• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်ဇလပ်ပန်းနှင့် ချင်းသစ်ခွတို့အား ခူးယူဖျက်ဆီးပါက အရေးယူတော့မည်

by လဲ့လဲ့
26 October 2020
in သတင်း
A A
တီးတိန်မြို့နယ် Thangmual တောင်တန်းပေါ်က တောင်ဇလပ် ပန်းများ  / ကျော်ခ / ဧရာဝတီ

တီးတိန်မြို့နယ် Thangmual တောင်တန်းပေါ်က တောင်ဇလပ် ပန်းများ / ကျော်ခ / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

သစ်တောဦးစီးဌာနက ချင်းပြည်နယ်ရှိ တောင်ဇလပ်ပန်း ဖြူ၊ နီ၊ ဝါနှင့် သစ်ခွပန်းများကို သဘာဝအပင်များ စာရင်းတွင် ထည့်သွင်းလိုက်ခြင်းကြောင့် ထိုအပင်များကို ထုတ်ယူဖျက်ဆီးသူများအား အရေးယူတော့မည်ဟု နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဦးစိန်ထွန်းက “အရေးယူနေပါတယ်။ အရင်က ပညာပေးဟောပြောတာတွေ လောက်ပဲ လုပ်တာ အခုတော့ ပုံစံပြောင်းပြီး ပညာပေးတဲ့သဘောမျိုးတွေ လုပ်နေတယ်။ ကြပ်ကြပ်မတ်မတ် ပြန်လုပ်တဲ့သဘောပေါ့။ တနှစ်လောက်ရှိပြီ လုပ်နေတာ။ အပင်လိုက်ခုတ်သွားတာမျိုးတွေ မဖြစ်အောင်လည်း အစီအစဉ်တွေ အခုလုပ်နေပါတယ်” ဟု ပြောသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တော ဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပုဒ်မ ၁၉(ဂ)အရ မျိုးဆက်ပြတ်သုန်း မည့် အန္တရာယ်ရှိသော ကာကွယ်ထားသည့် သဘာဝအပင်များကို ၂၀၂၀ ခုနစ်၊ စက်တင်ဘာလ ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သဘာဝအပင်စာရင်းတွင် ချင်းပြည်နယ်ရှိ တောင်ဇလပ် (ဖြူ၊ နီ၊ ဝါ)၊ တောင်ဇလပ်နှင်းဆီ၊ မြန်မာဂျင် ဆင်း၊ သစ်ခွနက်၊ ချင်းသစ်ခွနီ၊ ဘုံမ္မရာဇာ၊ တောင်လုံးကျော်/ ဆာချီ၊ မြေပုဇွန်ကွေးတို့ ပါဝင်သည်။

အဆိုပါ အပင်မျိုးစိတ်များကို မျိုးတုန်းမည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝအပင်စာရင်းတွင် သတ်မှတ်ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ဦးစိန်ထွန်းက ဆိုသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

ထိုကာကွယ်ထားသည့် သဘာဝအပင်တမျိုးမျိုးကို သတ်မှတ်ထားသည့် နေရာဒေသအတွင်း ခွင့်ပြုချက် မရှိဘဲ ထုတ်ယူ၊ စုဆောင်း၊ ဖျက်ဆီးပါက ထိုသူကို ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀ (ခ) အရ အရေးယူနိုင်သည်။

ထိုပုဒ်မ ၄၀ (ခ)တွင် ကာကွယ်ထားသည့် သဘာဝအပင်တမျိုးမျိုးကို သတ်မှတ်ထားသည့် နေရာဒေသ အတွင်း ခွင့်ပြုချက် မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဖျက်ဆီးခြင်း ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငွေ ၃ သိန်းမှ အများဆုံး ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဆိုထားသည်။

ချင်းပြည်နယ်တွင် တောင်ဇလပ်ပန်းများကို ဘာသာရေး အခမ်းအနားများတွင်လည်းကောင်း၊ ပွဲတော်များတွင် လည်းကောင်း အလှချိတ်ဆွဲရန် အပင်များကို ခုတ်လှဲခြင်း၊ အကိုင်းများကို ချိုးယူခြင်းများ ပြုလုပ်ကြသလို ဝိုင်အဖြစ်လည်း ထုတ်လုပ်ရောင်းချခြင်းများ ရှိကြောင်း ဟားခါးမြို့နယ် ဒေသခံ ဒေါ်မေရီက ဆိုသည်။

၎င်းက “ဖျက်ဆီးချင်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ပါဘူး။ ပန်းက လှတယ်။ ချင်းပြည်နယ်အတွက် ဂုဏ်တခုဆိုတော့ ပွဲတော်တွေမှာ အလှထားဖို့ ခူးကြတာပါ။ ဒီလိုဥပဒေတွေ ရှိမှန်းတော့ မသိဘူး။ တပင်လုံး ခုတ်ယူသွားတာ မျိုးတော့ ကျမလည်း မကြိုက်ဘူး။ ဥပဒေရှိလာပြီဆိုရင်တော့ ဥပဒေအတိုင်း လိုက်နာရမှာပေါ့” ဟု ပြောသည်။

ထ့ိုပြင် သဘာဝအပင်စာရင်း သတ်မှတ်ရာတွင်လည်း လုံးဝအကာအကွယ်ထားသည့် အပင်မျိုးစိတ်နှင့် နေရာ ဒေသ အလိုက် ကာကွယ်ထားသည့် အပင်မျိုးစိတ်ဟူ၍လည်း ကွဲပြားသွားသလို ပြစ်မှုပြစ်ဒဏ်များလည်း ကွာခြားသွားသည်။

ချင်းပြည်နယ်ရှိ လုံးဝကာကွယ်ထားသည့် အပင်မျိုးစိတ်များမှာ တောင်ဇလပ်ဝါ၊ တောင်ဇလပ်နှင်းဆီနှင့် သစ်ခွနက်တို့ ဖြစ်ပြီး နေရာဒေသအလိုက် ကာကွယ်ထားသည့် အပင်မျိုးစိတ်များက မြန်မာဂျင်ဆင်း၊ တောင်ဇ လပ်နီ၊ တောင်ဇလပ်ဖြူ၊ ချင်းသစ်ခွနီ၊ ဘုံမ္မရာဇာ၊ တောင်လုံးကျော်/ ဆာချီ၊ မြေပုဇွန်ကွေးတို့ ဖြစ်သည်။

အဆိုပါ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ၏ ပုဒ်မ ၄၁ (ခ)အရ လုံးဝကာကွယ်ထားသည့် သဘာဝအပင် သို့မဟုတ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ကာကွယ် ထိန်းချုပ်သည့် အပင်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဖျက်ဆီ ခြင်း၊ ထိုအပင်ကို ဖြစ်စေ၊ အစိတ်အပိုင်းကို ဖြစ်စေ၊ ထိုမှ ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် တ နည်း နည်းဖြင့် ပြောင်းလဲခြင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

အဆိုပါ ဥပဒေများသည် ယခင်ရှိပြီးသား ၁၉၉၄ ခုနှစ် သဘာဝဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေး ဥပဒေကို ခေတ် ကာလနှင့် လျော်ညီအောင် ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်တွင် ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ထားသည့် ဥပဒေများဖြစ်သည်။

လုံးဝကာကွယ်ရမည့် အပင်မျိုးစိတ်များတွင် တောင်ဇလပ်ဝါ၊ တောင်ဇလပ်နှင်းဆီနှင့် ချင်းသစ်ခွနီတို့သည် မြန်မာတပြည်လုံးအနက် ချင်းပြည်နယ်တခုတွင်သာ ရှိသည့် ရှားပါးအပင်မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

You may also like these stories:

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ကန့်ကွက်မှုများရှိနေ

Your Thoughts …
Tags: ချင်းပြည်နယ်တောင်ဇလပ်ပန်းသစ်ခွနီ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.6k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

Next Post
တပတ်ကြာ ကုန်သွယ်မှုပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ အမှတ်၂ တံတား ပြန်ဖွင့် (ရုပ်/သံ)

တပတ်ကြာ ကုန်သွယ်မှုပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ အမှတ်၂ တံတား ပြန်ဖွင့် (ရုပ်/သံ)

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လွှတ်မှု အများဆုံး အဆင့် ၅ နေရာမှာ ရှိပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved