လတ်တလော အမေရိကန်မှာ လူ ၃ ယောက်မှာ တယောက်က အိပ်ရေးဝအောင် မအိပ်ကြရဘူး လို့ စစ်တမ်းတွေ အရ သိရပါတယ်။ ဒီလို အိပ်ရေးဝအောင် မအိပ်ရတော့ ဘာတွေ ဖြစ်လာပါသလဲ။ အဓိက အနေနဲ့တော့ စိတ်ဖိစိးမှုတွေ စိတ် မကြည်လင်မှုတွေနဲ့ အတူ ဘဝမှာ မနေပျော်မှုတွေ ဖြစ်လာပါတယ်။ ဒီတော့ သဘာ၀ တရား တခုဖြစ်တဲ့ လိင်ဆက်ဆံမှု ကိုရော ဘယ်လို ထိခိုက်သက်ရောက်မှု ဖြစ်လာစေပါသလဲ။
နောက်ပိုင်း လေ့လာထားချက်တွေ အရ အရွယ်ရောက်ပြီး အမျိုးသမီး ၄၅ ရာခိုင်နှုန်းလောက်နဲ့ အမျိုးသား ၃၁ ရာခိုင်နှုန်းလောက်က လိင်မှုရေးရာမှာ ဆန္ဒ ရှိပေမယ့် အထက်မှာ ပြောသလို အိပ်ရေးဝအောင် မအိပ်ရတာက လိင်ဆက်ဆံကို သက်ရောက်မှု ရှိစေတာ အမှန်ပါ။
အလွယ်တမ်း ပြောရရင်တော့ အိပ်စက်မှုနဲ့ လိင်ဆက်ဆံမှု နေရာဟာ တနေရာတည်းပါ။ အိပ်ယာထက်မှာပေါ့။ ဒါပေမယ့် အိပ်ချိန်နည်းပြီး အိပ်ယာထဲ ကြာကြာ မနေဖြစ်၊ မအိပ်ဖြစ်ကတည်းက လိင်ဆက်ဆံမှုလည်း နည်းသွားတော့မယ် ဆိုတာ အလွယ်လေး တွေးကြည့်နိုင်ပါတယ်။
ဒီနေရာမှာ စိတ်ပညာ အရရော သဘာ၀ တရားအရရော အိပ်ချိန် နည်းလေလေ လိင်ဆက်ဆံမှု နည်းလေလေ၊ လိင်ဆက်ဆံမှု နည်းလေလေ အိပ်ချိန်နည်းလေလေ ဖြစ်လာပါလိမ့်မယ်။
သိပ္ပံနည်းကျ လေ့လာချက်တွေ အရလည်း အိပ်ချိန်နည်းလို့ လိင်ဆက်ဆံမှုနည်းတယ်၊ လိင်ဆက်ဆံမှု နည်းလို့ အိပ်ချိန်နည်းတယ်၊ အိပ်မပျော်ဘူး ဆိုတဲ့ အချက်နှစ်ချက် အသွား၊ အပြန် သက်ရောက်မှု ရှိတယ် ဆိုတာ သိလာရပြန် ပါတယ်။
အမျိုးသမီးတွေရဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သ်ပြီး နောက်ဆုံး လေ့လာတွေ့ရှိချက် အရလည်း အိပ်ရေးဝအောာင် အိပ်ထားတဲ့ အမျိုးသမီးတယောက်ဟာ နောက်ရက်မှာ လိင်စိတ်လည်း မြင့်မားကောင်းမွန်နေ သလို လိင်ဆက်ဆံလိုမှုလည်း ပိုတယ် လို့ ဆိုပါတယ်။ လေ့လာချက် အရတော့ အိပ်ချိန် ၁ နာရီ ပိုအိပ်တိုင်း လိင်စိတ် ၁၄ ရာခိုင်နှုန်း ပိုစေတယ် လို့ သိရပါတယ်။
ဒါတောင် အခု လေ့လာချက်ကို စေတနာ့ဝန်ထမ်း တက္ကသိုလ် ကျောင်းသူ တချို့ကို အချက်အလက် မေးမြန်း လေ့လာ ထားတာ ဖြစ်ပြီး ပြင်ပ လက်တွေ့ဘဝက အမျိုးသမီးတွေ အနေနဲ့ ဆိုရင် အိပ်ချိန်နဲ့ လိင်ဆက်ဆံမှုဟာ ပိုပြီး ထိရောက်တဲ့ သက်ရောက်မှု ရှိမယ် လို့တောင် ခန့်မှန်းထားပါသေးတယ်။
နောက်ထပ် လေ့လာချက် တခုမှာလည်း ကလေးမိခင်တွေကို စစ်တမ်း ကောက်ယူပြီး သူတိ့ုဟာ ကလေးစိတ်နဲ့ တာဝန်ယူ စောင့်ရှောက်ရမှုတွေကြောင့် အိပ်ချိန်နည်း နေသလို အဆိုပါ ကလေးငယ် ရှိနေချိန်တွေမှာ အိပ်ချိန်နည်းလို့ လိင်စိတ်လည်း နည်းသွားတယ် လို့ သိရပါသေးတယ်။ ဒီလိုပဲ အလုပ်ချိန် များသူတွေ၊ စိတ်ဖိစီးမှု များသူ အမျိုးသမီးတွေမှာ အိပ်ချိန်နည်းပြီး လိင်စိတ် နည်းသွားတယ် လိုု့ ဆိုုပါတယ်။
အမျိုးသားတွေနဲ့ ပတ်သတ်လို့ လေ့လာချက်တွေ အရလည်း အလုပ် များသူတွေဟာ အိပ်ချိန်နည်းပြီး လိင်ဆက်ဆံလိုမှု နည်းလာတယ် လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အမျိုးသားတွေမှာ အိပ်ချိန်နည်းလို့ Testosterone လို့ ဆိုတဲ့ လိင်စိတ် ဖြစ်လာပေမယ့် Cortisol ထုတ်လွှတ်မှု အားနည်းစေလို့ ဖြစ်တယ် လို့ ဆိုပါတယ်။ အမျိုးသမီးတွေမှာလည်း Testostrone ထွက်ရှိတာ ရှိပေမယ့် အမျိုးသားတွေလောက် လိင်စိတ်နဲ့ ပတ်သတ်ပြီး အရေးမပါလှဘူး လို့ ဆိုုပါတယ်။
အမျိုးသားတွေနဲ့ ပတ်သတ်ပြီး လေ့လာချက် တခုမှာ လူငယ် အမျိုးသား တယောက် အနေနဲ့ ကျန်းမာ သန်စွမ်းပေမယ့် အိပ်ချိန်လေး တခုပဲ နည်းပြီး Testosterone ထွက်ရှိမှု နည်းပါးခြင်း တချက်တည်းနဲ့တင် လိင်စိတ်နည်းသွားတယ် လို့ ဆိုပါတယ်။ နောက်ထပ် လေ့လာချက် တခုကလည်း အိပ်ချိန် ဟောက်တတ်သူတွေက လိင်စိတ်နည်းတယ် လို့ သိရပြန် ပါတယ်။
လိင်မှုရေးရာ ပညာရှင် Ian Kerner ရဲ့ ပြောဆိုချက် အရလည်း လိင်ဆက်ဆံမှု နည်းရင် အိပ်စက်မှု နည်းမယ်၊ အိပ်စက်မှု နည်းရင် လိင်ဆက်ဆံ နည်းမယ် လို့ ဆိုထားတာ တွေ့ရပြန်ပါတယ်။ ပြီးတော့ လိင်ဆက်ဆံချိန်မှာ ထွက်ရှိတဲ့ အချစ်ဟော်မုန်း (love hormone) လို့ ဆိုုတဲ့ Oxytocin ကလည်း အိပ်စက်မှု နည်းခြင်းနဲ့ အတူ အဆိုပါ ဟော်မုန်း ထွက်ရှိမှု နည်းတယ်၊ အဆိုပါ ဟော်မုန်းထွက်ရှိတာ နည်းခြင်းနဲ့ အတူ စိတ်ဖိစီးမှု လျော့နည်းစေတာလည်း အားနည်းသွား ပြီး အိပ်ချိန်နည်းသွားစေတယ်၊ အိပ်မပျော်မှုတွေ ဖြစ်လာစေတယ် လို့ဆိုပါတယ်။
ဒီတော့ အိပ်ရေး ဝအောင် မအိပ်ခြင်းဟာ လိင်မှုရေးရာ မသာယာစေခြင်းရဲ့ အချက်တချက် ဖြစ်ပါတယ်။ လေ့လာသူတွေ ကတော့ လိင်မှုရေးရာ သာယာဖို့ အတွက် အစာ၊ ဆေးတွေ သုံးတာထက် စိတ်ဖိစီးမှု နည်းနည်းနဲ့ အိပ်ရေးဝအောင် အိပ်တာ အကောင်းဆုံးလို့ အကြံပေးလာပါတယ်။
ဒီလိုပဲ အိပ်မပျော်ခြင်း၊ အိပ်ရေးဝအောင် မအိပ်ဖြစ်ခြင်း အတွက် အကောင်းဆုံုး အိပ်ပျော်စေမယ့် နည်းလမ်းကလည်း လိင်ဆက်ဆံခြင်း လို့ ဆိုပါတယ်။ တရက်တာ အိပ်ချိန်ကို သတ်မှတ်ပြီး အိပ်ရေးဝအောင် အိပ်ပါ၊ ပုံမှန် လိင်ဆက်ဆံမှု ပြုပါ၊ စမတ်ဖုန်း အသုံးပြုမှု လျော့ပါ။ ညဘက် အိမ်မှာ အတူရှိချိန်တွေမှာ ဇနီး၊ ခင်ပွန်းနဲ့ အချိန်ပေးနေပါလို့ အကြံပေးထားတာ တွေ့ရပါတယ်။
Ref: www.businessinsider.com