• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွှတ်တော်တွင် အစီရင်ခံစာ မဝေရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြားခဲ့ဟု စာရင်းစစ်ချုပ်ပြော

by ကျော်ဖြိုးသာ & ထွန်းထွန်း
18 October 2019
in သတင်း
A A
ဇွန်လ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ဇွန်လ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦးဖြိုးမင်းသိန်း / ဧရာဝတီ

32.2k
VIEWS
Share on FacebookShare on Twitter

နှစ်စဉ် လွှတ်တော်ကိုယ်စားလှယ်တဦးချင်းထံ ပေးဝေနေသည့် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာအား ယခုနှစ်တွင် ပေးဝေခြင်းမပြုဘဲ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံသာပေးရန် တိုင်းအစိုးရအဖွဲ့ က ညွှန်ကြားခဲ့ကြောင်း တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဧရာဝတီသို့ ပြောသည်။

တဦးချင်းမပေးတော့သည့် အစီအရင်ခံစာသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းအစိုးရ ဌာနဆိုင်ရာ များ၏ လုပ်ဆောင်ခဲ့မှုများအပေါ် စာရင်းစစ်ချုပ်ရုံး၏ စိစစ်တွေ့ရှိချက်များဖြစ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့၏ ဒုတိယမြောက် တနှစ်တာ ဆောင်ရွက်ချက်များဖြစ်သည်။

“ပြည်ထောင်စုလွှတ်တော်မှာ ကျင့်သုံးသလို စာရင်းစစ်ချုပ် အစီအရင်ခံစာကို ဝန်ကြီးချုပ်ကို တအုပ်၊ လွှတ်တော် ဥက္ကဋ္ဌကို တအုပ်ပဲပေးပါလို့ တိုင်းအစိုးရအဖွဲ့ဆီက စာရောက်လာတယ်။ စာအုပ်တွေ ၁၅၀ လောက်က လက်မှတ်လည်း ထိုးပြီးပြီ၊ လုပ်လည်း ပြီးပြီ။ အန်တီက စဉ်းစားတယ်။ အငြင်းပဲ ပွားရမလားပေါ့။ နောက်တော့ တိုင်းအစိုးရအဖွဲ့ က ညွှန်ကြားချက်ဆိုတော့လဲ လိုက်နာရမယ်ဆိုတဲ့ သဘောတရားနဲ့ အန်တီတို့က လိုက်နာလိုက်တယ်”ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။

စာရင်းစစ်ချုပ်ရုံးအနေဖြင့် အစီအရင်ခံစာ စာအုပ်နှစ်အုပ်သာ ပေးပို့ရန် ညွှန်ကြားသည့်စာတွင် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ညွန်ကြားချက်အရ စာရင်းစစ်ချုပ်ရုံးအနေဖြင့် အစီရင်ခံစာအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့ထံ ဇူလိုင် ၁ ရက်နေ့ကတည်းက ပို့ပေးခဲ့ခြင်းဖြစ်သော်လည်း တလခန့်အကြာ စက် တင်ဘာ ပထမပတ်မှသာ ပြည်သူ့ငွေစာရင်းကော်မတီက စိစစ်ရန် လက်ခံရရှိခဲ့ကြောင်းလည်း ကော်မတီထံက သိရသည်။

အထက်ပါ အကြောင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းထံ အောက်တိုဘာ ၁၆ ရက်နေ့ က ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ပြုဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

လက်ရှိတွင် စာရင်းစစ်ချုပ် အစီအရင်ခံစာအား တိုင်းလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီ တခုတည်းကသာ စိစစ်နေပြီး နိုဝင်ဘာလတွင် လွှတ်တော်သို့တင်သွင်းရန် စီစဉ်ထားကြောင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

အစီအရင်ခံစာနှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်၏ 7 Day သတင်းစာသို့ ပြော ကြားခဲ့သည့် “စာရင်းစစ်ချုပ်က တိုက်ရိုက်တင်သွင်းမပြုဘဲ ကော်မတီကတဆင့်သာ တင်သွင်းရန်စီစဉ်ထား ကြောင်း”ဆိုသည်မှာလည်း စာရင်းစစ်ချုပ်က လွှတ်တော်သို့ တင်ပြခြင်း မပြုတော့မည့် သဘောသက်ရောက်နေ သည့်အတွက် မှားယွင်းကြောင်း ဒေါ်ခင်သန်းလှက ရှင်းပြသည်။

“နှစ်တိုင်းနှစ်တိုင်း အန်တီ (စာရင်းစစ်ချုပ်)ကိုယ်တိုင် အစီအရင်ခံစာအကျဉ်းချုပ်ကို လွှတ်တော်မှာ ဖတ်ကြားပြီး တင်သွင်းပါတယ်။ နောက်ပြီးကျတော့ စာအုပ်တွေကို အရင်ပေးဝေထားတယ်ပေါ့နော်၊ ဒီနှစ်လည်း လွှတ်တော်မှာ ကိုယ်တိုင်ဖတ်ကြားတင်သွင်းမယ့်အကြောင်း လွှတ်တော်ဥက္ကဋ္ဌဆီ စာပို့မှာပါ”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စာရင်းစစ်ချုပ် အစီအရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်များထံ ပေးဝေခြင်းမပြုသည့် လုပ်ရပ် အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားလျက်ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ လည်း ပေးကိုပေးရမည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“လွှတ်တော်တင်ပြရမယ် ဆိုတာက လွှတ်တော်ဥက္ကဋ္ဌကိုပဲ တင်ပြရမယ်ဆိုတာမျိုးမဟုတ်ဘူး။ ကျနော်တို့ တ ယောက်ချင်းစီက လွှတ်တော်ရဲ့အစိတ်အပိုင်းဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌကို ပေးရဲ့သားနဲ့ ကျနော်တို့ကို မပေး ဘူးဆိုရင်တော့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ပေါ့နော်။ ဘယ်သူက မပေးတာလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ဥပဒေအတိုင်းပဲ လုပ်စေချင်တယ်။ ကျနော်တို့အလုပ် ကျနော်တို့လုပ်ဖို့လိုအပ်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း “ စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံ စာက အစိုးရလုပ်ဆောင်ချက်ကို အဖြေထုတ်ရမှာလေ၊ ခုတော့ တိုက်ရိုက်မကြည့်ရတော့ဘူး၊ ပြည်သူ့ငွေစာရင်း ကော်မတီက တင်တာကိုပဲ ဆွေးနွေးရမယ့် သဘောဖြစ်နေတယ်၊ ပွင့်လင်းမှုမရှိဘူး၊ ဒီမိုကရေစီစံနှုန်းက ကျ သွားသလို ဖြစ်နေတယ်။ အဲ့ဒါက မကောင်းပါဘူး”ဟု ဝေဖန်ပြောကြားသည်။

ဦးဖြိုးမင်းသိန်းလက်ထက် ရန်ကုန်တိုင်းအစိုးရ၏ ပထမတနှစ်တာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီအရင်ခံစာအရ အစိုးရဌာနများ၏ အားနည်းချက်၊ အားသာချက်များအား ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့ သော်လည်း အစိုးရဘက်က လာရောက်ဖြေရှင်းမပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကလဲ ဒီစာအုပ်ကို ဖတ်ချင်မှာပဲ။ အန်တီသဘောကတော့ ဘယ်ခေတ်တုန်းက မှ ဒီလိုမျိုး စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာကို ပြည့်ပြည့်စုံစုံနဲ့ လွှတ်တော်ကို တင်ပြတယ်ဆိုတာ မရှိခဲ့ဖူးဘူး။ ဒီ ဘက်ခေတ်ကျမှ ပွင့်လင်းမြင်သာမှုရှိစွာ တင်ပြလာတာ၊ အန်တီတို့ရဲ့ ခေါင်းဆောင်ကလည်း စာရင်းဇယားနဲ့ ပတ်သက်ရင် အင်မတန်မှ အရေးထားပါတယ်။ ဒီလိုမျိုး မဝေငှရဘူးဆိုတာကလဲ ပွင့်လင်းမြင်သာတဲ့ခေတ်နဲ့ မ ညီတော့ဘူး”ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၂၅-(ဃ) တွင် “မိ မိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး(သို့) ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင် ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း”ဟု ပြဋ္ဌာန်း ထားသည်။

You may also like these stories:

ရန်ကုန်တိုင်းအစိုးရကို ပြုပြင်ပြောင်းလဲရန် ကြံ့ခိုင်ရေးပါတီ တိုက်တွန်း

ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာ လွှတ်တော်ကိုယ်စားလှယ်များထံ မပေး

ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော

စာရင်းစစ်ချုပ်ရုံး တွေ့ရှိချက်များကို ရန်ကုန်တိုင်းအစိုးရ ပြန်လည် ဖြေရှင်းရမည်ဟု သမ္မတရုံး ပြော

Your Thoughts …
Tags: စာရင်းစစ်ချုပ်ရန်ကုန်တိုင်းအစိုးရလွှတ်တော်အစီရင်ခံစာ
ကျော်ဖြိုးသာ & ထွန်းထွန်း

ကျော်ဖြိုးသာ & ထွန်းထွန်း

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

by ဧရာဝတီ
27 August 2024
6.8k

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ထိန်းချုပ်သည့် တခုတည်းသော အကြီးမားဆုံးဒေသ ဖြစ်လာတော့မည်ဟု ICG အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

by မောင်ကဝိ
26 May 2025
2.6k

ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
20 July 2023
1.5k

မြန်မာနိုင်ငံတဝှမ်း ကျောင်းတက်နိုင်သူ အားလုံး၏ ၂၂ ရာခိုင်နှုန်းသာ ကျောင်းတက်သည်

Next Post
ဇီးကုန်းမြို့မ ရဲစခန်း  / မြေလတ်အသံ

ဇီးကုန်းတွင် ရဲဝန်ထမ်းတဦး ကြိုးဆွဲချ သေဆုံး

၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ညီလာခံ / MOI

AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved