• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်မဲတွင် ဆန္ဒပြလူထုကို ဖြိုခွင်းပြီး လူငယ်၂ ဦးကို ရိုက်နှက် ဖမ်းဆီးသွား

by ဧရာဝတီ
10 March 2021
in သတင်း
A A
ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆိုနေကြစဉ်

ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆိုနေကြစဉ်

16.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဆန္ဒပြလူထုကို အသံဗုံးများ ဖောက်ခွဲဖြိုခွင်းပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့က အမျိုးသား နှစ်ဦးကိုလည်း မေ့လဲသည်အထိ ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ကျောက်မဲမြို့နယ်၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းအိမွန်အောင်က “သူတို့က ဖမ်းတာ ဒီတိုင်းဖမ်းတာ မဟုတ်ဘဲ ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်။ သေနတ်တွေနဲ့ ရိုက်နှက်တာ ကလေး တယောက်က အသက်တောင် ထွက် နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အသက် ငယ်သေးတယ်၊ ၁၄ နှစ် တယောက်က မူးလဲသွားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးလုံးမှာ အမျိုးသားများဖြစ်ပြီး တဦးမှာ အသက် ၁၄ နှစ် အရွယ်သာ ရှိသေးပြီး ကျန်တဦးမှာ အသက် ၂၀ ကျော် ရှိပြီဟု ဒေါ်နန်းအိမွန်အောင်က ပြောဆိုသည်။

၎င်းက “အခု ရဲစခန်း သွားကြည့်တော့လည်း မရှိတော့ဘူး ပြောတယ်။ ကျမတို့ သတင်းရတာက ကျောက်မဲ ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်။ သူတို့ ဘယ်မှ မပို့သေးဘူး။ မြို့နယ်မှာ သက်ဆိုင်တဲ့ လူကြီးတွေနဲ့ ကျမတို့ ညှိနှိုင်းပြီး ကလေးတွေ ကို ပြန်ထုတ်လို့ ရအောင် လှုပ်ရှားနေပါတယ်” ဟု ပြောသည်။

လူငယ်များက ၎င်းတို့၏ အနာဂတ်အတွက် စစ်အာဏာရှင် စနစ်ကို မနှစ်သက်သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကို အကြမ်းဖက်ရိုက်နှက်ခြင်းအား လွှတ်တော် ကိုယ်စားလှယ်တဦး အနေဖြင့်လည်း ရှုတ်ချပါသည်ဟု ဒေါ်နန်းအိမွန်အောင်က ဆိုသည်။

ကျောက်မဲမြို့ဒေသခံများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုကို လုပ်ဆောင်နေသည်မှာ ရက်ပေါင်း၂၀ ကျော်ပြီ ဖြစ်သည်။

နေ့စဉ် ဆန္ဒပြနေသည့် ကျောက်မဲလူထုကို မတ် ၉ ရက်မှ စတင်ဖြိုခွင်းပြီး ယနေ့ မနက်ပိုင်းကလည်း စုရပ်တွင် စစ်တပ်နှင့် ရဲတို့က ပိတ်ဆို့ကာ ဆန္ဒပြစစ်ကြောင်း မထွက်နိုင်ရန် လုပ်ဆောင်ခဲ့သည်။

လူထုက ပိတ်ဆို့ထားသည့်ကြားမှ စုရပ်ကို၂ ကြိမ် ရွှေ့ဆိုင်းကာ လူရအောင် စုဝေးပြီး သပိတ်စစ်ကြောင်း ထွက်လာရာ အသံဗုံးများ ဖောက်ခွဲ၍ ဖြိုခွင်းသည့်အပြင် ဆန္ဒပြလူထုကို ရိုက်နှက် ဖမ်းဆီးခြင်း ဖြစ်သည်။

ဆန္ဒပြလူအုပ်ထဲတွင် ရှိနေသည့် ကိုစိုင်းလောင်က “ဝင်ရိုက်နှက်ဖမ်းတဲ့ သူတွေက အရပ်ဝတ်တွေနဲ့ပဲ။ အစက ဗုံးတွေ သူ တို့ ဖောက်တော့ လူတွေက ရုတ်ရုတ်ဖြစ်သွားချိန်မှာ သူတို့က ဝင်လာတာ။ ယူနီဖောင်းတွေလည်း မပါတော့ သူတို့ကို စစ် သားတွေမှန်း မသိဘူး။ ရိုက်နှက် ဖမ်းခေါ်မှ လူထုက ပြန်ဝိုင်းတော့ သူတို့မှာ သေနတ်တွေပါလို့ စစ်သားမှန်း ရဲမှန်း သိကြ တာ” ဟု ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
109
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
31

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
50
ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ဒေသခံများ တောင်းဆိုနေကြစဉ်

စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် ၎င်းတို့၏ ဌာနဆိုင်ရာ ကားများကို အသုံးမပြုဘဲ အရပ်သားများ အသုံးပြုသည့် Mark 2 ၊ Crown ၊ Alphard အိမ်စီးကားများကို အသုံးပြုပြီး အရပ်ဝတ်များဖြင့် ဆန္ဒပြလူထုကို ဝင်ရောက်ဖြိုခွင်းသွားခြင်း ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

အိမ်စီးကားများကို ဒေသခံများက ဝိုင်းဝန်းပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ပြောဆိုကြရာ ရဲကားများ ထပ်မံ ရောက်လာပြီး လူစုခွဲရန် လုပ်ဆောင်သဖြင့် ဆန္ဒပြလူထုက လူစုကွဲသွားပြီ ဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှစ၍ တနိုင်ငံလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ လုပ်ဆောင်နေရာ ရှမ်းပြည်နယ်တွင်လည်း ဒေသခံများသည် နေ့စဉ် လမ်းပေါ်ထွက်ကာ ဆန္ဒပြလျက် ရှိသည်။

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အုပ်ချုပ်သည့် နယ်မြေများမှလွဲ၍ ကျန်မြို့ကြီးများ၊ မြို့ငယ်များ အားလုံးနီးပါးတွင် စစ်အာဏာရှင် စနစ်ကို လက်မခံကြောင်း ဆန္ဒပြနေကြခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် တခွင်လုံးတွင် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် များအပြင် နေ့စဉ် မြို့နယ်အသီးသီးတွင် ဆန္ဒပြနေသည့် လူငယ်များ၊ ကျောင်းသားများ၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ် ရှားသူများကို ဖမ်းဆီးနေသည်မှာ ၁၀၀ ကျော် ရှိပြီဖြစ်သည်။

You may also like these stories:

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

မလွှကုန်း ရထားဝန်ထမ်းများကို လှူဒါန်းသည့် ရိက္ခာများ စစ်တပ်နှင့်ရဲ ယူဆောင်

စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ

Your Thoughts …
Tags: ကျောက်မဲစစ်တပ်နှင့်ရဲဆန္ဒပြလူထုရိုက်နှက်ဖမ်းဆီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

by ဧရာဝတီ
28 June 2024
7.2k

NUG ကတော့ ရှမ်း-မန်းလို့တော့ ပြောတာပေါ့နော်၊ ကျနော်ကတော့ နောင်ချိုကို တိုက်တဲ့အနေအထားက ကျောက်ဂူ၊ အင်တောကနေတဆင့် ရပ်စောက် ရှမ်းတောင်ပေါ့နော်၊ ရှမ်းတောင်ကနေမှတဆင့် ကရင်နီဘက်အထိ ထိုးဖောက် ချိတ်ဆက်သွားနိုင်တယ်လို့ မြင်ပါတယ်

စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

by သူရမောင်
29 November 2023
6.4k

ကျောက်မဲအထွက် အေရှားဝေါ တိုးဂိတ်ထဲမှာရောက်ရှိနေတဲ့ စစ်ကြောင်းကို TNLA ဘက်က နိုဝင်ဘာလ ၂၇ ညနေ ၅ နာရီခန့်မှာ နာရီဝက်အကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး

ရတနာသိင်္ဂီမိုင်း ပြန်ရပေမယ့် ကျောက်မဲမှာ စစ်တပ်ပိတ်ဆို့ခံနေရ

ရတနာသိင်္ဂီမိုင်း ပြန်ရပေမယ့် ကျောက်မဲမှာ စစ်တပ်ပိတ်ဆို့ခံနေရ

by ဧရာဝတီ
26 August 2025
5.9k

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို- မိုးကုတ်လမ်းပိုင်းကို ထိုးစစ်ဆင်နေသလို ကျောက်မဲ မြို့ကိုလည်း ပြန်လည် ထိန်းချုပ်နိုင်ရန် နောင်ချို ဂုတ်တွင်းဘက်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ ပြင်းထန် တိုက်ပွဲများဖြစ်ပွားနေသည်

ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

ကျောက်မဲမြို့ကို TNLA အပြီးသတ် သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
6 August 2024
4.1k

လတ်တလော ကျောက်မဲမြို့ပေါ် ဖုန်း ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်နေဆဲဖြစ်ပြီး လျှပ်စစ်မီးလည်းပြတ်တောက်နေကာ သောက်သုံးရေများ အလုအယက်ဝယ်ယူနေရကြောင်း

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

by ဧရာဝတီ
12 November 2023
3.2k

ကျင်တီတံတားတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ကျောက်မဲမြို့ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁) မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဆက်တိုက်ပစ်ခတ်နေကြောင်း

ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

by သူရမောင်
27 August 2025
2.7k

တရုတ်ကြား၀င်မှုဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် စစ်ကော်မရှင်နှင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)တို့ ဩဂုတ် ၂၆ ရက်၌ တွေ့ဆုံဆွေးနွေးပွဲ စတင်နေချိန် ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

Next Post
မတ်လ ၃ ရက်နေ့ မြောက်ဥက္ကလာတွင် လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော ကျည်ဆံအခွံမှာ အီတလီလုပ်ငန်းတခုဖြစ်သော Cheddite Italy S.r.l မှ ဖြစ်သည်/ RFA

လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော အီတလီထုတ် ခဲယမ်း ဘယ်ကရ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တခုတွင် တွေ့ရသည့် ကိုဂျမား

ဖမ်းခံရသည့် ပဲခူး NLD ပါတီဝင် ကိုဂျမားနှင့် မိသားစုဝင်များ အဆက်အသွယ်မရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved