Health

ရေကို စနစ်တကျ မှန်ကန်စွာ သောက်သုံးပြီး ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုး ၅ ခု

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ်ရဲ့နေ့စဉ်လုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့ အတွက် ရေဓာတ်ဟာ မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ်ရဲ့ လေးပုံသုံးပုံဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားတာကြောင့် ရေကို လုံလောက်စွာ မသောက်သုံးရင် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ရေကို မှန်ကန်တဲ့ အချိန်မှာ သောက်သုံးရင် ခန္ဓာကိုယ် အတွက် ပိုမိုအကျိုးရှိစေ နိုင်တာကြောင့် ဘယ်အချိန်တွေမှာ မှန်မှန်ကန်ကန် သောက်သုံးသင့်လဲ ဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) တခြားသော အချိန်တွေထက် မနက် အိပ်ရာ နိုးနိုးချင်း ရေသောက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ အပူတွေကို လျှော့ချပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ မနက် အိပ်ရာက နိုးပြီး ဘာမှမစားရသေးခင် ရေသောက်ခြင်းဟာ အူကို ရှင်းပေးတဲ့အတွက် အစားအစာတွေကို ကောင်းမွန်စွာ စုပ်ယူစေနိုင်ပါတယ်။

(၂) အစာမစားခင် မိနစ် ၃၀ ခန့် အလိုမှာ ရေသောက်ခြင်းဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး အူများကို သန့်ရှင်းစေ နိုင်ပါတယ်။

(၃) လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေသောက်ခြင်းဟာ ကြွက်သားဆဲလ်တွေနဲ့ သွေးဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။

(၄) ရေဓာတ် ပြည့်ဝနေတဲ့ ခန္ဓာကိုယ်ဟာ ဘက်တီးရီးယား ပိုးမွှားတွေကို ခုခံပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေ တာကြောင့် ဖျားနာနေတဲ့အချိန်နဲ့ လူစုလူဝေးရှိတဲ့ နေရာတွေ၊ ဆေးရုံလို နေရာမျိုးတွေကို သွားပြီးတဲ့အခါ ရေကို ပိုမိုသောက်သုံး ပေးသင့်ပါတယ်။

(၅) အိပ်ရာဝင်ခါနီး သောက်မယ့် ရေတခွက်ဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ နှလုံး အမော ဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ရေအများကြီး သောက်စရာ မလိုဘဲ ရေဓာတ် ပြည့်ဝနေစေမယ့် နည်းလမ်း ၄ ခု

Ref ; everydayhealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading