CDM ပြုလုပ်နေသည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် မလွှကုန်း မီးရထား ဝန်ထမ်းများကို လှူဒါန်းထားသော အခြေခံ စားသောက်ကုန်များကို စစ်တပ်နှင့်ရဲက ယူဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
အများပြည်သူက ဝန်ထမ်းများကို လှူဒါန်းထားသည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ အစရှိသည့် အခြေခံစားသောက်ကုန် များကို အဆောက် အအုံတခုတွင် ဂိုထောင်သဖွယ်ထားထားခြင်း ဖြစ်ပြီး ထိုနေရာမှ ထုတ်ယူနေခြင်း ဖြစ်ကြောင်း သိရ သည်။
“CDM ဝန်ထမ်းတွေအတွက် လှူထားတဲ့ ပစ္စည်းတွေ ကျနော်တို့က ပြန်ခွဲ မပေးရသေးဘူး။ ဆေးပေးခန်းမှာ စုထားတာ။ အဲဒါတွေကို အခု သူတို့ သယ်ထုတ်နေတာ” ဟု မီးရထားဝင်းအတွင်း နေထိုင်သူ တဦးက ပြောသည်။
ယနေ့ မနက် ၄ နာရီမှ စတင်ကာ မလွှကုန်း မီးရထားဝင်းသို့ စစ်တပ်နှင့်ရဲ အင်အား အလုံးအရင်းနှင့် ဝင်ရောက်၍ တပ်စွဲ နေခြင်း ဖြစ်သည်။
အဆိုပါဝင်းအတွင်းရှိ အိမ်ခြေပေါင်း ၁ ထောင်ခန့် ရှိပြီး ဖေဖော်ဝါရီ ပထမအပတ်က စတင်၍ ရထားဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲ တို့က ဖိအားပေး ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရထားဝန်ထမ်းများကို အနီးနားရှိ ရပ်ကွက်နေပြည်သူများက အစားသောက်များ ကူညီထောက်ပံ့ပေး လျက်ရှိသည်။
You may also like these stories:
မဇ္ဈိမနှင့် ကမာရွတ်မီဒီယာရုံးများ စီးနင်းဖျက်ဆီးခံရ
NLD ပါတီဝင်တဦး ဖမ်းခံရစဉ် ထပ်မံသေဆုံး