• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား

by ဧရာဝတီ
1 December 2022
in သတင်း
A A
အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ် / ဧရာဝတီ

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ် / ဧရာဝတီ

3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ၌ တည်းခိုနေထိုင်သူများ ဧည့်စာရင်းတိုင်ရမည် ဆိုသော တိုင်းသံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက် အမိန့်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီးတချို့က ဝေဖန်ပြောဆိုကြသည်။

နိုဝင်ဘာ ၂၃ရက် နေ့စွဲပါ တိုင်း သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်တွင် ဘုန်းကြီးကျောင်းအတွင်း တည်းခိုသူများကြောင့် လုယက်မှု၊ ခိုက်ရန်ဖြစ်မှုနှင့် ဒုစရိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေး ကျောင်းတွင်း ညအိပ် ညနေ နေထိုင်သည့် ဧည့်သည်များ ရှိလာပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများထံ ဧည့်စာရင်း တိုင်ကြရန် ရန်ကုန်တိုင်းရှိ ကျောင်းတိုက်များသို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ညွှန်ကြားလွှာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ စာသင်တိုက်တခုမှ ဆရာတော်တပါးကလည်း မှန်ကန်ကြောင်း အတည်ပြုပြောသည်။

ထိုဆရာတော်က “သူက လူတွေကို ဦးတည်ထားတဲ့ ညွှန်ကြားချက်။ ဒါကတော့ သူတို့ ထုတ်ပြန်ချက်အရ ရာဇဝတ်မှုတွေ ကြောင့်လို့ ခေါင်းစဉ်တပ်ပေမယ့် အဓိကကတော့ နိုင်ငံရေးကိစ္စ အရှုပ်အရှင်း မဖြစ်အောင် တိုင်ခိုင်းတဲ့ ညွှန်ကြားချက်ပါ။ တကယ်ဆို သူ့ကျောင်း သူ့ဘုန်းကြီးက တာဝန်ယူ လက်ခံထားရင် အဆင်ပြေတာပဲလေ။ ဘုန်းကြီးကိုယ်တိုင် ထောက်ခံစာ ရေးပြီး တိုင်းခိုင်းတာမျိုးက ဖြစ်သင့်လား။ ထုတ်ပြန်ထားတဲ့ ကျောင်းတွေကရော ကျောင်းထိုင်ဘုန်းကြီးတပါး ကိုယ်တိုင် ဧည့်သည်လာရင် သွားပြီးတိုင်ပါ့မလားမသိ” ဟု မိန့်ကြားသည်။

ဆက်လက်၍ ဆရာတော်က ဘုန်းကြီးကျောင်းအတွင်း လူဧည့်သည်များ လာတည်းပါက ဧည့်စာရင်းတိုင်ရခြင်းသည် ယခင်က လုပ်ဆောင်ရသည့် အစဉ်အလာ မရှိကြောင်း ဆိုသည်။

၎င်းက “အစဉ်အလာ မရှိခဲ့ဘူး။ ဘုန်းကြီးတွေဆိုတာ အညာသားတွေ များတယ်လေ။ အညာသားတွေဆိုတော့ ရပ်ဆွေ ရွာမျိုးတွေက ကိစ္စကြီးငယ် တခုမဟုတ်တခုနဲ့ လာတည်းကြမှာပဲ။ လာတည်းရင် လက်ခံတဲ့ ဘုန်းကြီးက လူတွေ ထံသွားပြီး တိုင်ကြားရတာမျိုးက သိပ်အဆင်မပြေဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူးလေ။ သူတို့ပြောတဲ့ နိုင်ငံရေး၊ လူမှုရေးတွေ ရဟန်းနဲ့ မဆိုင်ဘူးဘာညာနဲ့။ အခု ဧည့်စာရင်းကလည်း နိုင်ငံရေးနဲ့ဆိုင်တဲ့ လူမှုရေးကိစ္စပါပဲ။ ဒါကျတော့ လုပ်ရမှာတဲ့လား” ဟု မေးခွန်းထုတ်သည်။

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ်(ဧရာဝတီ)

နွေဦးတော်လှန်ရေး သံဃကွန်ရက်အဖွဲ့ဝင် ဆရာတော် ဦးဝါယမကလည်း တိုင်းသံဃနာယကအဖွဲ့သည် စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများအား အလုပ်ပိုရှုပ်စေမည် ဖြစ်ကြောင်း မိန့်ကြားသည်။

“ဒီညွှန်ကြားချက်က အာဏာသိမ်းမှု ဆန့်ကျင်သူတွေ မတည်းခိုနိုင်အောင်လုပ်တဲ့ သဘောပါပဲ။ အစဉ်အဆက်တော့ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းထိုင်တဲ့ ဆရာတော်တွေက တောဘုန်းကြီးများတယ်။ အဲဒီလို ရဟန်းသံဃာတွေ ဖြစ်တဲ့ အခါကျတော့ အဲဒီရဟန်းတွေရဲ့ ဆွေမျိုးတွေ နီးစပ်ရာတွေက ငွေရေးကြေးရေးပေးရတဲ့ ဆေးရုံဆေးခန်းတွေမှာ မတတ်နိုင် ကြတဲ့အခါ တည်းကြခိုကြတာ ရှိတယ်။ ဒါက ဘာမှလည်း သာသနာကို ထိခိုက်တာ မဟုတ်ဘူး။ ဒီညွှန်ကြားချက် ကြောင့် ဘုန်းကြီးကျောင်းတွေမှာ နယ်ကနေလာပြီး ကျန်းမာရေးအရ၊ ပညာရေးအရ လာနေကြတဲ့သူတွေ အခက်အခဲတွေ့ မှာ။ ပိုပြီး အလုပ်ရှုပ်မယ်။ ဆင်းရဲဒုက္ခများမှာပေါ့” ဟု ဆရာတော်ဦးဝါယမက မိန့်ဆိုသည်။

ဆရာတော်ဦးဝါယမက ရန်ကုန်တိုင်းတွင် တိုင်းသံဃနာယက၏ ညွှန်ကြားချက်အပေါ် မနှစ်သက်သည့် ဆရာတော်များ ရှိနိုင်သော်လည်း စစ်ကောင်စီက ရဟန်းသံဃာများပါမကျန် ဖမ်းဆီးထောင်ချမှုများ ရှိနေသဖြင့် အမိန့်ကို လိုက်နာကာ ဧည့်စာရင်းတိုင်မှုများ ရှိလာနိုင်ကြောင်း မှတ်ချက်ပေးသည်။

စစ်ကောင်စီသည် ၂၀၂၂ ဇန်နဝါရီလအတွင်း ၎င်းတို့ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရေးသား သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုအပေါ် တွေ့ရှိချက်များဆိုသည့် စာအုပ်ကို ဘုန်းတော်ကျောင်း စာသင် တိုက်များအား ဖြန့်ဝေခဲ့သည်။

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ်(ဧရာဝတီ)

ယင်းနောက် ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းတိုက်များ အနေဖြင့် ဧည့်စာရင်းတိုင်ရမည်ဟု တိုင်းသံဃနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်လာခြင်း ဖြစ်သည်။

၂၀၂၁ နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်လော်ဘီ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်၏ ရေးသားချက်ကြောင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တိပိဋက ယောဆရာတော်ကြီး စီမံအုပ်ချုပ်သော မဟာဝိသုဒ္ဓါရုံ ရွှေကျင်ကျောင်းအတွင်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။

ယောဆရာတော်ကြီး ကျောင်းတိုက်တွင် ယောဒေသမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် အမျိုးသမီး ၆ ဦး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ရောက်ရှိနေသည် ဟူသော စွပ်စွဲချက်ဖြင့် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယင်းရှာဖွေမှုအတွင်း အမျိုးသမီးများနှင့် မည်သည့် ဖောက်ခွဲရေးပစ္စည်းမှ မတွေ့သည့်နောက် သတင်းအမှားဟုဆိုကာ စစ်ကောင်စီ တပ်သားများ ပြန်လည် ထွက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၁၈ရက်အကြာ လူထုက လမ်းပေါ်ထွက် ဆန္ဒပြစဉ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီးတွင် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီလိုလားသည့် ဘုန်းကြီးများ အပါအဝင် လူတချို့က သံတုတ်များ၊ လေးခွများဖြင့် ဆန္ဒပြပြည်သူများကို တိုက်ခိုက်ကာ ကားများကို ဖျက်ဆီးကြသဖြင့် ရပ်ကွက်လူထုနှင့် ထိပ်တိုက်တွေ့ကာ ရွှေတိဂုံဘုရားခြေရင်းရှိ ဘုန်းကြီးများအတွင်း ပြန်လည်ဝင်ရောက် ခိုအောင်းမှုများ ရှိခဲ့သည်။

You may also like these stories:

အာဏာရှင်လက်စွဲဆရာတော်များ

အာဏာရှင်နဲ့ ထေရဝါဒ

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

သတ္တမသင်္ဂါယနာ ပေါ်လာနိုင်သလား

ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းသူ

Your Thoughts …
Tags: စစ်ကောင်စီဘုန်းကြီးကျောင်းရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဧည့်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ

၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်

သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ  / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦး သေဒဏ်ချမှတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved