• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ

by အောင်သီဟ
31 August 2020
in သတင်း
A A
တောင်ဥက္ကလာပမြို့နယ်ရှိပိုးတွေ့လူနာနေထိုင်ရာ နေအိမ်မှလူများအား ကွာရန်တင်းဝင်ရန်ခေါ်ဆောင်စဉ် / မျိုးမင်းစိုး / ဧရာဝတီ

တောင်ဥက္ကလာပမြို့နယ်ရှိပိုးတွေ့လူနာနေထိုင်ရာ နေအိမ်မှလူများအား ကွာရန်တင်းဝင်ရန်ခေါ်ဆောင်စဉ် / မျိုးမင်းစိုး / ဧရာဝတီ

19k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်နေသော ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ သြဂုတ် ၁၀ ရက်မှ ၂၁ ရက်နေ့အတွင်း ပြန်လာသူ ၅၃၀၀ ဦး ရှိသည့်အနက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ သတင်းပို့ရန် ပျက်ကွက်နေသူပေါင်း ၄၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ရခိုင်မှ ရန်ကုန်သို့ ပြန်လာကြောင်း၊ ရောက်နေကြောင်း သတင်းပေးပို့လာသူမှာ ၇၅၇ ဦးသာ ရှိကြောင်း၊ သြဂုတ် ၂၀ နောက်ပိုင်းမှ စတင်ပြီး ရန်ကုန်သို့ လေကြောင်းလိုင်း၊ အဝေးပြေး ကားလိုင်းများဖြင့် ပြန်လာသူ ၈၂၉ ဦး ရှိရာ လတ်တ လောတွင် စုစုပေါင်း ၁၆၀၀ ဦးခန့်သာ ရန်ကုန်တွင် ကွာရန်တင်း ထားရှိနိုင်သေးကြောင်း ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီး ဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ အဖွဲ့ခေါင်းဆောင် ဒေါက်တာ မို့မို့သိင်္ဂ ီ က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မို့မို့သိင်္ဂ ီ က “ကျမတို့ဆီကို ဆက်သွယ်ပေးလိုနေတဲ့သူတွေ၊ ကျမတို့ဆီက ဆက်သွယ်တာကို လက်ခံမှု မရှိ သေးတဲ့သူတွေ အနေနဲ့ ကျမတို့ဆီ အမြန်ဆုံးဆက်သွယ်ပေးစေချင်ပါတယ်။ ဘာကြောင့် ဆက်သွယ်ခိုင်းရလဲဆိုရင် ၂၁ ရက် အတိအကျ အိမ်မှာ နေကြဖို့နဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပေးချင်တာပါ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ သြဂုတ်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ အကြား ရန်ကုန်သို့ ပြန်လာဝင်ရောက်လာသူများကို နေအိမ်၌သာ အသွားအလာ ကန့်သတ်နေထိုင်စေကာ ကိုဗစ်ရောဂါလက္ခဏာ စစ်ဆေးခြင်း နှင့် ဓာတ်ခွဲ နမူနာကို ဆောင်ရွက် ပေးလျက်ရှိပြီး ၂၀ ရက်နေ့နောက်ပိုင်း ပြန်လာရောက်ရှိလာသူများကိုမူ အစိုးရ က စီစဉ်ဆောင်ရွက်ထားသော facility quarantine နေရာများနှင့် ဟိုတယ် quarantine နေရာများတွင် အသွားအလာ ကန့်သတ်ထားကာ ဓာတ်ခွဲ နမူနာများ စစ်ဆေးပေးလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုလက်ရှိ ကျမတို့ နိုင်ငံမှာ ပိုးတွေ့တဲ့ လူနာအများစုက ရောဂါလက္ခဏ မပြဘဲနဲ့ရောဂါ ကူးစက် ခံနေရတာပါ။ စစ်ဆေးမှ ပိုးရှိတာ ပေါ်တာပါ။ ကိုယ့်အတွက် ရောဂါကူးစက်ခံထားရ ဘာမှ မဖြစ်ပေမယ့် ကိုယ့်မိသားစု ထဲက သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံ ရှိတဲ့သူတွေအတွက် စိုးရိမ်ရတဲ့အတွက် ကျမတို့ဆီ ဆက်သွယ်ပေးကြပါ” ဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး quarantine ဝင်နေသော လူ ၁၆၀၀ ခန့်မှ ၈၀၀ ကျော်ကို ဓာတ်ခွဲနမူနာ စစ်ဆေးပေးထားပြီ ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

ရခိုင်ပြည်နယ်မှ ၁၆ ရက်နေ့တွင် ရန်ကုန်သို့ လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိခဲ့သော နေ့စဉ်ထုတ်သတင်းစာ တခု၏ ဓာတ်ပုံသတင်းထောက်တဦးက “သတင်းပို့ဖို့လိုတယ်လို့ ထုတ်ပြန်တဲ့နေ့က သတင်းပို့လိုက်တယ်။ ရောဂါ လက္ခ ဏာတွေ စစ်ဆေးပေးပြီး ဘာမှ မရှိတဲ့အတွက် အိမ်မှာပဲ ကွာရန်တင်း နေဖို့ ပြောတယ်။ နောက်တော့ ဓာတ်ခွဲနမူနာ ယူပြီး ဆေးစစ်ပေးတယ်။ ၂၀ ရက်နေ့နောက်ပိုင်း ပြန်လာတဲ့သူတွေကိုမှ အစိုးရ စင်တာတွေမှာ ထားတာပါ” ဟု ဧရာဝတီ သို့ ပြောပြသည်။

ရန်ကုန်မြို့၌ ယခု သီတင်းပတ် ၁ ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူများထဲတွင် ဒေသတွင်း ကူးစက်မှုဟု ယူဆရသော ပိုးတွေ့ လူနာ ၁၀ ဦး နှင့် ရခိုင်ပြည်နယ်မှ ပြန်လာပြီးနောက် ရောဂါကူးစက်မှုကြောင့် ပိုးတွေ့ လူနာ ၁၄ ဦးရှိပြီး ၎င်းတို့နှင့် ထိတွေ့ ထားသူပေါင်း ၁၉၄ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ သြဂုတ်လ ၁၀ ရက်နေ့မှ ၂၇ ရက်အတွင်း လေကြောင်းလိုင်းဖြင့် ရန်ကုန်အပါအဝင် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များ သို့ ရောက်ရှိသူ စုစုပေါင်း ၅၇၀၀ ဦးကျော် အထိရှိပြီး ထိုသူများထဲတွင် အချို့သည် COVID-19 ကူးစက် ခံထား ရနိုင် ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ရခိုင်မှ ရန်ကုန်သို့ ပြန်လာသူများကို ဆက်သွယ်အကြောင်းကြားရန် အဖွဲ့ ၁ ခု ဖွဲ့စည်းပြီး လုပ်ဆောင်လျက်ရှိသော်လည်း တချို့မှာ ဖုန်းနံပါတ်များ မှားယွင်းစွာပေးထားခြင်း၊ ဆက်သွယ်သည့် အခါ လက်ခံ ဖြေကြားခြင်း မရှိသည့် အခက်အခဲများ ကြုံတွေ့နေရလျက်ရှိသည်။

သို့ဖြစ်ရာ သတင်းပေးပို့၍ ကျန်းမာရေး စစ်ဆေးမှုခံယူရန် နှင့် သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနက သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ သတင်းထုတ်ပြန်အရ ကိုဗစ်ရောဂါပိုးတွေ့ရှိသူပေါင်း ၇၈၇ ဦးအထိ ရှိလာပြီး ဖြစ်ကာ ရောဂါကင်းစင်သူမှာ ၃၅၂ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိသည်။

You may also like these stories:

ကိုဗစ်လှိုင်းများကြားက အာဆီယံ စီးပွားရေး

ရခိုင် ၁၁ မြို့နယ်အထိ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့လာ

ကိုဗစ်ကာလ ကော့သောင်းသို့ ခိုးဝင်လာသူများကို အရေးယူမည်

ကိုဗစ် ဒုတိယလှိုင်းအစမှာ ရောက်နေပြီလို့ ဒေါက်တာခင်ခင်ကြီးပြော

Your Thoughts …
Tags: COVID-19ကျန်းမာရေးကွာရန်တင်းလေကြောင်းလိုင်း
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

by ယဉ်မွန်
2 September 2024
4.5k

ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

Next Post
လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်တခု / ဧရာဝတီ

ဥရောပ၏ နွေဦးရာသီဝတ် အပ်ထည် အမှာများ ထက်ဝက်ကျော် လျော့ကျ

သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ စမ်းစမ်းမြင့် / ထက်ဝေ / ဧရာဝတီ

ကျမတို့နိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ကို လုပ်နေပါပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved