• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမ်း ၌ ကယ်ဆယ်ရေးစခန်းများမရှိ၍ စစ်ဘေးရှောင် အရှိုချင်း ၄၀၀ကျော် အခက်တွေ့နေ

by ကောင်းမြတ်မင်း
14 January 2020
in သတင်း
A A
အမ်းမြို့ပေါ်သို့ ပြောင်းရွှေ့လာသည့် အရှိုချင်းစစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ် / မြေလတ်အသံ

အမ်းမြို့ပေါ်သို့ ပြောင်းရွှေ့လာသည့် အရှိုချင်းစစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ် / မြေလတ်အသံ

39.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်း အမ်းမြို့နယ် ဒါးလက်၊ မဲလက်မောင်း၊ ကဇုကိုင်းကျေးရွာ အုပ်စုများရှိ ရွာ ၁၀ ရွာမှ ဒေသခံ ၄၀၀ ကျော်သည် လုံခြုံရေး စိတ်မချရ၍ နေရပ်စွန့်ကာ အမ်းမြို့ပေါ်သို့ ထွက်ပြေးလာရာ စစ်ဘေးရှောင်စခန်း မရှိသဖြင့် အခက် အခဲများ ကြုံနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “ လောလောဆယ်တော့ အမ်းမှာ သူတို့ စစ်ဘေးရှောင်မထားဘူး၊ မထားဘူးဆိုတာ တိုက်ပွဲမဖြစ်လို့ မထားဘူးလို့ ပြောတာပဲ။ အစိုးရရဲ့ ဂရုစိုက်မှု မရှိဘဲ ဟိုအိမ်ခဏနေ ဒီအိမ်ခဏနေ သူတို့နီးစပ်ရာမှ နေကြတဲ့အတွက် တော်တော်ကို အခက်အခဲ ရှိတယ်။ အရှိုချင်း တိုင်းရင်းသားတွေ နေတဲ့နေရာမှာ ဆိုရင် မနက်ပိုင်း ကျန်းမာရေးကိစ္စ၊ နိစ္စဓူဝ ကျန်းမာရေးကိစ္စတွေ ဖြေရှင်းဖို့အတွက် အတော်ကို ခက်ခဲတယ်။ သူတို့နေတဲ့နေရာက ၃၊ ၄ ရက်လောက် ရှိနေပြီ ဆိုပေမယ့် တော်တော်လေး အနံ့ကို ထွက်နေပြီ” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက“ဒီမှာ အသက် ၈၀ အထိ သက်ကြီးရွယ်အိုတွေရှိတယ်။ ကလေးလေးတွေဆို အများကြီးပဲ လူဦးရေရဲ့ ၅ ပုံ ၃ ပုံလောက်က ကလေးလေးတွေ ကျောင်းသူကျောင်းသားတွေပါတယ်။ ဒါကို ပြည်ထဲရေးရယ်၊ ကာကွယ်ရေးရယ်၊ အုပ်ချုပ်ရေးကဏ္ဍနဲ့ ပြည်နယ်အစိုးရနဲ့က လုံးဝဂရုမစိုက် ဘူး။ ဒီအတိုင်း ပစ်ထားမယ် ဆိုရင် အစိုးရကို ယုံကြည်ကိုးစားမှု အတော်ကို အားနည်းလာနိုင်တယ်။ ပြည်သူတွေက ကျမတို့ကို တင်ပြကြတယ်။ ကျမတို့က တိုက်ပွဲရှောင်ပြည်သူများ အနေနဲ့ ယာယီနေရာလေး ဖြစ်ဖြစ် အကူအညီပေးဖို့ သူတို့ တောင်းဆိုကြတယ်ရှင့်” ဟု ရှင်းပြသည်။

ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ အမ်းမြို့နယ် ဒါးလက်ကျေးရွာ အုပ်စုအတွင်းမှ အရိုးတောင်၊ ရွာဟောင်း၊ နှမ်းချောင်းနှင့် ရှမ်းကုန်းကျေးရွာများ၊ မဲလက်မောင်း ကျေးရွာအုပ်စု အတွင်းမှ မဲလက်မောင်း၊ ကြိမ်ချောင်းနှင့် မဲတောင်ခြေရင်း ကျေးရွာ၊ ကဇုကိုင်းကျေးရွာအုပ်စု အတွင်းမှ အုန်းတည်ချောင်းနှင့် သရက်ပင်ချောင်း ကျေးရွာများမှ ထွက်ပြေး လာသည့် အိမ်ထောင် စုပေါင်း ၈၀ ကျော်မှ လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

အမ်းမြို့နယ် အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဆလိုင်းနေလင်းက “ဇန်နဝါရီလ ၇ ရက်နေ့ ကနေစပြီး တဖြည်း ဖြည်း ရောက်လာကြတာ အခုဆို လူဦးရေ ၄၀၀ ကျော်သွားပြီ။ နေရေးထိုင်ရေး နဲ့ စားရေးသောက်ရေးအတွက် အတော် ခက်ခဲတယ်။ ရေရှည်ဆို မလွယ်ဘူး လွှတ်တော်ကိုယ်စား လှယ် ဒေါ်ထုမေကိုတော့ အကူအညီ တောင်းပေးဖို့ ပြောထား တယ်။ အစိုးရအနေနဲ့လည်း နည်းနည်းပါးပါး ကူညီပေးစေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။

ထွက်ပြေးလာသူ ၄၀၀ ကျော်တွင် အသက် ၅ နှစ်အောက် ကလေးသူငယ် ၇၀ ကျော်၊ ၅ နှစ်နှင့် ၁၂ နှစ်ကြား ၈၀ ကျော်နှင့် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ၄၀ ဦး နီးပါးရှိပြီး အသက် ၆၀ နှင့်အထက် ၄၀ ဦးရေ ကျော် ရှိကာ အများစုမှာ အရှိုချင်း တိုင်းရင်း သားများ ဖြစ်ကြောင်း အမ်းမြို့နယ် အရှိုချင်းအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ စာရင်းဇယားများ အရ သိရသည်။

ရွာဟောင်းကျေးရွာမှ အရှိုချင်း အမျိုးသမီးတဦးက “ ကျမတို့လည်း တနေ့က ရွာကထွက်လာကြတာ။ ရွာမှာက သစ်တွေ၊ ဝါးတွေလည်း ခုတ်ရင်လည်း ဝယ်မယ့်သူ မရှိဘူး။ ရေလမ်း၊ ကားလမ်းတွေက လည်း ပိတ်ထား၊ အလုပ်ကလည်း လုပ်စရာ ဘာမှမရှိဘူး။ စားစရာလည်း မရှိကြတော့ဘူး။ အခု ဆိုရင် ကလေးတွေလည်း ကျောင်းမတက်ခိုင်းတော့ဘူး။ ကျမတို့ လုံးဝမပြန်တော့ဘူး။ ဒီမှာအိမ်လေး ဘာလေးတော့ လိုချင်တယ်။ ဟိုမှာတော့ ခြံဝိုင်းထားခဲ့ရတယ်” ဟု ပြောသည်။

အစိုးရအနေနှင့် တိုက်ပွဲမဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အကြား နေထိုင်နေရသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိသဖြင့် ထွက်ပြေးတိမ်းရှောင် လာရသည့် ပြည်သူများကို အကူအညီ ပေးသင့်ကြောင်းနှင့် လွှတ်တော်အတွင်းမှလည်း အကြိမ်ကြိမ် တင်ပြထားသော်လည်း လွှတ်တော်၏ ဂရုစိုက်မှု အားနည်းခြင်း ကြောင့် ပြည်သူများ ဒုက္ခအခက်အခဲ ပိုမိုကြုံတွေ့ရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆက်ပြောသည်။

“ဒါတွေက အစိုးရမှာတာဝန်ရှိတယ်။ ကျမတို့ကိုယ်စားလှယ်တွေက မီဒီယာတွေကိုပြောတယ်။ လွှတ်တော်မှာလည်း ၂၀၁၉ အကြိမ်ကြိမ် တင်ပြကြတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ ဂရုစိုက်မှု အားနည်းတာ။ အစိုးရရဲ့ ဥပက္ခာပြုမှုတွေကြောင့် အနည်း ဆုံးတော့ သူတို့တွေကို ယာယီဒုက္ခသည် စခန်းတခုတော့ ထားပေးရမယ်။ အုပ်ချုပ်ရေးမှူး မေးကြည့်တော့ တိုက်ပွဲ မဖြစ် ဘဲ စစ်ရှောင် မထားဘူးဆိုတော့ ဖြစ်လာနိုင်ခြေရှိတယ် ဖြစ်ခဲ့တယ်ဆိုတော့ ပြည်သူတွေကလည်း အသက်လုပြီး ထွက်ပြေး ကြပေမယ့် သူတို့အတွက် ခိုကိုးရာ တနေရာလေးတောင် မပေးဘူး။ အစိုးရက အကာအကွယ်ပေးရမယ့်အစား လူမှုအဖွဲ့ အစည်းလောက်တောင် အကူအညီမရနိုင်ဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

လက်တလော အမ်းမြို့ပေါ်တွင် ကိုယ်ထူကိုယ်ထ ယာယီစစ်ရှောင်စခန်းအဖြစ် လေယာဉ်ကွင်း၊ ဈေးတောင် ၄ ရပ်ကွက်၊ ဈေးတောင် ၅ ရပ်ကွက်၊ ဆင်ထိုးနှင့် အောက်ရွာဓမ္မရုံစသည့် ၅ နေရာတွင် ဖွင့်လှစ်ထားပြီး၊ အောက်ရွာဓမ္မာရုံတွင် ရခိုင် တိုင်းရင်းသား စစ်ဘေးရှောင်များလည်း လာရောက်နေ ထိုင်ပြီး အများစုမှာ အရှိုချင်း တိုင်းရင်းသားများဖြစ်ပြီး နီးစပ်ရာ နေအိမ်များတွင် သွားရောက် နေထိုင်နေရသူများလည်း ရှိကြောင်း သိရသည်။

You may also like these stories:

မြေပုံက စစ်ဘေးရှောင် မိသားစု ပစ်ခတ်ခံရ၍ ၁၀ လအရွယ် ကလေး ၁ ဦးသေဆုံး

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၂)

Your Thoughts …
Tags: ကယ်ဆယ်ရေးစခန်းစစ်ဘေးရှောင်အရှိုချင်းတိုင်းရင်းသား
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

by Lorcan Lovett
18 May 2024
6.8k

"ကျနော်က ကြေးစားစစ်သား မဟုတ်ဘူး။ ကျနော်က ကျနော် မှန်တယ် ထင်တဲ့ဘက်အတွက် လုပ်ပေးတာသက်သက်ပဲ"

Next Post
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ / ကျော်ခ

တရုတ်သမ္မတခရီးစဉ်အတွင်း AA ကို နာမည်ပျက်အောင် လုပ်နေဟု ပြော

ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတွင် တုံ့ဆိုင်းနေသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများကို စတင်ရန် လမ်းဖွင့်မည်ဖြစ်သည် / Reuters 

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း အစီအစဉ်များစွာ ရှိနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved