Trend

ပေါက်ကွဲပစ္စည်း ထည့်ထားတဲ့ နာနတ်သီးကြောင့် ကိုယ်ဝန်ဆောင်ဆင် သေဆုံးခဲ့ရ

အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်အတွင်းက ကျေးရွာတရွာမှာ လူတွေ ထောင်ချောက်ဆင်ထားတဲ့ နာနတ်သီး စားမိပြီး ကိုယ်ဝန်ဆောင် ဆင်တကောင် သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက ဇွန်လ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကျေးရွာမှာ နေထိုင်ကြသူတွေဟာ သစ်သီးတွေထဲ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ထည့်ပြီး မကြာခဏ ဆိုသလို ထောင်ချောက်ဆင်လေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာလည်း ပေါက်ကွဲစေတဲ့ ပစ္စည်းထည့်ထားတဲ့ နာနတ်သီးကို စားမိတဲ့အတွက် အဆိုပါ ကိုယ်ဝန်ဆောင် ဆင် သေဆုံးခဲ့ရတာပါ။

ပြည်နယ်အစိုးရရဲ့ ပြောကြားချက်အရ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ထည့်ထားတဲ့သစ်သီးတွေဟာ ဆင်တွေရဲ့ ပါးစပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ဆင်ဟာ အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆင်တကောင်ဖြစ်ပြီး အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းမှုတွေ ပြုလုပ်နေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီလိုဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပျက်လေ့ရှိပြီး ဆင်တွေ သေဆုံးရလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက် တုန်းကလည်း ပြင်းထန်တဲ့ ပေါက်ကွဲမှုတခုကြောင့် ပါးစပ်မှာ ဒဏ်ရာတွေနဲ့ ဆင်တကောင် သေဆုံးခဲ့ပါသေးတယ်။

ဒီလိုလုပ်ရပ်တွေကိုလည်း ပြင်းထန်တဲ့ ရှုတ်ချမှုတွေ ရှိနေပါတယ်။ ဆင်တွေဟာ လူတွေထောက်ချောက် ဆင်ထားတဲ့ သစ်သီးတွေကို အစာမှတ်ပြီး စားသောက်မိလေ့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့အတွက်ကြောင့်လည်း ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ဆင်ငယ်လေးပါ သေဆုံးသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာတော့ အိန္ဒိယသစ်တောဦးစီးဌာနရဲ့ Facebook Page မှာ ဒီသတင်းတက်လာပြီးတဲ့နောက် သောင်းနဲ့ချီတဲ့လူတွေက အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့၊ ရက်စက်တဲ့နည်းလမ်းတွေသုံးပြီး တိရစ္ဆာန်တွေ သတ်ဖြတ်ခံနေရတဲ့အတွက်ကြောင့် တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး ဥပဒေကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။

တောင်းဆိုကြသူတွေထဲမှာ ဘောလီးဝုဒ် စတားတွေလည်း ပါဝင်ပြီး ဆိုရှယ်မီဒီယာတွေကနေတဆင့် တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

Ref: ctvnews, pennlive

You may also like these stories:

ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့

ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ

ဇွန်လအတွင်း စင်ကာပူမှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်မည်

Loading