Trend

UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုတွေကြောင့် ပိတ်ဆို့ထားတဲ့ UK ရှိ ကမ်းရိုးတန်းမြို့ Llandudno မြို့ အတွင်းကိုတောတွင်းမှာ နေထိုင်တဲ့ ဆိတ်အုပ်စုတစု ဝင်ရောက်ပြီး ပျော်ရွှင်စွာ သွားလာခဲ့တဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါတယ်။

ကမ်းခြေအငူတွေမှာ နေထိုင်တဲ့ ဆိတ်အုပ်စုဟာ ကမ်းခြေမှာ လူများကို မတွေ့တာကြောင့် မြို့အတွင်းကို ဝင်လာတာဖြစ်နိုင်ကြောင်းနဲ့ လူများ ရှိ မနေခြင်းဟာ ဆိုးရွားတဲ့ ရာသီဥတုကို ကြုံရနိုင်ချေရှိတယ်လို့ ယူဆတာကြောင့် မြို့ထဲကို ရောက်လာတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

“အားလုံးလည်း အံ့အားသင့်ခဲ့ရပါတယ်။ ဆိတ်တွေအနေနဲ့ လူတွေ ဘယ်များရောက်ကုန်သလဲဆိုတဲ့ စူးစမ်းလိုစိတ်ကြောင့် ရောက်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်”လို့ မြို့နယ်ကောင်စီဝင်ဖြစ်သူ Carol Marubbi က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

မန်ချက်စတာသတင်းဌာနမှာ အလုပ်လုပ်ကိုင်သူဖြစ်တဲ့ Andrew Stuart ဆိုတဲ့ အမျိုးသားက ဆိတ်များအကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပြီးနောက် မျှဝေသူတွေ များခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မြို့မှာ နေထိုင်သူတွေဟာ ဆိတ်များရဲ့ ဓာတ်ပုံများကို ကြုံသလို ရိုက်ပြီး ချစ်စရာကောင်းတဲ့ခေါင်းစဉ်များနဲ့ တင်ခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်ပြီးနောက် ဝန်ကြီးချုပ် Boris Johnson အနေနဲ့ နိုင်ငံကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာ အခုဆိုရင် ရက်သတ္တပတ် ၁ ပတ် ကြာမြင့်နေပြီဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဝန်ကြီးချုပ် Boris Johnson အပါအဝင် နိုင်ငံရေးခေါင်းဆောင်အချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ် သိရပါတယ်။

Ref. huffpost.com

You may also like these stories:

ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ

COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်

ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ

မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်

Did you find apk for android? You can find new Free Android Games and apps.
Loading