• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ARSA နှင့် မူးယစ်ဂိုဏ်းတို့ကြား တိုက်ခိုက်မှု ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ် စေလွှတ်ရ

by ဇင်လင်းထက်
8 October 2020
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူတူပလောင် ဒုက္ခသည်စခန်း / UNHCR

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူတူပလောင် ဒုက္ခသည်စခန်း / UNHCR

64.6k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း၌အကြမ်းဖက်အဖွဲ့ ARSA(အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်)နှင့် Munna မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းအကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် အခြေအနေထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက လက်နက်ကိုင်တပ်များ စေလွှတ်ထားရကြောင်း AFP သတင်းက ဆိုသည်။

Munna ဂိုဏ်း နှင့် ARSA အဖွဲ့တို့သည် မက်သာဖက်တမင်း ကုန်သွယ်ရေးဈေးကွက်ကို ထိန်းချုပ်နိုင်ရေး အတွက် အောက်တိုဘာလ ၂ ရက်က စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့တွင် AFP သတင်းက ဖော်ပြထားခြင်း ဖြစ်သည်။

အင်္ဂါနေ့ညက Lambasia စခန်းတွင် အလောင်း ၄လောင်း တွေ့ရပြီး၊ ၃လောင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးကာ ကျန်တဦးမှာ ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ကောက်ဘဇားခရိုင် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ပြီး၊ သေဆုံးသူ များမှာ Munna ဂိုဏ်းခေါင်းဆောင်၏ ဆွေမျိုးများဖြစ်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့ကလည်း ၎င်းတို့ သတ်ဖြတ်ခဲ့ သည်ဟု ပြောကြောင်း AFP သတင်းက ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အကြမ်းဖက်အဖွဲ့ ARSA နှင့် ရခိုင်စစ်တပ် (AA)တို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ကို အသုံးချ၍ အစိုးရဆန့်ကျင်ရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ ကတည်းက လုပ်ဆောင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

ထိုပြောကြားမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိတဦးက ဘင်္ဂလားဒေ့ရှ် အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းများကို လက်ခံ ကူညီထားမှုမရှိ၊ သတင်းအမှားတွေဖြစ်ကြောင်း နိုင်ငံတကာမီဒီယာအချို့သို့ အောက်တိုဘာလ ၁ ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။

ယင်းသို့ ငြင်းဆိုသော်လည်း နောက်တနေ့တွင် ဘင်္ဂလားဒေ့ရှ် ပိုင်နက်ရှိ အဆိုပါ ဒုက္ခသည်စခန်းတွင် ARSA နှင့် မူးယစ်မှောင်ခိုဂိုဏ်းအကြား တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

တိုက်ခိုက်မှုများကို ကြည့်ပါက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုရှိနေသည်ဆိုသည့် အချက်ကို ပြဆိုနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် နယ်စပ်ရေးရာနှင့် လုံခြုံရေးလေ့လာသူများကလည်း သုံးသပ်ကြသည်။

“ဘင်္ဂလားဒေ့ရှ် နယ်မြေထဲမှာ ARSA ရော၊ AA ရော ၂ ဖွဲ့လုံးရှိတယ်ဆိုတာကတော့ ကျိန်းသေသလောက်ရှိတာပေါ့။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒါကို ဘယ်လောက် လိုက်လျောထားသလဲဆိုတာသာ ကျနော်တို့ မသိတာ။ သူ့ပေါ်လစီကတော့ လက်မခံဘူးပြောထားပေမယ့် မြေပြင်မှာတော့ အဲဒီအဖွဲ့တွေအလုံးအရင်းနဲ့ ရှိနေတယ်ဆိုတာက ဟုတ်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု့ (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြော ကြားသည်။

အကြမ်းဖက်အဖွဲ့များကို အခြေစိုက်ခွင့်ပြုထားပါက အဆိုပါအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်သဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စိုးရိမ်မှုရှိနိုင်ကြောင်း၊ ထို့ကြောင်ပင် စခန်းတွင်းတိုက်ပွဲများကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

“ဘင်္ဂလားဒေ့ရှ်အစိုးရမှာလည်း သူက အစွန်းရောက်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတာကိုး။ ဘင်္ဂလားဒေ့ရှ်ထဲ သေနတ်ရောက်လာရင် အဲဒီသေနတ်က မြန်မာပြည်ကို တိုက်ဖို့ တခုတည်းမဟုတ်ဘူး။ သူတို့ကို ပြန်တိုက်တာတွေ ဖြစ်လာမှာ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကလည်း ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ ရှိနေသည်ကို မြန်မာဘက်တွင် အထောက်အထားများရရှိထားသဖြင့် ဝန်ကြီးဦးကျော်တင့်ဆွေက ထုတ်ဖော်ပြောကြားခြင်း ဖြစ်ကြောင်းဆိုသည်။

ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေသည့် သတင်းများကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဘက်သို့ ပြောပြပြီး အဆိုပါကိစ္စများကို ၂ နိုင်ငံပူးပေါင်း ဖြေရှင်းရန် မြန်မာဘက်က ပြောဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကောင်းမွန်စွာ တုံ့ပြန်မှုမရှိခဲ့ဟု ၎င်းက ဆိုသည်။

“ဒီလိုမျိုး အင်တာနေရှင်နယ် ဖိုရမ်မှာ ပြောတယ်ဆိုတာက ဘင်္ဂလားဒေ့ရှ်ဘက်က ပြောလွန်းလို့သာ ကျနော်တို့က ပြောတာပါ။ ကျနော်တို့က ၂ နိုင်ငံကြားထဲမှာပဲ ဖြေရှင်းဖို့ လိုလားပါတယ်” ဟု ဦးချမ်းအေး ကပြောဆိုသည်။

ဂျာမန် သတင်းဌာန DW ၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလထုတ် သတင်းဖော်ပြချက်တွင်လည်း ဒုက္ခသည်စခန်းများ၌ ARSA အဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း ဆိုထားသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
16
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
596
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
43

ထိုပြင် ARSA အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ အကြမ်းဖက်အဖွဲ့များကို ပါကစ္စတန်ထောက်လှမ်းရေး (ISI) က လေ့ကျင့် သင်တန်းပေးနေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

You may also like these stories:

AAနှင့် ARSAတို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးချနေဟု မြန်မာအစိုးရပြော

ARSA ပြန်ခေါင်းထောင်နေပြီလား

AA နှင့် ARSA တို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထား

မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်က စစ်အင်အား ထပ်ဖြည့်နေ

Your Thoughts …
Tags: ARSAဒုက္ခသည်ဘင်္ဂလားဒေ့ရှ်မူးယစ်ဆေးဝါး
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
ကိုဗစ်လူနာများ ကုသမှုပေးနေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်(ယာယီ)ဆေးရုံ  / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသမည်

Google Earth မှမြင်တွေ့ရသည့် ရွှေကုက္ကိုလ် စီမံကိန်း မှတ်တမ်း ဓာတ်ပုံ

ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved