• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးဝင်းထိန်ကို အာမခံပေးရန် သင့်၊ မသင့် ရှေ့လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်

by ထက်နိုင်ဇော်
5 March 2021
in သတင်း
A A
ဦးဝင်းထိန်ကို ပြီးခဲ့သည့် ဇန်နဝါရီလက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ နေပြည်တော်တွင် တွေ့ ရစဉ်  / သီဟလွင်  / ဧရာဝတီ

ဦးဝင်းထိန်ကို ပြီးခဲ့သည့် ဇန်နဝါရီလက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ နေပြည်တော်တွင် တွေ့ ရစဉ် / သီဟလွင် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် အမှုဖွင့်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာ ယက ဦးဝင်းထိန်ကို အာမခံပေးရန် သင့်၊ မသင့် လာမည့် မတ်လ ၁၉ ရက်နေ့ ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားရုံးက ဆုံး ဖြတ်မည်ဖြစ်ကြောင်း သိရသည်။

“တရားသူကြီးရဲ့ ဆင်ခြေတုံတရားအရ အမိန့်တရပ်ချပေးဖို့ပဲ လျှောက်ထားတာပါ။ အာမခံမပေးသင့်ဘူးလို့ ကန့်ကွက်တာတော့ မရှိပါဘူး။ နောက်ရုံးချိန်းမှာတော့ အာမခံ ပေးသင့်၊ မပေးသင့်နဲ့ ပတ်သက်ပြီး တရားရုံးတော်ကနေပြီး အမိန့်တရပ် ချမှတ်ပေးမှာ ဖြစ်ပါတယ်”ဟု ဦးဝင်းထိန်၏ တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

ဦးဝင်းထိန်သည် အသက် ၈၀ ရှိနေပြီ ဖြစ်ပြီး Wheel Chair ဖြင့် သွားလာနေရသူတဦး ဖြစ်ကြောင်း၊ အသက်ရှုရပ်သည့် ရောဂါကြောင့် အောက်စီဂျင် မပြတ် သွင်းနေရကြောင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံကြီး၊ ဆီးကြိတ်ကြီး ရောဂါများ ခံစားနေရ သဖြင့် ကျန်းမာရေးအရ အာမခံ လျှောက်ထားရခြင်း ဖြစ်ကြောင်း ရှေ့ နေဖြစ်သူက သတင်းထောက်များကို ရှင်းပြသည်။

ဦးဝင်းထိန် အာမခံ ရရှိရန် လျှောင်ထားသည့် ပုဒ်မမှာ ပုဒ်မ ၄၉၇-၁ ဖြစ်ပြီး အာမခံ မပေးနိုင်သော ပုဒ်မများအတွက် အာမ ခံ ရရှိအောင် ဆောင်ရွက်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။

Video Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့သည့် ယနေ့ ရုံးချိန်းတွင် ဦးဝင်းထိန်သည် ရှေ့နေငှားရမ်းခွင့် ရရှိခဲ့သော်လည်း ၎င်း၏ ရှေ့နေများနှင့် နေပြည်တော် အချုပ်ထောင်တွင် တွေ့ဆုံခွင့် မရခဲ့ပေ။

ဦးဝင်းထိန် အမှုကို အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ခွင့်ပြုပေးရန်လည်း ရှေ့နေများဘက်မှ တောင်းဆိုခဲ့သည်ဟု သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
761
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားလိုလုပ်၍ တရားစွဲသူမှာ နေပြည်တော် ဥတ္တရ သီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ပုဒ်မ ၁၂၄ (က)မှာ မည်သူ့ကိုမဆို နုတ်ဖြင် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်း ထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင် ထိုသို့ ပြုရန် အားထုတ်လျှင် လှုံ့ဆော်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ၇ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက် သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက် ဦးဝင်းထိန်က သတင်းသမားတချို့ နှင့် တွေ့ဆုံ ဖြေကြားမှုများ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်မြို့သို့ ပြန်ရောက်စဉ် ယင်းနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး နေပြည်တော်သို့ ပြန်လည် ခေါ်ဆောင်ခံခဲ့ရသည်။

ဦးဝင်းထိန်သည် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်းတဦး အဖြစ် ရပ်တည်နေရာမှ ၁၉၈၈ ခုနှစ်တွင် NLD ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပူးပေါင်းခဲ့သဖြင့် ၁၉၈၉ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံခဲ့ရသည်။

၁၉၉၆ ခုနှစ်တွင် နောက်တကြိမ်ထပ်အဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ မန္တလေးထောင်နှင့် က သာထောင်တို့တွင် ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရသည်။ စုစုပေါင်း ထောင်သက်မှာ နှစ် ၂၀ နှင့် ၂ လ ဖြစ် သည်။

ဦးဝင်းထိန်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိ မိတ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်မှ ဝင်ရောက် ယှဉ် ပြိုင် အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးဗဟိုအဖွဲ့ တွင် တာဝန်ယူခဲ့ပြီး NLD အစိုးရ ဖြစ်လာသည့်အခါ ၎င်း၏ သြဇာအာဏာမှာ ပါတီတွင်း ကြီးမားလာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ပါတီ အတွင်းရေးမှူး အဖွဲ့ ဝင် ဖြစ်လာသည့်အခါ ၎င်း၏ ဆောင်ရွက်ချက်များ၊ ပါတီတွင်း ဆုံးဖြတ်ချက် တချို့ကြောင့် ၂၀၁၈ ခုနှစ်တွင် ပါတီက ဦးဝင်းထိန်ကို ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အဖြစ်မှ အနားပေးကာ ဆုံးဖြတ် ခွင့်များ မရှိတော့သည့် ပါတီ နာယကအဖွဲ့ သို့ ပြောင်းလဲ တာဝန်ပေးခဲ့သည်။

You may also like these stories:

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး

စွပ်စွဲခံရသည့် ပုဒ်မဖြင့် ချက်ချင်း အမိန့်ချပေးဖို့ ဦးဝင်းထိန် တောင်းဆိုခဲ့

ဦးကျော်မိုးထွန်းအား အစားထိုးရန် ကြိုးစားမှု မအောင်မြင်

Your Thoughts …
Tags: ဒက္ခိဏခရိုင်အာမခံဦးဝင်းထိန်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
3k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

by ဧရာဝတီ
29 April 2025
2.1k

ငလျင်သင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများတွင် အထွေထွေအာမခံ (General Insurance) ဖြစ်သည့် ကား၊ အိမ်၊ အဆောက်အဦ၊ စက်ရုံများ သဘာဝဘေး အာမခံထားရှိခြင်းကို ပုဂ္ဂလိကအာမခံ ကုမ္ပဏီများက ရောင်းချမှု ယာယီရပ်ဆိုင်းထားကြောင်း...

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

နိုင်ငံရေး အတိုက်အခံများစွာသည် မြန်မာနိုင်ငံမှ ထောင်များတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသော်လည်း သေဒဏ်ပေးသည့် ကိစ္စသည် နည်းပါးလှသည်။

မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း

by Bertil Lintner
29 July 2022
6.2k

အင်းစိန်တွင် နောက်ဆုံးကွပ်မျက်မှုသည် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကွပ်မျက်ခံရသည့် မြောက်ကိုရီးယား ထောက်လှမ်းရေး ဇင်မိုဖြစ်သည်။

ဦးဝင်းမြင့်အပြင် ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်သည်

အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ

by ဧရာဝတီ
21 June 2023
7.4k

အသက် ၇၁ နှစ် ရှိပြီဖြစ်သော ဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင် ၁၂ နှစ်ချထားပြီး ပဲခူးတိုင်းတောင်ငူတွင် ဇန်နဝါရီလမှ စတင်ချုပ်နှောင်ထားသည်။

Next Post
မုံရွာတွင် ယနေ့ပြုလုပ်သည့် လူသိန်းချီ တက်ရောက်သည့် “မြို့လူထုညီလာခံ” မှတဆင့် မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဖွဲ့စည်း  / Wai Moe Naing

စစ်ကိုင်းတိုင်း၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၈၁ ရာခိုင်နှုန်း ဖွဲ့စည်းပြီး

ပူတာအိုမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

ပူတာအိုတွင် ဖမ်းဆီးခံရသည့် လူငယ် ၅ ဦး ငွေ ၁ သိန်းစီ ဒဏ်ဆောင်စေ၍ ပြန်လွှတ်ပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved