• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်များ ပြန်လည် ထမ်းဆောင်နိုင်တော့မည် ဟုဆို

by ဒီလှိုင်းဝင်း
12 December 2019
in သတင်း
A A
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေရသော မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် သည် ကျန်းမာစွာဖြင့် မကြာမီ ပြန်လာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ပြောသည်။ 

အသက် ၆၈ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာ ဖြစ်ပွားနေသည်ဟု NLD ပါတီဘက်က ပြောထားပြီး အောက်တိုဘာလ နောက်ဆုံးပတ်က ထိုင်းနိုင်ငံသို့ ဆေးကုသ မှုခံယူရန် အတွက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ပြန်ရောက်မည့် ရက်ကိုမူ သက်ဆိုင်ရာ ဆရာဝန်များ၏ ဆုံးဖြတ်ချက် အပေါ် မူတည်နေသည်ဟု ဦးတင်ထွဋ်ဦး က ပြောသည်။ 

ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် ယခုအခါ နေကောင်းစပြုနေပြီမို့ ဆေးရုံက ဆင်းပြီ ဖြစ်သော်လည်း တပတ်တခါ ကုသမှုခံယူရဦးမည် ဖြစ်၍ ဆေးရုံနှင့်နီးသည့် Apartment တွင်နေပြီး ကုသမှု ဆက်လက်ခံယူရမည် ဖြစ်ကြောင်းနှင့် မကြာမီ ကျန်းမာစွာဖြင့် ပြန်လာမည် ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ယုယုမေက လူမှုကွန်ရက်၌ ပြောဆိုထားသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဖြစ်သလို  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဒု ဥက္ကဋ္ဌလည်း ဖြစ်ကာ အစိုးရတာဝန်များနှင့် ပါတီ တာဝန်များကိုပါ ဆောင်ရွက် လုပ်ကိုင် နေသူလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တာဝန်များကို မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က တာဝန်ယူထားပြီး ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် မကြာမီ ရက်ပိုင်း အတွင်း ရာထူး တာဝန်များ ပြန်လည် ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

၎င်းက “ဆရာရဲ့ ကျန်းမာရေးက အတော်ကောင်းနေပါပြီ။ မကြာခင် အချိန်မှာပဲ တာဝန်တွေကို ပြန်ပြီး ထမ်းဆောင်နိုင် မယ်လို့တော့ ခန့်မှန်းလို့ ရပါတယ်။ ဆရာနဲ့ ပတ်သက်ပြီးတော့ ဆေးဝါးတွေကိုလည်း လာပေးကြတာမျိုး၊ ဘယ်လို အ ကူအညီပေးရမလဲ ဆိုတာမျိုးတွေလည်း လာမေးကြတာတွေ ရှိပါတယ်။ ဆရာနဲ့ပတ်သက်ပြီး အခုလို အားပေးစကား ပြောတာတွေ မေးမြန်းကြတဲ့သူတွေကို ဝန်ကြီးချုပ်နဲ့ မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ရုံးဖွင့်ရက်များတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ လုပ်ကိုင်ပြီး ရုံးပိတ်ရက်များတွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဒု ဥက္ကဋ္ဌ အနေဖြင့် ပါတီတာဝန်များ ထမ်းဆောင် နေသူဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိဟု NLD ပြော

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

ဆေးကုသခံနေသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်အစား ဝန်ကြီးဦးဇာနည်အောင် ခေတ္တ တာဝန်ယူ

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား

Your Thoughts …
Tags: ဒေါက်တာ ဇော်မြင့်မောင်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.6k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
3k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

by ဧရာဝတီ
11 October 2024
2.8k

"ကျနော်တို့ဟာ ဒီမိုကရေစီအတွက် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေမယ်" ဟု ပြည်တွင်းမှ အမည်မဖော်လိုသည့် ဝါရင့် NLD ခေါင်းဆောင်တဦးက ပြောသည်။

ကပ်ဘေးကြားက အလွမ်းစာ

ကပ်ဘေးကြားက အလွမ်းစာ

by လင်းငယ်
8 April 2025
1.9k

ယခုအချိန်မှာတော့ လွမ်းမိသည့် ပုဂ္ဂိုလ်တွေထဲက တဦးကမူ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်သည့်နှစ်ဦးကမူ မတရားစွပ်စွဲမှုများစွာဖြင့် ထောင်သွင်းအကျဉ်းကျခံထားရသည်။

Next Post
ဆိတ်ဆိုး

ဆိတ်ဆိုး

ကိုရီးယား အဆိုတော် Black Nut နဲ့ အမျိုးသမီး အဆိုတော် KittyB

သီချင်းစာသားတွေမှာ အမျိုးသမီး အဆိုတော်ကို စော်ကား သီဆိုလို့ ကိုရီးယား Rapper ထောင်ချခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved