• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မီးခိုး မထွက်သည့် စီးပွားရေး ဖြစ်ရန် စီစဉ်နေဟု ဦးဖြိုးမင်းသိန်းပြော

by မျိုးပပစန်း
7 February 2020
in သတင်း
A A
ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်  / မျိုးပပစန်း / ဧရာဝတီ

ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် / မျိုးပပစန်း / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ မီးခိုးမထွက်သည့် စီးပွားရေး ဖြစ်ရန် တိုင်းအစိုးရမှ ကြိုးပမ်း ဆောင်ရွက် နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြု လုပ်သော ၆ ကြိမ်မြောက် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် (Green Economy Green Growth- GEGG) ၌ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်က “ကျနော်တို့ နိုင်ငံရဲ့ ကုန်စည်ထုတ်လုပ်မှုတွေ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ မီးခိုးမထွက်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်နိုင်ဖို့နဲ့ မီးခိုးထွက်မယ်ဆိုရင်လည်း ဒီမီးခိုးကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ အတွက် ကြိုးပမ်း ဆောင်ရွက် နေပါတယ်” ဟု ပြောဆိုသည်။

သို့သော် မည်သည့်ပုံစံနှင့် ကြိုးပမ်းဆောင်ရွက်နေသည်ကို အသေးစိတ် ပြော ဆိုခဲ့ခြင်း မရှိပေ။

ထို့ပြင် ရန်ကုန်မြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များ ဖိတ်ခေါ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိ ခိုက်ခြင်း မရှိသည့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော စီးပွားရေး လုပ်ကိုင်နိုင်သော လုပ်ငန်းများကိုသာ ဆောင်ရွက်နိုင်ရန် ကြိုးစား ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာ တနိုင်ငံလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရန်ကုန်တိုင်း၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် တိုက်ရိုက် အချိုးကျ နေသောကြောင့် လက်ရှိတွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရေး အတွက် အစိမ်းရောင် စီးပွားဖြစ်စေရန်လည်း ရန်ကုန် တိုင်းအတွင်း၌ မုတ္တမပင်လယ်ကွေ့ တကြောတွင် ဒီရေတော ၃ သောင်းဝန်းကျင်ကို ပြန်လည် တည်ဆောက်နေကြောင်း သိရသည်။

အစိမ်းရောင် စီးပွားရေး ဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ၊ ဂေဟစနစ်များ ဆုံးရူံးမှုများ အ တတ်နိုင်ဆုံး လျော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ဆောင် ရွက်သော စီးပွားရေး လုပ်ငန်း ဖြစ်သည်။

ရွှေလင်ဗန်း စက်မှုဇုန် အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “ကုန်ထုတ်လုပ်ငန်းတွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမှု ရှိအောင် လုပ်ဖို့က ကျနော်တို့ဆီမှာ ဥပဒေ စည်းမျဉ်းတွေက မခိုင်မာဘူး။ အဓိက ပြဿနာက ဒါပဲ။ ခက်တာက မြေပြင်မှာ ဌာနဆိုင်ရာတွေ အားကောင်းဖို့ လိုတယ်။ အားမကောင်းရင် ဖြစ်ချင်တိုင်း ဖြစ်တာပဲ” ဟု ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “အပေါ်က အစိမ်းရောင် စီးပွားရေး ပတ်ဝန်းကျင်လို့ ပြောနေတယ်။ အောက်ခြေမှာက စက်မှုဇုန်မှာ ရေစစ်ကန်တွေလည်း မရှိဘူး။ အခြေခံ အဆောက်အအုံလည်း မရှိဘူး။ အစိုးရက ဘာမှ မလုပ်ပေးနိုင်တဲ့ အခါမှာ ဒါတွေက ပတ်ဝန်းကျင်ကို စိန်ခေါ်မှုတွေ ဖြစ်စေတယ်။ အဲဒီတော့ စက်မှု ကုန်ထုတ်လုပ်ငန်းတွေက မီးခိုးထွက်ဖို့ မထွက်ဖို့ ဆိုတာ ထက် ပတ်ဝန်းကျင်က မြောင်းတွေ ပိတ်နေတယ်။ ကျူးတွေ ရှိနေတယ်တော့ ကျနော်တို့ဆီမှာ လုပ်ရတော့ ခက်တယ်” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

ထို့ကြောင့် အစိုးရအနေနှင့် အစိမ်းရောင် စီးပွားရေး၊ မီးခိုးမထွက်သော ကုန်ထုတ်လုပ်မှုများ ဖြစ်အောင် ဆောင်ရွက်မည် ဆိုလျှင် မူဝါဒများ ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ အောက်ခြေတွင် ဖြစ်နေသော ပြဿနာများကို အမြန်ဆုံး ဖြေရှင်းနိုင် အောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

အခြားနိုင်ငံများကို နမူနာယူ၍ လေ့လာပြီး အမှားအနည်းဆုံးနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိသော ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများ ဖြစ်လာစေရန် လုပ်ဆောင်သင့်ကြောင်း GEGG ဘုတ် အဖွဲ့ဝင် ဦးတင်ဝင်းအောင်က ပြောသည်။

အစိမ်းရောင်စီးပွားရေး လုပ်ဆောင်ခြင်းကို UMFCCI အနေနှင့်လည်း အားပေး ထောက်ခံသဖြင့် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

UMFCCI အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က “တကမာ္ဘလုံးမှာလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နေတဲ့ ဆိုး ကျိုးတွေက အများကြီးပဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ စီးပွားရေး လုပ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ညီမျှအောင် ဘယ်လိုသွားမလဲ ဆိုတာ ဦးတည်ချက်ပဲ။ ဝန်ကြီးချုပ်ကြီး ပြောသွားသလို ရန်ကုန်တိုင်းကို ဖွံ့ဖြိုးတိုးတက်ဖို့ တအား လုပ် လို့လည်း မရဘူး။ လုပ်ရင် Green Development မဖြစ်လာတော့ဘူး”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါကြောင့် မြို့ပြတွေ ဆောက်ပေမယ့် တဖက်ကလည်း သဘာဝ ဒီရေတောတွေကို စိုက်နေတယ် ပေါ့။ နောက်ပြီး အသိပညာပေး လုပ်ငန်းတွေ အများကြီး လိုတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ အစိမ်းရောင် ထုတ်ကုန် တွေ၊ ကုန်ပစ္စည်းတွေ များများ ထွက်နိုင်ဖို့ အစိမ်းရောင် စီးပွားရေး ဖြစ်ဖို့ လုပ်ရမှာ ဖြစ်တယ်” ဟု ရှင်းပြသည်။

ထို့ကြောင့် UMFCCI အနေနှင့်လည်း ယခုလို အစိမ်းရောင် စီးပွားရေး ဖိုရမ်များ၊ အသိပညာပေး ဆွေးနွေးပွဲများ၊ ယင်း ဆွေး နွေးပွဲများမှ ရလဒ်များ ထုတ်ပေးခြင်း၊ ကွင်းဆင်းလေ့လာချက်များ ကောက်ပေးခြင်း တို့ကို ဆက်လက် လုပ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ယခုအခါ နိုင်ငံ အသီးသီးတွင်လည်း ကမာ္ဘလုံး ဆိုင်ရာ ရေရှည် မျှော်မှန်းချက် ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် များသို့ ရောက်ရှိရေး အတွက် အစိမ်းရောင် စီးပွားရေး ချဉ်းကပ်မှု နည်းလမ်းများကို လိုက်နာ ကျင့်သုံးလျက် ရှိကြောင်း မြန်မာနိုင်ငံအနေနှင့်လည်း ယင်းကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဖေဖော်ဝါရီလ ၄ ရက် က နေပြည်တော်တွင် ပြုလုပ်သော ၆ ကြိမ်မြောက် Green Economy Green Growth (GEGG) Forum ပြောကြား ထားသည်။

လက်ရှိတွင် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များနှင့် ပူးပေါင်း၍ ကမာ္ဘလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature- WWF) ၏ နည်းပညာ အကူအညီဖြင့် အစိမ်းရောင် စီးပွားရေး မူဝါဒ မူဘောင် (Green Economy Policy Framework) မူကြမ်း အဆင့် ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: GEGGကုန်ထုတ်လုပ်ငန်းရန်ကုန်တိုင်းအစိမ်းရောင် စီးပွားရေး
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

by ဧရာဝတီ
7 August 2025
264

အာဏာသိမ်း စစ်အုပ်စုမှာ ယာယီသမ္မတအဖြစ်ပါဝင်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်အချိန်က ရန်ကုန် အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်ကော်မရှင်က...

စစ်မှုထမ်း မပါဖို့ ငွေသိန်းချီပေးနေရ (ရုပ်/သံ)

စစ်မှုထမ်း မပါဖို့ ငွေသိန်းချီပေးနေရ (ရုပ်/သံ)

by ဧရာဝတီ
29 November 2024
189

မင်္ဂလာတောင်ညွန့်၊ တာမွေအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီက လူငယ်တွေကို အိမ်အရောက် စစ်မှုထမ်း ကောက်ယူမှုတွေ ပြုလုပ်နေပြီး ရှောင်ရှားလိုသူတွေကတော့ ကျပ်သိန်း ဆယ်ချီပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုင်းတရားသူကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဦးလှအေး  / ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုက်

ရန်ကုန်တိုင်း တရားသူကြီးချုပ်အသစ် အမည်တင်သွင်း

by သဇင်လှိုင်
11 December 2018
24.5k

အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် ဦးလှအေးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ ခုနှစ်မှစကာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မင်းကင်းမြို့နယ်၌ တရား ရေးဦးစီးမှူး၊ မြင်းမူမြို့နယ် တရား သူကြီး၊ ဘိုကလေးမြို့နယ် တရားသူကြီး၊...

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ် / ဧရာဝတီ

ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား

by ဧရာဝတီ
1 December 2022
3k

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ၌ တည်းခိုနေထိုင်သူများ ဧည့်စာရင်းတိုင်ရမည် ဆိုသော တိုင်းသံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက် အမိန့်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီးတချို့က ဝေဖန်ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ သုဿာန်များတွင် ကိုဗစ်ကြောင့်သေဆုံးသွားသူများကို မီးသဂြိုဟ်ရန် စောင့်ဆိုင်းနေမှုကို ယခုဇူလိုင်လအတွင်း တွေ့ရစဉ်  / CJ

ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ

by ဧရာဝတီ
21 July 2021
32.2k

ရန်ကုန်တိုင်းတွင် သေဆုံးသူများကို နာရေးကူညီမှု အသင်းများဖြင့် သယ်ဆောင်ရန်ပင် မလုံလောက်တော့သည့်အတွက် လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့များကပါ ကူညီသယ်ဆောင်ပေးနေရသည်။

Next Post
၂၀၁၈ ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဘိန်းခင်းတခုကို မြင်ရစဉ် / နန်းလွင်နှင်းပွင့်

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ကျဆင်းဟု ကုလသမဂ္ဂ အစီရင်ခံ

ဇာတ်ပို့ သရုပ်ဆောင် အေးအေးခိုင်

"ရွှေကြို Voting စနစ်က သူ့ခေတ်၊ သူ့အခါနဲ့ လုပ်ကြတာပါ"လို့ အေးအေးခိုင် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved