• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

HIV ပိုးရှိသူ ထိုင်းစစ်သား၊ လူငယ် ၇၅ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီး

by ဧရာဝတီ
9 November 2018
in သတင်း
A A
အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသည့် ထိုင်းစစ်သား ချာကရစ်ကို ရဲစခန်းရှိ မှုခင်းဖြစ် စဉ် ဇယားတွင် တွေ့ရစဉ် / Chakkrapan.Bangkok Post

အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသည့် ထိုင်းစစ်သား ချာကရစ်ကို ရဲစခန်းရှိ မှုခင်းဖြစ် စဉ် ဇယားတွင် တွေ့ရစဉ် / Chakkrapan.Bangkok Post

12.4k
VIEWS
Share on FacebookShare on Twitter

HIV ပိုးရှိနေသူ ၄၃နှစ်အရွယ် ထိုင်းစစ်သားဟောင်းတဦးကို ၁၅နှစ်အောက် လူငယ်အများစု ပါဝင် သည့် ၇၅ ဦးအပေါ် လိင်တူချင်း အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်း ကဆိုသည်။

သူသည် လိင်တူဆက်ဆံသူများ အသုံးပြုသည့် ဆိုရှယ်မီဒီယာ App တွင် ရုပ်ရည်ခန့်ညားသည့် လူငယ် တဦးအသွင်ဖြင့် Profile ဓာတ်ပုံ တင်ကာ လူငယ်များဖြင့် အပြန် အလှန် စာပို့၍ စကားပြောရင်း ဖျားယောင်း သွေးဆောင်ခဲ့သည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

အဆိုပါ ပြစ်မှုကျူးလွန်သည့်စစ်သားနှင့်ပတ်သက်၍ ပထမဆုံးထွက်ဆိုခဲ့သူမှာ အသက် ၁၄ နှစ်အရွယ် ရှိ အမျိုးသားငယ် တဦးဖြစ်ပြီး ၎င်းနှင့်ပထမဆုံး အွန်လိုင်းပေါ် စကားပြောဆိုပြီးနောက် တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

၎င်း၁၄နှစ်သား လူငယ်မှာ စစ်သား ချာကရစ်နှင့် အွန်လိုင်းမှနေ၍ ပထမအကြိမ် စကားပြောခဲ့ ကြောင်း၊ ၎င်းအား ညစ်ညမ်းပုံများ ပေးပို့ရန် ချာကရစ်က တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူချင်း တွေ့ ဆုံခဲ့ရာ ကားပေါ်တွင် အဓမ္မ အကျင့်ခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ဖျားယောင်းမှုမှ ရုန်းထွက်နိုင် ခဲ့ကြောင်း ဆိုသည်။

ယခုအခါ ၎င်း၏အဓမ္မပြုကျင့်ခံရသူများကို ထိုင်းအာဏာပိုင်များက ပံ့ပိုးနိုင်ရန် ကြိုးစားလျက်ရှိပြီး ၎င်းအပေါ် ရဲတပ်ဖွဲ့နှင့် အတူ ပူးပေါင်း၍ ထပ်မံစွဲချက်တင်နိုင်မည့်သူများအား အလိုရှိနေသည်။

တပ်ကြပ်ဟောင်း ချာကရစ် ခွန်ဆင်းသည် အမျိုးသားငယ်များထံမှ ညစ်ညမ်းပုံများ ပို့ရန်စေခိုင်း၍ ၎င်းနှင့်တွေ့ဆုံရန် အကျပ်ကိုင်စီစဉ်လေ့ရှိကြောင်း  အစွပ်စွဲခံထားရပြီး၊ မဖွယ်မရာ ဗီဒီယိုဖိုင်များဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ကာ အမျိုးသား ငယ်များကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း ရဲမှူးချုပ် ဆူရာချေ့က ပြောသည်။

အမျိုးသားငယ်များ အပေါ် ၎င်း၏ ပစ်မှတ်ထား တိုက်ခိုက်လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ယခုဖော် ထုတ်ခဲ့ရာ အဓမ္မပြု ကျင့်ခံရသူပေါင်း ၇၅ ဦးရှိကြောင်း၊ ထိုအထဲမှ ၂၈ ဦးမှာ အသက် ၁၃ နှစ်မှ ၁၈ အရွယ်ရှိသူများဖြစ်ကြောင်း၊ အမည် နှင့် အိမ်လိပ်စာများကို စိစစ်ရာတွင် ခွန်းခန်း၊  အူဒုံဌာနီ၊ ကလာဆင်နှင့်မဟာ စရာ့ခန်တို့တွင် နေထိုင်ကြသည်ဟု သိရကြောင်း ဆိုသည်။

ယခုအခါ ထိုင်းရဲများသည် အာဏာပိုင်အများအပြားနှင့်ပူးပေါင်း၍ အဓမ္မကျင့်ခံရသူများ ရှိနေသည့် နေရာများကို ရှာဖွေပြီး အကူအညီပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသူများနှင့်မိဘများကို သတင်းအခိုင်အမာ တည်ဆောက်နိုင်ရန်နှင့် လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုနိုင်ရန် တိုက်တွန်းနေ ကြောင်း ရဲမှူးချုပ်က ဆက်လက်ပြောကြား သည်။

စွပ်စွဲခံရသူ စစ်သားဟောင်း ချာကရစ်သည် ၂၀၀၉ ခုနှစ်ကတည်းက အိတ်ချ်အိုင်ဗီပိုး တွေ့ရှိခဲ့ရသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကုသမှုစတင်ခံယူကာ ခွန်ကန်တပ်စခန်းတွင် လွန်ခဲ့သော ၈ လက ပြောင်းရွေ့ ခဲ့ကြောင်း၊ ယခုအခါ ၎င်းကို တပ်မှ ထုတ်ပယ်၍ ဖမ်းဆီးထားကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ချာကရစ်ကို ရာဇဝတ်မှု ၆ မှုဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ရာ ယင်းအမှုများတွင် အရွယ်မရောက်သည့် အသက် ၁၅ နှစ်အောက်ကို အဓမ္မကျင့်မှု(ထောင်ဒဏ် ၄ နှစ်မှ နှစ် ၂၀ အထိချမှတ်နိုင်ပြီး ဒဏ်ကြေး ဘတ် ၈ သောင်းမှ ၄သိန်း)၊ အရွယ်မရောက်သော အသက် ၁၅ နှစ် အောက်ကို အနိုင်ကျင့်ခြိမ်းခြောက် မှု (အများဆုံးထောင်ဒဏ် ၁၀ နှင့်(သို့မဟုတ်) ဒဏ်ကြေး ဘတ်ငွေ ၂ သိန်း)၊ အဓမ္မကျင့်ရန်အလို့ငှာ အသက် ၁၅ အောက်ရှိသူကို အဝေးခေါ်ဆောင်သွားမှု (ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ကြေး ဘတ် ၆ ထောင်မှ ၃ သိန်း) တို့ပါဝင်ကြောင်း သိရသည်။

စစ်တပ်အနေဖြင့် ပြစ်မှုကျူးလွန်သူကို ရဲလက်သို့ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး တရားဥပဒေနှင့်အညီ အရေးယူရန်သာရှိ ကြောင်း စစ်တပ်ဒုတိယပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဗိုလ်မှူးကြီး စီရိချန်နာ့သောင်က ပြောသည်။

Your Thoughts …
Tags: HIVထိုင်းလိင်တူဆက်ဆံသူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
ယနေ့ တရားရုံးထုတ်တွင် တွေ့ရသည့် Eleven Media သတင်းသမား သုံးဦး / အောင်ကျော်ထက် / ဧရာဝတီ

Eleven သတင်းသမား ၃ ဦးအမှု ရုပ်သိမ်း

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ပန့်ပီကျေးရွာ ဘုန်းတော်ကြီးကျောင်း  / ကိုခွန်

ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ကိုရင် ၂ ပါး ပျံလွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved