• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံတကာပြစ်တင်ရှုတ်ချမှု အခြေအမြစ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

by စမ်းယမင်းအောင်
25 January 2020
in သတင်း
A A
၂၀၁၉ ခု ဒီဇင်ဘာ ၁၁ ရက် သဟိဂ်မြို့ရှိ နိုင်ငံတကာ တရားရုံးတွင် လျှောက်လဲချက်ပေးနေသော ဒေါ်အောင်ဆန်းစုကြည် / Reuters

၂၀၁၉ ခု ဒီဇင်ဘာ ၁၁ ရက် သဟိဂ်မြို့ရှိ နိုင်ငံတကာ တရားရုံးတွင် လျှောက်လဲချက်ပေးနေသော ဒေါ်အောင်ဆန်းစုကြည် / Reuters

14.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်မြောက်ပိုင်းနေ မွတ်စလင်များအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပြီး ထိုရှုတ်ချမှုသည် ရခိုင်ပြည်နယ်သို့ တည်ငြိမ်မှုနှင့် တိုးတက်မှုများ ဆောင်ယူပေးရေး မြန်မာနိုင်ငံ၏ အားထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုရှိကြောင်း ပြောကြားလိုက်သည်။

ကြာသပတေးနေ့က ဗြိတိသျှ ထိပ်တန်းစီးပွားရေး သတင်းစာ Financial Times တွင် ရှားရှားပါးပါး ဖော်ပြသော အတွေးအမြင် ဆောင်းပါး တခုတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာနိုင်ငံ ရုပ်ပုံလွှာကို သရုပ်ဖျက်နေကြောင်းနှင့်  ထိုလုပ်ရပ်သည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးကို ထိခိုက်စေကြောင်း ရေးသားခဲ့သည်။

“မြန်မာနိုင်ငံထက် ရင်းမြစ်နည်းသော နိုင်ငံများကို အလားတူ ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့အတွက် အကျိုးဆက်မှာ ဆိုးရွားလှသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ၂၁၀၇ ခုနှစ်နှောင်းပိုင်းက ရခိုင်မြောက်ပိုင်းနေ မွတ်စလင်များကို ရွှေ့ပြောင်းစေပြီးနောက် ပြင်းထန်သော နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကို ရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲစခန်းများကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) က တိုက်ခိုက်မှုများကို တန်ပြန်သည့် အနေဖြင့် အစိုးရလုံခြုံရေးတပ်များ၏ ထိုဒေသမှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ အပြီးတွင် မွတ်စလင် ၇ သိန်းကျော်သည် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသည်။

ထိုသို့ထွက်ပြေးသူများက အငြင်းပွားဖွယ်ရာသတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း ပြန်ပြောပြသည်။ ထိုစစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ပြောသည်။ မြန်မာအစိုးရနှင့် တပ်မတော် နှစ်ခုစလုံးက ထိုစွပ်စွဲချက်ကို ငြင်းပယ်သည်။

နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တို့တွင် မြန်မာနိုင်ငံကို တရားစွဲဆိုကြပြီး မြန်မာနိုင်ငံသည် မွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်သည်ဟု အာဂျင်တီးနား နိုင်ငံတွင် စွဲဆိုသော တသီးပုဂ္ဂလ အမှုတခုလည်း ရှိနေသည်။

“(မြန်မာနိုင်ငံကို စွဲဆိုသော) ထိုအမှုများအားလုံးသည် ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများမှ ဒုက္ခသည်များ၏ ပြောဆိုချက်များအပေါ် အန္တရာယ်ရှိလောက်အောင် မှီခိုနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အပေါ် အလွန်အကျွံအားပြု နေသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများနှင့် အုပ်စုလိုက် နေရပ်စွန့်ခွာရခြင်းအတွက် ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုကို အစိုးရက ထူထောင်ခဲ့သည့် လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့ (ICOE) က ဆောင်ရွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထိုအဖွဲ့သည် ၎င်းတို့၏ နောက်ဆုံးအစီရင်ခံစာကို သမ္မတထံသို့ တနင်္လာနေ့က တင်သွင်းခဲ့သည်။

အချို့ဒုက္ခသည်များသည် တိကျမှုမရှိ ချဲ့ကားသည့် သတင်းအချက်အလက်များကို ပေးခဲ့နိုင်ကြောင်း ICOE ကအစီရင်ခံခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျူးလွန်ခံရသူများ၏ အသံကို နားထောင်ရမည်၊ နှလုံးသားနှင့် ချဉ်းကပ်ရမည်။ သို့ရာတွင် အချက်အလက်ရှာဖွေသူများ အနေဖြင့် အမှန်တရားကို ရှာဖွေရေးအတွက် လွန်စွာ သတိချပ်ရန်မှာလည်း အလားတူအရေးပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

“ထိုသို့ဖြစ်သည်ကို နားလည်နိုင်သော်လည်း စနစ်တကျပြုလုပ်ထားသည့် စိန်ခေါ်မှုများရှိနေသည်ကို မိမိတို့အသိအမှတ်ပြုရမည်။ နိုင်ငံတကာ တရားစီရင်ရေးစနစ်သည် နိုင်ငံများနှင့် အစိုးရများ အားလုံးအပေါ် ရာဇဝတ်မှု အရိပ်မဲ မထိုးမီ မှားယွင်းယူဆစေသော သတင်းအချက်အလက်များကို စစ်ထုတ်နိုင်သည့် စနစ်တပ်ဆင်ထားနိုင်ပုံမရပေ”  ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးထားသည်။

ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို မဖြတ်ဘဲ သက်သေမပြနိုင်သေးသော ထုတ်ဖော်ပြောဆိုချက်များအပေါ် အခြေခံပြီး လူ့အခွင့်အရေးအဖွဲ့များက မြန်မာကို စွပ်စွဲနေကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ရေးသည်။

လူ့အခွင့်အရေးကို အခိုင်မာဆုံး အကာကွယ်ပေးရန် အခြေအမြစ်မရှိသော လုပ်ဇာတ်များကို ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မှီခိုနေသည့် နည်းလမ်းအား ပြုပြင်ပြောင်းလဲရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ARSA နှင့် မြန်မာ လုံခြုံရေးတပ်များ၊ အရပ်သားများအကြား ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ICOE က ကောက်ချက်ချပြီး နောက်ထပ်ပြည်တွင်း စုံစမ်းစစ်ဆေး အရေးယူမှုများပြုလုပ်ရန် အကြံပြုသည်။ ကော်မရှင်၏ အကြံပြုချက်များကို အရေးယူရန် မြန်မာအစိုးရက ကတိပြုသည်။

အရပ်သားများကို သတ်ဖြတ်မှုများ၊ အင်အားအလွန်အကျွံအသုံးပြုမှုများ၊ လုယက်မှုများနှင့် မွတ်စလင်များ စွန့်ခွာသွားသည့် နေအိမ်များကို မီးရှို့မှုများကို ထိုအစီရင်ခံစာက အသေးစိတ်ဖော်ပြသော်လည်း မွတ်စလင်တို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းသဖြင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။

ရွာများကို လုယက်မီးရှို့သည့် အရပ်သားများကို စုံစမ်းစစ်ဆေးရန် ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံကတိပေးပြီး တပ်မတော်က ကျူးလွန်ခဲ့ပုံရသော စစ်ရာဇဝတ်မှုများကို စစ်ဖက်တရားစီရင်ရေးစနစ်ဖြင့် အရေးယူမည်ဟုပြောသည်။ သို့သော်လက်နက်ကိုင်တပ်များဖက်က တာဝန်ခံမှုရရှိရေးမှာ မလွယ်ကူကြောင်းလည်း သူက ဝန်ခံသည်။

“၎င်း၏ တပ်ဖွဲ့များဝင်များအတွက် တာဝန်ခံမှု အကျိုးစီးပွားကို အသိအမှတ်ပြုရန်နှင့် စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆက်လက်ဖြစ်လာစေရေး လက်နက်ကိုင်တပ်အနေဖြင့် မည်သည့်အခါမျှ မလွယ်ကူခဲ့ပါ။  ထိုကိစ္စမှာ ကမ္ဘာတဝှမ်းတွင်တွေ့ရသော စိန်ခေါ်မှုဖြစ်သည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော် ထိုသို့သောအကြောင်းကြောင့် နိုင်ငံတကာ တရားစီရင်ရေးသည် ချက်ခြင်း အခန်းကဏ္ဍတခုမှ ပါဝင်သင့်သည်ဟု မဆိုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားပြီး မြန်မာနိုင်ငံကို အချိန်ပိုမိုပေးရန် တိုက်တွန်းသည်။

“ပြည်တွင်း တရားစီရင်ရေးလမ်းကြောင်းတွင် လျှောက်လှမ်းရန် လုံလောက်သော အချိန်ပေးမှသာလျှင် အကြောင်းစုံ သိရှိထားပြီး အကဲဖြတ်နိုင်သော မြန်မာ့စွမ်းရည်ကသာ ရခိုင်မှ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စကို ကိုင်တွယ်နိုင်မည်။  မယုံကြည်မှုနှင့် ကြောက်လန့်မှု၊ အာဃာတနှင့် အမုန်းတရားကို ကျော်လွှားရန်နှင့် ကာလကြာမြင့်စွာ တည်ရှိနေသော အသိုင်းအဝန်းများအကြား အကြမ်းဖက်မှုကို အဆုံးသတ်ရန် တရားမျှတမှုက ကူညီနိုင်သည်။ မိမိ၏  ရည်မှန်းချက်ပန်းတိုင်မှာ ထိုအတိုင်းသာဖြစ်သည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

(San Yamin Aung ၏ Myanmar State Counselor Says Int’l Condemnation of Country Over Rohingya Crisis Is Unfounded ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
130
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.2k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
76

You may also like these stories:

ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍

ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတကာပြစ်တင်ရှုတ်ချမှုရိုဟင်ဂျာအခြေအမြစ် မရှိ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
မန္တလေး-ပုဂံရထားလမ်းပိုင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီသို့ Elite City Investment ကုမ္ပဏီမှ တာဝန်ရှိသူများ ဆွေးနွေးစဉ် / Hluttaw

မန္တလေး-ပုဂံ ရထားလမ်း အဆင့်မြှင့်တင်မှု ယခုနှစ် အတွင်း စတင် လေ့လာမည်

မန္တလေး တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ လာရောက်သည့် တရုတ်ခရီးသည်တချို့ကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်နှုန်း ၄ ဆကျော်တိုးလာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved