• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICRC အဖွဲ့၏ ကား ၅ စီး အခွန် ကင်းလွတ်ခွင့်အပေါ် တပ်မတော် မေးခွန်းထုတ်

by ထက်နိုင်ဇော်
6 May 2019
in သတင်း
A A
ဗိုလ်မှူး သူရိန်ဇော် / Pyidaungsu Hluttaw

ဗိုလ်မှူး သူရိန်ဇော် / Pyidaungsu Hluttaw

22.5k
VIEWS
Share on FacebookShare on Twitter

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ရခိုင်ပြည်နယ်အရေး ကူညီဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၁၂၇,၈၇၉ ဒသမ ၂၀ တန်ဖိုးရှိ တိုရိုတာ လင်ခရူဇာကား ၅ စီးကို အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရန် အစိုးရမှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက် တောင်းခံလာမှုအပေါ် တပ်မတော်က ယနေ့တွင် မေးခွန်းထုတ်၍ ဆွေးနွေးသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ICRC မှ ရုံးသုံး မော်တော်ယာဉ် ၅ စီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ် လုပ် ငန်းခွန်၊ အထူးကုန်စည်ခွန် ကင်းလွတ်ခွင့် ရရှိရေးတို့ကို ဧပြီလ ၂၉  ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြည် ထောင်စု လွှတ်တော်သို့ အတည်ပြုချက်ပေးရန် တင်ပြထားရာ ယနေ့တွင် တပ်မတော်သားကိုယ်စားလှယ် တဦးက စတင် ဆွေး နွေးခဲ့သည်။

ယခု မော်တော်ယာဉ် ၅ စီးကို အခွန်ကင်းလွတ်ခွင့်များ တောင်းခံလာခြင်းတွင် ကားအမျိုးအစားနှင့် ကားတန်ဖိုးကိုသာ ဖော်ပြထား ပြီး ကား၏မော်ဒယ်၊ ထုတ်လုပ်သည့် ခုနှစ်၊ နိုင်ငံ၊ ဈေးကွက်အတွင်းရှိ အမှန်အတယ် ဈေးနှုန်း၊ ဆိပ်ကမ်းအရောက် တန်ဖိုး၊ အခွန် ပေးဆောင်ရမည် ဆိုပါက နိုင်ငံတော်မှ ရရှိမည့် အခွန်ငွေပမာဏတို့ကို ဖော်ပြသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သူရိန်ဇော်က ယနေ့ ပြည်ထောင်စု လွှတ်တေ်ာတွင် ပြောသည်။

ဗိုလ်မှူး သူရိန်ဇော် က “သို့မှသာ မိမိတို့နိုင်ငံ အနေဖြင့် ကင်းလွတ်ခွင့်ပြုပေးရသော ငွေကြေးပမာဏနှင့် အခြားအခွင့်အရေးများ ပေးအပ်ရမှုသည် နိုင်ငံ တော်မှ ပြန်လည်ပေးအပ်နိုင်မည့် အကျိုးဖြစ်ထွန်းမှုများ၊ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းမှုများကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံနှင့် အခြေအနေချင်း တူညီသော နိုင်ငံများ၏ နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် အခွန် ကင်းလွတ်ခွင့်နှင့် အခြားသော အခွန်ကင်းလွတ်ခွင့်များ ပြုပေးနေမှု အခြေအနေများကို ထည့်သွင်း တွက်ချက်ပြီး အဖက်ဖက်မှ လေ့လာသုံးသပ်လျက် နိုင်ငံ့ အကျိုးကို ဦးစားပေး၍ ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက် တောင်းခံသင့်ကြောင်း ဗိုလ်မှူး သူရိန်ဇော်က ပြော သည်။

ICRC သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရုံးသုံးယာဉ်အဖြစ် တင် သွင်းလာခြင်း ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် တင်ပြ လာခြင်း ဖြစ်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ် တော်သို့ ပြီးခဲ့သည်လက တင်ပြခဲ့သည်။

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (က)၊ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်ဇယား အမှတ်စဉ် ၈၃ တွင် “နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်က အခွန်ကင်းလွတ်ခွင့် ပြုနိုင်သည့် ကုန်စည်များ” ဟု လည်းကောင်း၊ အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) တွင် အစိုးရအဖွဲ့သည် အခွန်ကျသင့်သော အထူးကုန်စည် တမျိုး မျိုးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် ပြုနိုင်သည်ဟု လည်းကောင်း ဖော်ပြထားသည်ဟု သိရသည်။

ထို့ကြောင့် ICRC မှ တင်သွင်းမည့် ရုံးသုံးမော်တော်ယာဉ် ၅ စီးအပေါ် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ဥပဒေများအရ ကင်းလွတ်ခွင့် ရရှိရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီ ချက် ရရှိရန် တင်ပြရခြင်း ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ပြောသည်။

ICRC သည် အစိုးရ၏ ကန့်သတ်ချက်များကြားမှ ရခိုင်ပြည်နယ်တွင် အကူအညီနေများ ပေးနေကြောင်း၊ အခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းများကို မသိသော်လည်း ကောင်းသည့် အလုပ်လုပ်ရန် လာရောက်သည် ဆိုပါက စိတ်သဘောထားကြီးကြီးဖြင့် မိမိတို့ဘက်မှ ဆောင်ရွက်ပေးရန် လိုကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “သူတို့ရဲ့ အကူအညီတွေက အမြောက်အမြားရနေတာပဲ။ လူသားချင်း စာနာမှု အကူအညီတွေ ရှိမယ်။ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အကူအညီတွေ ရှိမယ်။ အဲလို အကူအညီတွေ အများကြီးကြားမှာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အခွန်ကင်းလွတ်ခွင့် လျှောက်တယ် ဆိုရင်တော့ ကိုယ့်ဘက်က စဉ်းစားပေးရမယ် အပိုင်းကတော့ ရှိမှာပေါ့”ဟု ပြောသည်။

ရခိုင် လူမှု အဖွဲ့ အစည်းတခု ဖြစ်သည့် သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့ မှ ကိုအမ်းသားကြီး ကလည်း “သူတို့ရဲ့ ကားတွေ အခွန် ကင်း လွတ်ခွင့်ကတော့ မြန်မာနိုင်ငံကို လာကူညီတာပဲ အခွန်ဆောင်စရာ မလိုဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် အကူအညီတွေ ပေးတဲ့ အခါမှာ ရခိုင်တွေနဲ့ ဘင်္ဂလီတွေကို အတူတူ မျှမျှတတ ပေးတာမျိုးပဲ လိုချင်တယ်။ အခုက ရခိုင်ကို မပေးဘဲ ဘင်္ဂလီတွေကိုပဲ ပေးနေ တာမျိုးတွေ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သူရိန်ဇော်ကမူ ယနေ့ ရခိုင်ဒေသအတွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်များတွင် UN ၊ NGO ၊ INGO တို့၏ ဆောင်ရွက်ချက်များအပေါ် ဒေသခံများ၏ ကန့်ကွက်မှုများ ရှိနေကြောင်း၊ ICRC အဖွဲ့  အနေဖြင့် ရခိုင်အရေးကို ကူညီ ရာတွင် တိုင်းရင်းသားများနှင့် ဘင်္ဂလီများကြား တဖက်သတ်ဆန်သည့် မညီမျှသော ကူညီမှုများ မဖြစ်ပွားစေရန် အစိုးရက အနီးကပ် လက်တွဲ ဆောင်ရွက်ရန် လိုအပ်နေသည်ဟုလည်း ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် NGO အဖွဲ့ပေါင်း ၄၈၄၄ ဖွဲ့ နှင့် INGO အဖွဲ့ ပေါင်း ၁၈၃ ဖွဲ့ ရှိနေရာ ထိုအဖွဲ့ များမှ ယခုလို အခွန် ကင်းလွတ်ခွင့်များ တောင်းဆိုလာပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုကြောင်း၊ သို့မဟုတ်ပါက အခွန်ကင်းလွတ်ခွင့် ပေးခြင်းနှင့် အခြား အခွင့်အရေးများ ပေးအပ်ရာတွင်လည်း ဘက်လိုက်မှုများ၊ မညီမျှမှုများ ဖြစ်ပေါ်လာမည်ကို သတိပြုရမည်ဟု ယင်းဗိုလ်မှူးက ထောက်ပြသည်။

၂၀၁၀ ပြည့်နှစ်တွင် ထုတ်ဝေသည့် Field Vehicle Fleet Management in Humanitarian Operation စာတမ်းတခု၏ ဖော်ပြချက် အရ နိုင်ငံတကာ အဖွဲ့အစည်းများက အသုံးပြုနေသော SUV ကား အစီးရေ ၇ သောင်းမှ ၈ သောင်းကြားရှိပြီး နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် အသုံးပြုနေကြောင်း တပ်မတော်သား ကိုယ်စားလှယ်၏ ဆွေးနွေးချက်များအရ သိရသည်။

ယင်းစာတမ်းတွင် ကားများအတွက် ကျသင့်သော အခွန်အခ ကုန်ကျစရိတ်လည်း ပါဝင်ကြောင်း၊ နိုင်ငံတကာ အဖွဲ့ အစည်းများ အနေဖြင့် အခွန်ကင်းလွတ်ခွင့် အလုံးစုံ ရရှိခြင်း၊ တစိတ်တပိုင်း ရရှိခြင်း၊ သို့မဟုတ် လုံးဝ မရရှိခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားရာ ICRC အပါအဝင် နိုင်ငံတကာ အဖွဲ့များသည် နိုင်ငံအချို့တွင် အခွန်ပေးဆောင်ရသည်ဟု ဖော်ပြထားကြောင်း တပ်မတော်က ပြောသည်။

ယခု ICRC အဖွဲ့က တင်ပြသည့် ရုံးသုံးမော်တော်ယာဉ် ၅ စီး အခွန်ကင်းလွတ်ခွင့် ရရှိရေး ကိစ္စကို တပ်မတော်မှ လွှတ်တော်ကိုယ် စားလှယ် ၂ ဦး ဆွေးနွေးမည်ဟု ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ဖော်ပြထားသော်လည်း ဗိုလ်မှူး သူရိန် ဇော် ဆွေးနွေးပြီးသည့်အခါ ကျန်သည့် ကိစ္စများကို နောက်ရက်များတွင် ဆွေးနွေးခွင့်ပေးတော့မည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦး တီခွန်မြတ်က ကြေညာသွားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် –  ရခိုင်အရေး ဖြေရှင်းရန် ခက်ဟု ICRC ဥက္ကဋ္ဌ သုံးသပ်

ICRC ကို မောင်တော ဒေသခံ ၃၀၀ ခန့် ကန့်ကွက်

နယ်စပ်စည်းရိုးအနီး တဲထိုးနေထိုင်သည့် ဘင်္ဂါလီများအရေး ဒေသခံလူထုနှင့် ဆွေးနွေးမည်

 

 

Your Thoughts …
Tags: ICRCကား ၅ စီးအခွန်တပ်မတော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

Next Post
လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားအခွင့်အရေး ရရှိရန် တောင်းဆိုနေကြသည့် အလုပ်သမားများ / ဧရာဝတီ

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရေး ဥပဒေသစ် အလုပ်သမား အားလုံး အကျုံးဝင်ရန် ဆောင်ရွက်

ဧပြီလ ၄ ရက် ကမာရွတ်မြို့နယ်ရှိ ပြည်သူများ ဆန္ဒပြတောင်းဆိုခဲ့ကြစဉ် / မျိုးမင်းစိုး

ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved