော၊ အားလုံးအတွက်ရော အလွန် ခက်ခဲနေတဲ့ အနေအထားမှာ တခြား အောက်ဆီဂျင်တို့၊ လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း ဟိုဟိုဒီဒီတွေ လှူထားတာတွေရော၊ ကိုယ်တိုင်ကလည်း ငွေပြတ်နေလို့ ဒီလောက်ပဲ တပိုင်တနိုင် ဒါန လက်ဆောင်တွေ ပို့ပေးနိုင်တာ ခွင့်လွှတ်ပေးပါ”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

“ဒါန အစီအစဉ်လေးအတွက် အစစအရာရာ အဆင်ပြေအောင် ကူညီပေးတဲ့ Pann Ei တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေအတွက် အားတင်းထားပါ။ မကြာခင် အရင်လို ပျော်စရာအချိန်တွေ ရောက်လာတော့မယ်။ အားလုံးနဲ့အတူ ဆုံပြီး သီချင်းတွေ အတူတူ ပြန်ဆိုကြတာ့ပေါ့။ အရမ်းချစ်တယ်။ အရမ်းလွမ်းတယ်။ အရမ်း သေချာ ဂရုစိုက်ကြပါ”လို့ မိစန္ဒီက ပြောထားပါတယ်။

အဆိုတော် မိစန္ဒီဟာ မြန်မာနိုင်ငံမှာ ကိုဗစ် ပထမလှိုင်း ကူးစက်မှု စတင်ချိန်ကတည်းက “Go Away Corona” ဆိုတဲ့ သီချင်းကို ဖြိုးပြည့်စုံနဲ့အတူ ဖန်တီး သီဆိုခဲ့ပါတယ်။

You may also like these stories:

“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ

“Go away Corona” လို အကျိုးပြုသီချင်းသစ် ထပ်ဆိုထားတဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီ

COVID-19 နဲ့ ပတ်သက်ပြီး PPE နဲ့ Mask တွေ လှူဒါန်းဖြစ်တဲ့ မိစန္ဒီ

Your Thoughts …
Tags: COVID-19Fit Meal by Pann EiMaskကြက်ပေါင်းမိစန္ဒီလက်ဆောင်အစားအသောက်အာဟာရဒါန
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

by ဧရာဝတီ
30 October 2024
740

အမေရိကန်သို့ အသားနှင့် နို့ထွက်ပစ္စည်း တင်ပို့ရန် မြန်မာကို ခွင့်ပြုထားခြင်းမရှိဘဲ ထိုတရားမဝင်ပစ္စည်းများ အမေရိကန်သို့ မည်သို့ ရောက်လာသည်ကို အထက်ပါဌာနက စုံစမ်းစစ်ဆေးနေသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ

by ရေဗန်
31 January 2019
29k

ဂျင်းနဲ့ သံပုရာသီးကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ ဂျင်းဟာ ပျို့အန်ခြင်းကို ထိန်းပေးပြီး သံပုရာသီးကို ရေနွေးနဲ့ ဖျော်သောက်တာက ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို မြင့်တင်ပေးပါတယ်။

နှစ်ကူး လက်ဆောင်

နှစ်ကူး လက်ဆောင်

by ဒေါက်တာ သန်းထွန်း
27 December 2025
221

ဂျပန်မှာ လက်ဆောင်ပေးတဲ့ အင်အား အကြီးမားဆုံး အချိန်က၊ ဆယ်အိဗို (Seibo) ဆိုတဲ့ နှစ်သစ် မဝင်ခင်၊ နှစ်ဟောင်း ကုန်ချိန် ဒီဇင်ဘာ ၁၀ ရက်က လကုန်အထိ…

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

Next Post
ဖေဖော်ဝါရီလ ၈ ရက် ရန်ကုန်ရှိ ဆန္ဒပြသူတဦး ဒေါ်အောင်ဆန်းစုကြည် ပုံကို ကိုင်ဆောင်ထားစဉ် / ဧရာဝတီ 

NLD ကို ပိတ်ပင်ရုံဖြင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ရပ်ဆိုင်းမည် မဟုတ်

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး ကိုဗစ်ရောဂါဖြင့်ကွယ်လွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved