မြစ်ဆုံရေကာတာစီမံကိန်းအား ပြန်လည်သုံးသပ်ကာ အပြီးဖျက်သိမ်းပေးရန် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM) က တောင်းဆိုလိုက်သည်။
CBCM ၏ ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်တောင်းဆိုချက်ကို တနိုင်ငံလုံးရှိ ကက်သလစ် ခရစ်ယာန် သာသနာနယ် ၁၆ ခုကို ကိုယ်စားပြုသည့် ဆရာတော် ၁၉ ဦးက ထောက်ခံလက်မှတ် ရေးထိုးထားသည်။
CBCM ၏ တောင်းဆိုချက်တွင် “ရေကာတာ တည်ဆောက်မှုမှ ရရှိမည့်ဖြစ်သော စီးပွားရေးအကျိုးအမြတ်များ သည် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သော ပမာဏသာ ဖြစ် ပါသည်။ ထိုအခါ ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း မရေရာ ဝေးကွာသော အိပ်မက်ပမာ ဖြစ်သွားပါလိမ့်မည်” ဟု ဆိုထားသည်။
ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘိုကလည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန်အတွက် မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးရန် အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုထားသည်။
ကာဒီနယ် ချားလ်စ်မောင်ဘိုသည် တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန် သာသနာများမှ ရဟန်းအမတ် အပါး ၂၀ တွင် တပါးအဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရွေးချယ်ခံထားရသူဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး ရွေးချယ် ခံရသည့် ရဟန်းအမတ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အင်အားကြီးနိုင်ငံ၏ လောဘကြောင့် ဧရာဝတီမြစ်ကြီးသည် ရောင်းကုန်တခုကဲ့သို့ ဖြစ်နေပြီး ဆုံးရှုံးရမည့် အ ခြေအနေ ရောက်နေသည့်အပြင် တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကို အကြပ်ကိုင်ကာ ဖိအားပေးခြင်းများ လည်း လုပ်ဆောင်နေကြကြောင်း ဇန်နဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့်စာတွင် ကာဒီနယ် ချားလ်စ် မောင် ဘိုက ပြောထားသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် တစုံတရာဆုံးဖြတ်ပါက ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထု အား ချပြရှင်းလင်းမည်ဖြစ်ပြီး အစိုးရချင်း တိတ်တဆိတ် လက်မှတ်ရေးထိုးခြင်းမျိုး လုပ်ဆောင်မည် မဟုတ် ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၂၆ ရက်နေ့က ပြောထားသည်။
မြစ်စုံစီမံကိန်းအကောင်အထည်ဖော်ရန် စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် စီမံကိန်းရပ်ဆိုင်ထားရန် ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင်မူ ကော်မရှင်တရပ်ဖွဲ့စည်းကာ လေ့လာ စိ စစ်မှုများပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းအား အရွယ်အစားလျော့ချခြင်း (သို့) နေရာရွေ့ပြောင်းခြင်း စသည့် ဖြစ်နိုင် စွမ်းအခြေအနေများအား တရုတ်အစိုးရနှင့် ဆွေးနွေးနေကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ် ရေး ဝန်ကြီး ဦးသောင်းထွန်းကလည်း ပြောဆိုထားသည်။
You may also like these stories:
မြစ်ဆုံစီမံကိန်း စာချုပ် တလအတွင်း ပြည်သူလူထုကို ချပြရန် တောင်းဆို
မြစ်ဆုံစီမံကိန်းကို သတင်းမှားလွှင့်နေဟု တရုတ်သံအမတ်ပြော
မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် လက်မှတ်များကို တရုတ်သမ္မတထံ ပေးပို့မည်
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်