• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မကွေးနှင့် မိတ္ထီလာက လေတပ်စခန်းများ ပစ်ခတ်ခံရ

by ဧရာဝတီ
29 April 2021
in သတင်း
A A
ရှော့တိုက်ဒုံးများ ကျကွဲသည်ကို ကြည့်နေကြသည့် ဒေသခံများ

ရှော့တိုက်ဒုံးများ ကျကွဲသည်ကို ကြည့်နေကြသည့် ဒေသခံများ

36.9k
VIEWS
Share on FacebookShare on Twitter

မကွေးအခြေစိုက် လေတပ်စခန်းနှင့် မိတ္ထီလာအခြေစိုက် လေတပ်စခန်းတို့အား ယနေ့မနက်အစောပိုင်းက ရှော့ တိုက်ဒုံးဟု ယူဆရသည့် လက်နက်များဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

မကွေးလေတပ်စခန်းအနေဖြင့် သင်ကြားရေးဆေးရုံဘက်မှ မနက် ၃ နာရီခန့်တွင် အပစ်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များအနေဖြင့် ပစ်ခတ်ခဲ့ရသည်ဟု ယူဆရသည့် စမ်းရိုးရွာနှင့် စမ်းကန်ရွာအနီးပတ်ဝန်ကျင်းတွင် မနက်ပိုင်းကတည်းက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

စမ်းရိုးနှင့်စမ်းကန်ကျေးရွာများသည့် မကွေးလေတပ်စခန်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိ ကြောင်း သိရသည်။

ဒေသခံတဦးက “မနက်က လက်နက်ကြီးသံ ကျနော်ကြားတာတော့ ၅ ချက်၊ တခြားသူတွေပြောတာတော့ ၇ ချက်လို့ပြောတယ်၊ ထိခိုက်၊ ပျက်စီးတာတွေတော့ ဘာမှမသိရသေးဘူး။ ဒီဘက်တဝိုက်က ပစ်တယ်လို့ဆိုပြီး မနက်ထဲက ယာထဲသွား တဲ့သူတွေ၊ ယာပိုင်ရှင်တွေကိုစစ်မေးတာတွေရှိတယ်၊ ရွာထဲအိမ်တွေထဲ ဝင်ရှာဖွေတယ်၊စစ်ဆေးတယ်၊ အိမ်တိုင်း ကိုတော့ မဟုတ်ဘူး။ အခုထိတော့ ဖမ်းဆီးသွားမျိုးလည်း မတွေ့ရသေးဘူး၊ စစ်ဆေးတာတွေရှိနေတုန်းပဲ” ဟု ဧရာဝတီသို့ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကွေးမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်လျှက်ရှိနေပြီး မကွေး-မင်းဘူးတံတားအား မနက်ပိုင်းက ပိတ်ထားခဲ့ကြောင်းလည်း မကွေးမြို့ခံတဦးကပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ယင်းသို့ စစ်ဆေးစဉ်အတွင်း မကွေးတံတားထိပ်အဝိုင်းနားရှိ နေ့စဉ်ဆွမ်းလောင်းအသင်းမှ အာရုံဆွမ်းခံလိုက်သူ နှစ်ဦးမှာ အမှတ် ၁ ရဲစခန်းအနီးတွင် ပစ်ခတ်ခံရမှုကြောင့် တဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့မနက် အစောပိုင်းကလည်း မိတ္ထီလာလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရပြီး ထောက်/ပို့တပ်(၉၂၈)၊ လ.ဝ.က ရုံးနှင့် က.ည.န ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လေတပ်စခန်း(လေကြောင်းပြုပြင်ထိန်းသိမ်းရေး အရာရှိအိမ်ယာ)ပစ်ခတ်ခံရမှုမှာ မနက် ၃ နာရီနှင့် ၅ နာရီအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေတပ်စခန်းအနီကျရောက်ခဲ့ကြောင်း၊ မနက် ၆ နာရီခန့်တွင်လည်း ပေါက်ကွဲသံ ထပ်မံကြားရပြီး စစ်ရဟတ်ယာဉ်ဖြင့် အနိမ့်ပျံသန်းကာ ရှာဖွေစုံစမ်းမှုများပြုလုပ်နေသည်ကို တွေ့ရကြောင်းလည်း လေတပ်စခန်းအနီး နေထိုင်သူတဦးကပြောသည်။

မိတ္ထီလာမြို့ခံတဦးကလည်း မနက်ပိုင်းပစ်ခတ်မှုတွင် ပေါက်ကွဲသံ ၆ ချက်၊ ၇ ချက်ခန့်ကြားရကြောင်း ပြောကြားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေမကြားသိရသော်လည်း ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ပြောသည်။

You may also like these stories:

ဆန္ဒပြသူများကို သုတ်သင်ရန် ညွှန်ကြားထားကြောင်း တပ်တွင်းမှတ်တမ်းများက ပြသ

CDM ဝန်ထမ်းများ အလုပ်ခွင်ပြန်ဝင်က တရားစွဲထားမှု ရုပ်မည်ဟု စစ်ကောင်စီကြေညာ

အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် ကလေးသူငယ် မှုခင်းများကို ရခိုင်တွင် ရုတ်သိမ်းရန် ရှိ

Your Thoughts …
Tags: မကွေးမိတ္ထီလာရှော့တိုက်ဒုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

by နေ့သစ်
5 September 2024
7.9k

မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊ စစ်ကောင်စီအုပ်ချုပ်ရေးကို စိန်ခေါ်ဖို့ အဓိကကျတယ်။

ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

by ဧရာဝတီ
3 September 2024
5.8k

ရည်ရွယ်ချက်မှာ ပလောင် (တအန်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဦးဆောင်ဆင်နွှဲ နေ သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်း-မန်းစစ်ဆေးရေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှနေ၍ ကွပ်ကဲတိုက်ခိုက် နေခြင်းကြောင့် ရှမ်း-မန်းစစ်ဆေးရေးအတွက် ပူးပေါင်းပါဝင်၍ အထောက်အကူဖြစ်စေရန် လုပ်ခဲ့ခြင်းဟု သိရသည်။

ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ

ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ

by ဧရာဝတီ
15 April 2024
4.5k

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်နှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုတွင် ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

by ဧရာဝတီ
20 April 2024
4.2k

မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်အကွာတွင်ရှိသော တံတားဦးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်

by ဧရာဝတီ
29 August 2024
4.2k

တော်လှန်ရေးအင်အားစုများ မိတ္ထီလာမြို့အား ဝင်တိုက်မည်ဆိုသော စာတမ်းပါ စာရွက်များ ကပ်ခံရပြီး နောက် ကားများဖြင့် ကင်းပတ်ခြင်း၊ ကင်းပုန်းများချထားခြင်း၊ မြို့ဝင်မြို့ထွက်များ၌ အစစ်အဆေး ပိုပြီး ပြုလုပ်လာ သလို တမြို့လုံးနီးပါး၌ လုံခြုံရေး တင်းကျပ်မှုများလည်း ပြုလုပ်

နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား

နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား

by ဧရာဝတီ
14 March 2022
19.5k

ဗိုလ်ချုပ်မိုးမြင့်ထွန်းသည် စစ်ဆင်ရေး အုပ်ချုပ်ရေး လုပ်ငန်းများတွင် ထူးထူးချွန်ချွန် လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများမရှိ။

Next Post
မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved