• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နယ်စပ်လုံခြုံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အရာရှိများ ဒါကာတွင် ဆွေးနွေး

by Muktadir Rashid
8 January 2020
in သတင်း
A A
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုးအနီး ကင်းစောင့်နေသော နယ်ခြားစောင့်ရဲများ / ဧရာဝတီ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုးအနီး ကင်းစောင့်နေသော နယ်ခြားစောင့်ရဲများ / ဧရာဝတီ

21.8k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများကြားမှ နယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုကို ဒါကာတွင် ကျင်းပခဲ့ပြီး ၂ နိုင်ငံမှ တာဝန်ရှိသူများက နယ်စပ်ပေါ်ရှိ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ရိုဟင်ဂျာများနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုများ ဖြေရှင်းရေးအတွက် နည်းလမ်းများရှာဖွေရန် ကတိပြုခဲ့ကြသည်။

နိုင်ငံတကာနယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းများချထားခြင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တင်ပြခဲ့ပြီး အဖြေတခု ရှာဖွေရန် တောင်းဆိုခဲ့သည်။ လတ်တလော လများအတွင်းတွင် အဆိုပါပစ္စည်းများကြောင့် လက်နက်မဲ့ပြည်သူ အမြောက်အများ သေဆုံးခဲ့ရသည်ကို ထောက်ပြခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါး စီးဆင်းမှု ရပ်ဆိုင်းစေရေး၊ မြန်မာနိုင်ငံသားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင် ရောက်မှု ကာကွယ်တားဆီးရေး၊ နယ်စပ်ဧရိယာများတွင် ပစ်ခတ်မှုထိန်းချုပ်ရေး၊ နိုင်ငံတကာနယ်စပ်ကို တရားမဝင်ဖြတ် ကျော်ဝင်ရောက်ကြောင်း တွေ့ရှိရသူများကို သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပြောင်းပေးရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုး မိုးရေးတို့နှင့် ပတ်သက်သည့် နယ်စပ်ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးနှင့် ပူးတွဲကင်းလှည့်ရေးတို့ကိုလည်း တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် BGB ဌာနချုပ်က ထုတ်ပြန်သည့် သတင်းထုတ်ပြန် ချက်တခုအရ သိရသည်။

BGB ဌာနချုပ်မှ စစ်ဆင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး Mohiuddin Ahmed က ဆွေးနွေးမှုများနှင့် ပတ်သက်သည့် ပူးတွဲမှတ်တမ်းတခုကို ဇန်နဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံက နိုင်ငံတကာ နယ်စပ်တလျှောက်တွင် လမ်းတလမ်း တည်ဆောက်ရေးအတွက် ပံ့ပိုးပေးမည် ဖြစ်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ထိန်းချုပ်ရန် ပူးတွဲ ကင်းလှည့်ခြင်းကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း BGB တာဝန်ရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အခိုင်အမာ ပြောကြားခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ များကပြောသည်။

၇ ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည့် အဆင့်မြင့် အစည်းအဝေးတွင် BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shafeenul Islam က အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦး လိုက်ပါလာသော မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မျိုးသန်းက ဦးဆောင်သည်။ ပုံမှန်အားဖြင့် အဆိုပါ အစည်းအဝေးများကို တနှစ်လျှင် ၂ ကြိမ် ကျင်းပသည်။

၇ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်ပြုလုပ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် ဆွေးနွေးမှုများ အတွက် ပူးတွဲမှတ်တမ်းများကို လက်မှတ်ရေးထိုးခြင်း အားဖြင့် အဆုံးသတ်မည် ဖြစ်သည်။

အိန္ဒိယ နယ်စပ်အနီးမှ Sylhet သို့ နားလည်မှုမြှင့်တင်ရေး ခရီးစဉ်တခုသွားရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ အတွက် BGB က စီစဉ်ပေးခဲ့သည်။

စာနယ်ဇင်းများနှင့် စကားပြောရန် အခွင့်အာဏာ မရှိသည့်အတွက် အမည်မဖော်လိုသူအဖြစ် ဖော်ပြပေးရန် တောင်းဆိုခဲ့သည့် BGB အကြီးတန်း အရာရှိတဦးက “မြန်မာနိုင်ငံက ကျနော်တို့နဲ့ အဆင့်တူ ပုဂ္ဂိုလ်တွေနဲ့ ချောမွေ့တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်” ဟုပြောသည်။

အဆင့်မြင့် အစည်းအဝေး၏ ရည်ရွယ်ချက်မှာ နယ်စပ်လုံခြုံရေးကို မြှင့်တင်ရန်နှင့် ယခင် အစည်းအဝေးများတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော်လည်း နောက်ထပ် အရာရှိတဦးကမူ ၂ နိုင်ငံ တပ်ဖွဲ့များကြားတွင် မယုံကြည်မှု ရှိခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့သည်။ သို့သော်လည်း “အဲဒါတွေက ဆွေးနွေးမှုကြောင့် ပြောင်းလဲလာနေပါတယ်” ဟု ဆိုသည်။

“ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကလည်း သူတို့ရဲ့ နယ်မြေလုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

BGB မှ အဆင့်မြင့် အရာရှိများအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများနှင့် မူးယစ်ဆေးဝါး တားဆီးထိန်းချုပ်ရေးဌာန မှ ကိုယ်စားလှယ်များလည်း အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့ကြသည်။

ဒါကာမြို့ရှိ မြန်မာသံရုံးတွင် မှတ်ချက်ပြောကြားပေးနိုင်သူ ရှိမနေခဲ့ပါ။ သို့သော်လည်း ပူးတွဲ သတင်းစာရှင်းလင်းပွဲတခုကို ဇန်နဝါရီလ ၈ ရက်နေ့တွင် BGB ဌာနချုပ်၌ ကျင်းပရန် စီစဉ်ထားသည်။

နယ်စပ်ဧရိယာများတဝိုက်တွင် လှုပ်ရှားသွားလာနေကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ရိုဟင်ဂျာများ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အများအပြား ရှိနေခဲ့သည့်တိုင် မြေမြှုပ်မိုင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့က တွန့်ဆုတ်နေခဲ့သည်ဟု နောက်ထပ် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ တဦးကပြောသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်ခရိုင်ဖြစ်သည့် Bandarban ရှိ Naikhanchhari တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရင်းမြစ်များ၏ အဆိုအရသိရသည်။

ရိုဟင်ဂျာများပြန်လာခြင်းကို တားဆီးရန် မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းများ ချထားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက စွပ်စွဲခဲ့ကြောင်း ဒက္ကာအခြေစိုက် New Age နေ့စဉ်သတင်းစာမှ သတင်းတခုတွင် ဖော်ပြခဲ့သည်။ အဆိုပါစွပ်စွဲမှုကို မြန်မာနိုင်ငံက ပယ်ချခဲ့သည်။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ကျဉ်းမြောင်းသည့် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းများကို ပစ်မှတ်ထားအသုံးပြုသည့် သက်သေအထောက်အထားရှိကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သည့် Amnesty International ကပြောသည်။ လူကို ထိခိုက်စေသောမိုင်းများ(Anti-personnel mines) အသုံးပြုခြင်းကို ၁၉၉၇ ခုနှစ် လူကိုထိခိုက်စေသောမိုင်းများ တားမြစ်ခြင်း၊ ဖျက်ဆီးခြင်းဆိုင်ရာ သဘောတူစာချုပ် အရတားမြစ်ထားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
66
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
95
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
61

မြန်မာနိုင်ငံဘက်မှာ တားဆီးရေးအတွက် သူတို့ဆောင်ရွက်နေကြောင်း အကြိမ်ကြိမ် အာမခံခဲ့သည့်တိုင် မက်သဖက် တမင်း(ရာဘ) ဆေးပြားများ မှောင်ခိုကုန်ကူးခြင်းက ဆက်လက်ရှိနေကြောင်း BGB တာဝန်ရှိသူများက ပြောသည်။

၂၀၁၉ ခုနှစ်တွင် ဆေးပြား ၉၂၁၇၆၈၇ ပြား ဖမ်းမိခဲ့ကြောင်း BGB က ပြောသည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ရာဘဆေးပြားများ မှောင်ခိုကုန်ကူးခြင်းက ရပ်မသွားသည့် အကြောင်းရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံက ၎င်း၏ ကတိကဝတ်များအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Myanmar, Bangladesh Officials Discuss Border Security in Dhaka  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်လုပ် ဖရီဂိတ် စစ်သင်္ဘောနှစ်စင်း ဘင်္ဂလားဒေ့ရှ် လက်ခံရယူ

အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ နိုင်ငံတကာမီဒီယာ မျှမျှတတ မရေးပါ

Your Thoughts …
Tags: ဒါကာနယ်စပ်လုံခြုံရေးမြန်မာ-ဘင်္ဂလားဒေ့ရှ်
Muktadir Rashid

Muktadir Rashid

Similar Picks:

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

by ဧရာဝတီ
29 August 2024
6.7k

ဒုက္ခရောက်နေသည့် စစ်ကောင်စီသည် မျှော်လင့်ချက် ကင်းမဲ့နေသည်။

မြန်မာစစ်တပ်ကို  အိန္ဒိယ ဘာကြောင့် ပေါင်းသလဲ

မြန်မာစစ်တပ်ကို  အိန္ဒိယ ဘာကြောင့် ပေါင်းသလဲ

by Maria Siow
29 July 2023
6.5k

မည်သို့ပင်ဖြစ်စေ အိန္ဒိယသည် မြန်မာစစ်ကောင်စီကို လက်နက်များ ဆက်လက် ရောင်းချနေသည်။

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

by Surachanee Sriyai
11 September 2023
5.1k

ထိုင်းနိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများ မြှင့်တင်ရာတွင် မြန်မာ၏ ရှုပ်ထွေး ထိခိုက်လွယ်သော လူမှုနိုင်ငံရေး ရှုခင်းတွင် လမ်းကြောင်းရှာရန် ပိုမို ခက်ခဲသည်။

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

by Zo Tum Hmung နှင့် John Indergaard
5 December 2023
4.7k

နှစ်နှစ်ကြာ ဆွေးနွေးပြီးနောက် လာမည့်လများအတွင်း တင်းပြည့်ကျပ်ပြည့် ချင်းပြည်နယ်ကောင်စီ (CC) ကို ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

by ခင်ဦး
21 August 2024
4.6k

နိုင်ငံတကာအသိုက်အဝန်းရှိ လေ့လာသုံးသပ်သူများနှင့် မူဝါဒချမှတ်သူများသည် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်လျှင် ယခုအထိ ဝေဝါးမှုများဖြစ်နေပြီး နားမလည်နိုင်ဘဲဖြစ်နေသည်။

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
4.1k

"ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်"

Next Post
လူ ၁၇၀ သေဆုံးသည့် ယူကရိန်း ခရီးသည်တင်လေယာဉ်ပျက်ကျမှု (ရုပ်/သံ)

လူ ၁၇၀ သေဆုံးသည့် ယူကရိန်း ခရီးသည်တင်လေယာဉ်ပျက်ကျမှု (ရုပ်/သံ)

သရုပ်ဆောင် အကယ်ဒမီ မေသန်းနု / ဧရာဝတီ

"မေသန်းနုကို ငွေပမာဏကြောင့် ပြစ်ဒဏ်ချတာ မဟုတ်ဘူး"လို့ ရန်ကင်းမြို့နယ် တရားရုံးမှ ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved