• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော

by သီဟလွင်
1 February 2020
in သတင်း
A A
ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuters

ICJ တရားရုံးတွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / Reuters

13.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာမှုကို ရင်ဆိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ထွက်ရှင်းရခြင်း တပ်မတော်ကို ကာကွယ်ပေးခြင်း မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။

ဦးဇော်ဌေးက“ICJ မှာဆွဲတာက တပ်မတော်ကို ဆွဲတာ မဟုတ်ဘူး။ ဒီ NLD အစိုးရကို ဆွဲတာလည်း မဟုတ်ဘူး။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံကို ဆွဲတာဖြစ်တဲ့အတွက် အဲဒါကို ကာကွယ်တာ ဖြစ်တယ်”ဟု ပြော သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံ၏ အမှုကို နိုင်ငံတကာမှ အထူး အလေးထား စောင့်ကြည့်မှုများ ရှိနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းချက်များကြောင့် နိုင်ငံတကာ၏ သဘောထားမှာ တဖြည်းဖြည်းခြင်း ပျော့ပျောင်းလာကြောင်းလည်း ဦးဇော်ဌေးက အထက်ပါ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။

အစိုးရ၏ ဖြေရှင်းမှုမှာ ယေဘုယျအားဖြင့် မှန်ကန်ကြောင်း၊ ICJ ၏ ကြားဖြတ် အမိန့်ချမှတ်မှုမှာ အမှားအမှန် ဆုံး ဖြတ်ခြင်းမျိုး မဟုတ်ပဲ ဂျီနိုဆိုက် မဖြစ်စေရေး ကာကွယ်ပေးရန်အတွက် လုပ်ဆောင်ချက်များအား ၄ လအတွင်း အစီအရင်ခံစာ တောင်းဆိုသည့် အချက်အား အစိုးရက လုပ်ပေးရန် တာဝန်ဝတ္တရားရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ဒီကိစ္စက အစိုးရကို အရေးယူတာလည်း မဟုတ်ဘူး။ တပ်မတော်ကို အရေးယူတာလည်း မဟုတ်ဘူး။ နိုင်ငံအနေနဲ့ စွပ်စွဲတာပါ။ နိုင်ငံအနေနဲ့ တုန့်ပြန်ဖို့ပဲ လိုပါတယ်”ဟု ၎င်းက ပြောသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) ပြုလုပ်သည့် စွပ်စွဲချက်အား ICJ က အချက် ၄ ချက်ပါဝင်သော ကြားဖြတ်အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့သည်။

အဆိုပါအချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူမျိုးပြုန်းတီးစေမှု တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင်ပြဌာန်းထားသည့် အပိုဒ်အချို့မှ အချက်အလက်များ အပါအဝင် သက်သေ အထောက်အထားများ မဖျက်ဆီးရန်နှင့်လေးလအတွင်း အစီရင်ခံစာ တင်ရမည့် အချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက် ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မတော် အပါအဝင် မည်သည့် လက်နက်ကိုင်အဖွဲ့ ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူးလွန်စေရန် အစီ အမံများ ဆောင်ရွက်ရန် အချက်တို့လည်း ပါဝင်သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“မြန်မာနိုင်ငံက ဒီလိုမျိုး အဆိုးရွားဆုံး ဂျီနိုဆိုက်ဆိုတဲ့ နာမည်ကြီးနဲ့ တွဲ သိသွားဖို့ ဆိုတာက . . . နောက်လာမယ့် သားစဉ်မြေးဆက် အကုန်လုံး ဒုက္ခရောက်မယ်။ နိုင်ငံရဲ့ သမိုင်းလည်း တော်တော်လည်း ဆိုးရွားသွားမယ် အနေထားဖြစ်တယ်”ဟု ပြောသည်။

အစိုးရ၏ ကိုယ်တွယ်မှုမှာ အရေးကြီးကြောင်း၊ ကြားဖြတ်အမိန့်နှင့် ပတ်သက်ပြီး အစိုးရက နိုင်ငံနှင့် ပြည်သူ အကျိုး ကို ရှေးရှု လုပ်ဆောင် ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်မှသာလျှင် ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေး ကောင်းမွန် လာပြီး ဖြည်လျော့မှုများ ရှိလာမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။

“လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ဖို့ လိုတယ်။ တပ်မတော်မှာ တာဝန်ရှိတယ်ဆိုရင် တပ် မတော်ကို ပြတ်ပြတ်သားသား ပြောဖို့ဆိုဖို့ အချိန်တန်ပြီလို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍“တိုင်းပြည်မှာ ခေတ်အဆက်ဆက်က တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နဲ့ အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှုတွေကိုတွေကို ရှေ့ထွက်ပြီး ဖြေရှင်းတဲ့ ခေါင်းဆောင် တော်တော်ရှားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းဖို့ ထွက်လာတာက ကြိုဆိုရမယ့်ကိစ္စ ထောက်ခံရမယ့်ကိစ္စ”ဟု ပြောသည်။

လွပ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အစီရင်ခံစာနှင့် ပတ်သက်၍လည်း တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ပြစ်မှုများကို စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးအရသွားမည် ဖြစ်ကြောင်းနှင့် အရပ်သား များအပေါ် ARSA အဖွဲ့ မှ အကြမ်းဖက်မှုမျိုး ကိစ္စရပ်များကိုမူ အရပ်ဖက် တရားစီရင်ရေး အတိုင်း ၂ ပိုင်းခွဲကာ ဆောင် ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

အစိုးရက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးပို့ထားသော (ICOE) အစီအရင်ခံစာနှင့်ပတ်သက်၍ တပ် မတော်မှ အသေးစိတ်လေ့လာနေပြီး ယင်းအစီအရင်ခံစာပါ အကြောင်းအရာများနှင့်ပတ်သက်၍ တပ်မတော်က ခုံရုံးတင်စစ်ဆေးမည့်ရက်ကို အတိအကျမပြောနိုင်သေးကြောင်း ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
130
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.2k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
76

ICOE ၏ အစီအရင်ခံစာတွင် နောက်ဆက်တွဲ ၃၁ ချက်အပါအဝင် စုစုပေါင်း စာမျက်နှာ ၄၅၀ ကျော်ပါရှိသလို အကြံပြုချက် ၂၂ ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေရုပ်ရုံး တိုမှလည်း လိုအပ်သည့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် အကြံပြုချက်များလည်း ပါဝင်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို ARSA အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

ယင်းစွပ်စွဲချက်များကို အကြောင်းပြု၍ ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က တပ်မတော်ကို အရေးယူရန် တိုက်တွန်းမှုများ ရှိနေပြီး နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထားသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ဖြင့်လည်း အရေးယူရန် ကြိုးပမ်းမှုများ ရှိနေသည်။

တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနတိုင်းရင်းသားများကလည်း စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား မဟုတ်သူ အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က အမြဲပြောဆိုလေ့ ရှိသည်။

You may also like these stories:

အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြော

နိုင်ငံတကာပြစ်တင်ရှုတ်ချမှု အခြေအမြစ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

 

Your Thoughts …
Tags: ICJICOEဂျီနိုဆိုက်သမ္မတရုံးဦးဇော်ဌေး
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

ARSA ခေါင်းဆောင် အဖမ်းခံရအပြီး မွတ်စလင် လက်နက်ကိုင်တွေ ပြိုကွဲသွားနိုင်လား

by စွယ်တော်
22 March 2025
6.1k

တဖက်တွင် AA အနေဖြင့် ရန်သူ များလာစေရန်အတွက် စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးရန် ARSA ကို အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။

Next Post
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  /  မျိုးမင်းစိုး / ဧရာဝတီ

တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း

၂၀၁၈ ခုနှစ် တပ်မတော်နေ့ အခမ်းအနား စစ်ရေးပြ မြင်ကွင်း  / ဧရာဝတီ

တပ်မတော် အာဏာလျှော့ချရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved