• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကြွေးကျန် ကျပ်သန်း ၃ ထောင်ကျော် ကျန်နေသေး

by သီဟလွင်
9 June 2020
in သတင်း
A A
သမ္မတဟောင်း ဦးသိန်းစိန်  / ဧရာဝတီ

သမ္မတဟောင်း ဦးသိန်းစိန် / ဧရာဝတီ

35.2k
VIEWS
Share on FacebookShare on Twitter

ယခင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ခေါင်းစဉ်ဖြင့် သုံးစွဲခဲ့သည့် ကြွေးကျန် ငွေ ကျပ်သန်း ၃၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက ပြောသည်။

တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့ဟောင်းများ ဖြစ်သော ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ဘဏ္ဍာနှစ်ထိ ၅ နှစ်စာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲမှုမှာ ယနေ့အထိ ကြွေးကျန်ပေးသွင်းရန် ကျန် ရှိနေခြင်း ဖြစ်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နိုင်သက်ဦး က “ပြန်လည် ပေးသွင်းမှုပိုင်းက မပြီးပြတ်သေးပါ ဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတရုံးက အမြဲတမ်း စိစစ်ပါတယ်။ အခုဆိုရင်လည်း နောက်ဆုံး အခြေအနေကို ပြန် တောင်းခံထားဆဲ ဖြစ်ပါတယ်။ အဲဒါတွေကို ပြန်စုစည်းပြီးတော့ သမ္မတရုံးကို ပြန်တင်ပြဖို့ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပုဂ္ဂိုလ် အဖွဲ့အစည်း ၄၅ ခု၏ ချေးငွေ ကျပ်သန်း ၁၅၀၉ ဒသမ ၅၄၄ သန်းပေးရန် ကျန်ရှိနေပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လျှပ်စစ် ဖော်ထုတ်မှု စီမံကိန်းမှ မြေငှားရမ်းခ ကျန်ငွေ ၁၆ ဒသမ ၅ သန်း ကျန်ရှိနေကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဟောင်းက ကျောက်မျက် လုပ်ငန်းရှင်များကို စိုက်ထုတ်ပေးထားသည့် ကျန်ငွေ ၁၃၂၂ ဒသမ ၆၀၁ သန်းနှင့် မန္တလေးတိုင်း အစိုးရက မီးလင်းရေး ချေးငွေအဖြစ် အသုံးပြုသည့်ငွေထဲမှ ပြန်ပေးရန် ကျန်ငွေ ၃၂၂ သန်း တို့ ဖြစ်ကြောင်း သိရသည်။

ထိုကြွေးကျန် ကျန်ရှိနေမှုများကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် စာရင်းစစ်ရုံးများကို ယနေ့ ဇွန်လ ၈ ရက် နောက်ဆုံးထား ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသို့ စိစစ် တင်ပြရန် ညွှန်ကြားထားပြီး ထိုသို့တင်ပြလာမှုများကို စုစည်းကာ စာရင်းစစ်ချုပ် ရုံးမှတဆင့် နိုင်ငံတော် သမ္မတရုံးသို့ ပြန်လည် တင်ပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စာရင်းစစ်ချုပ်ရုံး ဒု ညွှန်ကြားရေး မှူးချုပ် ဒေါ်ခင်ခင်သီက ပြောသည်။

၎င်းက “သူတို့ရဲ့ပြန်လည် ရရှိမှုပေါ် မူတည်ပြီးတော့ စုစည်းပြီး တင်ပြသွားမှာပါ။ ကျမတို့ရဲ့ စိစစ်ပြီးမြောက်မှု မရှိသေးတဲ့ အခြေ အနေကိုပဲ စုစည်းပြီးတော့ သမ္မတရုံးကို ပြန်လည် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခု ကြွေးကျန်များမှာ ယခင်အစိုးရ လက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အစိုးရ အကူးအပြောင်း ကာလများတွင် အဆင့်ဆင့် လွှဲပြောင်း အကောင်အထည် ဖော်ရမည့် လုပ်ငန်း ကိစ္စရပ်များ ဖြစ်ပြီး ၎င်းတို့ ပါတီနှင့် သက် ဆိုင်ခြင်း မရှိကြောင်း အတိုက်အခံ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဒေါက်တာ နန္ဒာလှမြင့်က “အစိုးရ ဆိုတာ အလွှဲအပြောင်း လုပ်တဲ့အချိန်မှာ ပေးရန် ရရန်၊ အကောင်အထည်ဖော်ရန် စီမံ ကိန်းတွေ ရှိတယ်လေ။ အဲဒီဟာတွေနဲ့ ဆက်စပ်ပြီးတော့မှ အစိုးရ အဆက်ဆက်က ဒါကိုလည်း ဆက်လက်ပြီး အကောင် အထည်ဖော်သွားရမှာပဲလေ။ ပါတီနဲ့ မဆိုင်ပါဘူး ခင်ဗျ။ ဒါအစိုးရ လုပ်ငန်းတွေ” ဟု ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များက သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာ ရင်းများ အားလုံးကို အစိုးရသစ် လက်ထက်သို့ ရောက်ရှိချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြန်လည်စိစစ်ခဲ့ရာ ဥပဒေနှင့် မကိုက်ညီသည့် သုံးစွဲမှုများ ရှိသောကြောင့် သမ္မတရုံးသို့ တင်ပြခဲ့ရာ ထိုကြွေးကျန် ကိစ္စရပ်များကို သမ္မတရုံးက တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံးကို စစ်ဆေးခဲ့ရာ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ မှာ ပြည်သူဝေဖန်မှု များစွာ ထွက်ပေါ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဟောင်း တာဝန်ရှိသူတချို့ကလည်း ကြွေးကျန်ငွေ များကို ပြန်အပ်ခဲ့ပြီးနောက် လက်ရှိ စာရင်းများအရ အထက်ပါ တိုင်းနှင့်ပြည်နယ် ၄ ခုသာ ကျန်ရှိတော့ခြင်းလည်း ဖြစ် သည်။

မကွေးတိုင်း အစိုးရအဖွဲ့ဟောင်းသည် ၄ ဒသမ ၈ ဘီလီယံ နီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို မကွေးတိုင်း အစိုးရသစ် ထံသို့ လွှဲပြောင်းခဲ့ခြင်း မရှိကြောင်း၂၀၁၇ ခုနှစ်က ပြည်သူ့ လွှတ်တော်တွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က မေးခွန်းထုတ်ခဲ့ပြီးနောက် အမှန်တကယ် စစ်ဆေးရာတွင် ငွေကျပ် ၇ ဒသမ ၄ ဘီလီယံထိ ပျောက်ဆုံးနေ ကြောင်း သိရှိရသဖြင့် ထိုငွေများ ပြန်အပ်ရန် ညွှန်ကြားခဲ့ရာ ကာယကံရှင် ဖြစ်သူက အကျေ ပြန်လည် ပေးသွင်းခဲ့ရသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းတွင်လည်း လက်ရှိ အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ လွှဲ ပြောင်းပေးရန် ကျန်ရှိနေကြောင်း ဖော်ထုတ်မှုများ ရှိခဲ့ရာ တိုင်းအစိုးရဟောင်းက ထိုငွေများကို အကြေပြန်လည် ပေးသွင်းခဲ့ ရသေးသည်။

ဆက်စပ်ဖတ်ရှုရန်

ကြွေးကျန် သိန်း ၃ သောင်းကျော် ပြည်သူ့ဘဏ္ဍာ မဟုတ်ဟု မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း ရှင်း

ဖွံ့ဖြိုးရေးရန်ပုံငွေ ပြန်ပေးမည်ဟု ဧရာဝတီတိုင်း ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းပြော

မန္တလေး အစိုးရဟောင်း အငြင်းပွား ရန်ပုံငွေများ အရစ်ကျ ပြန်ပေးပြီ

မန္တလေးတိုင်း အစိုးရဟောင်း၏ ကြွေးကျန် ကျပ်သန်း ၅၀၀ ယခုလအတွင်းဆပ်မည်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟောင်းထံကကြွေးကျန်များ ပြန်ရပြီ

Your Thoughts …
Tags: ကြွေးကျန်စာရင်းစစ်ချုပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဦးသိန်းစိုးအစိုးရ
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ / ထက်ဝေ

အစီရင်ခံစာ အကျဉ်းချုပ်သာ တင်ရသဖြင့် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အားမရ

by ကျော်ဖြိုးသာ
21 January 2020
11.5k

ရန်ကုန်တိုင်းအစိုးရ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ အစီရင်ခံစာ အကျဉ်းချုပ်သာ တင်သွင်းခွင့်ရသောကြောင့် ကျေနပ်အားရမှု မရှိ။

ငွေကြေးအဖွဲ့အစည်းတခုမှ ပြည်သူများထံ ချေးငွေထုတ်ပေးနေစဉ် / Jasmines Season / Facebook

အသေးစား ချေးငွေ ပံ့ပိုးပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

by သဇင်လှိုင်
17 November 2020
4.8k

ကိုဗစ်ကာလအတွင်း အသေးစား ချေးငွေ ပြန်လည် မပေးဆပ်နိုင်သည့် ပြည်သူများအတွက် ကြွေးကျန်များ ကို ဆပ်ချိန် ဆိုင်းငံ့ပေးရန် အစီအစဉ်တွေကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့က ဆရာစံ ပလာဇာ  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်မြို့က ဆရာစံ ပလာဇာ ငှားရမ်းခ ပိုတောင်းရန် NLD အမတ်များ တိုက်တွန်း

by ထက်နိုင်ဇော်
14 February 2020
26.2k

ဆရာစံ ပလာဇာ၏ အဆောက်အအုံ နှင့် မြေ ငှားခ အတွက် ပေးသွင်းငွေသည် ခေတ်ကာလ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသဖြင့် အစိုးရက ငှာရမ်းခ ပိုတောင်း၍ စာချုပ် ပြင်ဆင်ချုပ်ဆိုရန်

ဇွန်လ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦးဖြိုးမင်းသိန်း / ဧရာဝတီ

လွှတ်တော်တွင် အစီရင်ခံစာ မဝေရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြားခဲ့ဟု စာရင်းစစ်ချုပ်ပြော

by ကျော်ဖြိုးသာ & ထွန်းထွန်း
18 October 2019
32.2k

စာရင်းစစ်ချုပ်ရုံးအနေဖြင့် အစီအရင်ခံစာ စာအုပ်နှစ်အုပ်သာ ပေးပို့ရန် ညွှန်ကြားသည့်စာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။

နိုင်ငံတဝန်း လျှပ်စစ်ရရှိရေးအတွက် အရေးပါသည့် မဟာဓာတ်အားလိုင်း / ဧရာဝတီ

ဓာတ်ငွေကြွေးကျန် ရရန် တနင်္သာရီတိုင်းအစိုးရအား လျှပ်စစ်ဝန်ကြီးဌာန ဖိအားပေး

by ကျော်မျိုး
14 December 2018
6.8k

ကုမ္ပဏီအနေဖြင့် ကျပ်သိန်း ၃၀၀၀ ပေးသွင်းမှု တကြိမ်သာရှိပြီး ကျန်ငွေမှာ စက်တင်ဘာလနှင့် နိုဝင်ဘာလ နှစ်လအတွက် ထပ်ပေါင်းပါက ကျပ် ၉ဘီလီယံနီးပါးအထိ ရှိကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်မှ သိရသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS / ဧရာဝတီ

ကျပ်သိန်း ၇၀၀၀ ကျော် အမြတ်ရသည့် YRTA အစိုးရကို ဝင်ငွေခွန်မဆောင်ဟု စာရင်းစစ်ချုပ်ထောက်ပြ

by သဇင်လှိုင်
9 January 2020
5.4k

YRTA သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ၁ နှစ်အတွင်း ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ သန်း ဝင်ငွေရှိခဲ့ပြီး အသုံးစရိတ် ၁၇၉၆ ဒသမ ၁၈၄ သန်း အသုံးပြုထားသဖြင့် အမြတ်ဝင်ငွေ...

Next Post
ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

ကရဝိတ်ခန်းမနှင့် မြေနေရာ ငှားရမ်းရန် တင်ဒါများ ရောင်းချ

အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားနေသည့် အရှေ့မြောက်ဒေသမှ လက်နက်ကိုင်များ(sanjhamorcha)

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved