• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြသူများကို သုတ်သင်ရန် ညွှန်ကြားထားကြောင်း တပ်တွင်းမှတ်တမ်းများက ပြသ

by ဧရာဝတီ
29 April 2021
in သတင်း
A A
မတ်လအတွင်း ရန်ကုန်ရှိ ဆန္ဒပြသူများအား ဖြိုခွဲနှိမ်နင်းရန် စစ်သားများအား ဖြန့်ချထားစဉ် / ဧရာဝတီ

မတ်လအတွင်း ရန်ကုန်ရှိ ဆန္ဒပြသူများအား ဖြိုခွဲနှိမ်နင်းရန် စစ်သားများအား ဖြန့်ချထားစဉ် / ဧရာဝတီ

132.4k
VIEWS
Share on FacebookShare on Twitter

ဆန္ဒပြသူများကို တွေ့ရာနေရာတွင် သုတ်သင်ရန် အောက်ခြေမှ တပ်များကို ညွှန်ကြားထားကြောင်း ပြီးခဲ့သည့်အပတ်အတွင်း ဧရာဝတီက သိရသည့် နေပြည်တော်မှ စစ်ဌာနချုပ်မှတ်တမ်းများက ပြသနေသောကြောင့် မြန်မာနိုင်ငံတွင် သွေးချောင်းစီးမှုများကို ထပ်မံတွေ့မြင်ရနိုင်သည်။

“ဆူပူဆန္ဒပြသူ (စစ်ကောင်စီ၏ လက်သုံးစကား) တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအဆင့်ကနေ လက်နက်ကိုင်ပဋိပက္ခကို ကူးပြောင်းသွားတဲ့အတွက် တွေ့ရင် ရှင်းပစ်ပါ” ဟု စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်တွင် ဖေါ်ပြထားသည်။

“အရာရှိအဆင့်အားလုံးသည် ယခုအမိန့်ကို တင်းကျပ်စွာ လိုက်နာရမည်” ဟုလည်း ထိုအမိန့်ကဆိုသည်။

ထိုအမိန့်သည် ရန်ကုန်မြောက်ပိုင်းမြို့ကြီးတမြို့ဖြစ်သော ပဲခူးတွင် လူ ၈၂ ယောက်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီးနောက် ထိုလုပ်ရပ်ကို ပြန်လည်အတည်ပြုပေးသော အမိန့်ဖြစ်ပုံရသည်။ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း စစ်သားများနှင့် ရဲများသည် ဆန္ဒပြသူများကို ကျည်အစစ်များဖြင့် ဒလစပ်ပစ်ခတ်ကာ သဲအိတ်အတားအဆီးများကို ခွင်းဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

နောက် နှစ်ရက်အကြာ ဧပြီလ ၁၄ ရက်နေ့တွင် ထိုအမိန့်ကို ဖြန့်ချိသည်။

“အဓိကရုဏ်းများသည် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူးတိုင်းများနှင့် မွန်ပြည်နယ်မှ မြို့နယ်တိုင်းရှိ မိမိတို့ထိန်းချုပ်ရာ ဒေသများသို့ ကူးစက်လာနိုင်သောကြောင့် အရေးပေါ်တပ်ဖွဲ့များအားလုံးကို လက်နက်အပြည့်အစုံနှင့် စနစ်တကျ တပ်ဆင်ထားရမည်” ဟု ထိုအမိန့်ကဆိုသည်။

ကိုယ့်နိုင်ငံသားများကို ကိုယ်ရက်စက်ကြမ်းကြုတ်နေသောကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီခေါင်းဆောင်များကို ပြည်တွင်းပြည်ပမှ အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချနေသည်။ စစ်ကောင်စီတပ်များသည် လူ ၇၅၀ ကျော်ကို သတ်ဖြတ်ခဲ့သောကြောင့် စစ်အာဏာသိမ်းခေါင်းဆောင်ကို “လူသတ်သမားဦးစီးချုပ်”ဟု ပြည်သူအများအပြားက အွန်လိုင်းတွင် ခေါ်ဝေါ်နေသည်။

ဆူပူဆန္ဒပြမှုဟု ၎င်းတို့ခေါ်သော ကိစ္စများကို တားဆီးရန်အတွက် ဆန္ဒပြသူများကို အင်အားသုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီကပြောသည်။ ဆန္ဒပြသူများက လက်လုပ်မီးလောင်ဗုံးများနှင့် လေသေနတ်များအသုံးပြုခြင်းသည် အကြမ်းဖက်မှုကိုလှုံ့ဆော်ဖြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုကြောင့် အချို့ဆန္ဒပြသူများသည် လက်လုပ်မီးလောင်ဗုံးများနှင့် အမဲလိုက် တူမီးသေနတ်များဖြင့် ခုခံကြသော်လည်း ဆန္ဒပြသူအများစုသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သည်။

အရပ်သားသေဆုံးမှုအများစုသည် ထိုသို့သုတ်သင်ရန် အမိန့်မထုတ်မီက ဖြစ်ပွားခဲ့သည်ဆိုသည့် အချက်သည် မှတ်သားစရာကောင်းသည်။ ပစ်သတ်ဖို့ အမိန့်ထုတ်ရန် လိုအပ်ကြောင်း စစ်ကောင်စီက မဆုံးဖြတ်မီကပင် သတ်ဖြတ်ထားခဲ့သော အရေအတွက် များပြားလှသည့် ကြားမှ ယခုအခါ စစ်ကောင်စီက လူသတ်ပွဲ ဆင်နွဲရန် အပျော်တမ်းလို လူသတ်နေသော တပ်ဖွဲ့များအား ခွင့်ပြုလိုက်သောကြောင့် လာမည့်ရက်များတွင် နောက်ထပ် ထပ်မံသတ်ဖြတ်မည်ဟု မျှော်လင့်ရသည်။

ဆန္ဒပြသူများကလည်း ဆန္ဒပြပွဲများကို ထပ်မံကျင်းပရန် ဆုံးဖြတ်ထားသောကြောင့် မြန်မာနိုင်ငံတွင်နောက်ထပ် အကြီးအကျယ်သွေးချောင်းစီးမည့် သဘောဖြစ်နေသည်။

ဖေဖေါ်ဝါရီလမှစတင်ပြီး စစ်ကောင်စီသည် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို နှိမ်နင်းရန်အတွက် ဝေးကွာသော ရှေ့တန်းစစ်မြေပြင်များမှ တိုက်ခိုက်ရေးတပ်မှူးများကို မြို့ကြီးများသို့ခေါ်ယူနေခဲ့ကြောင်းလည်း သိရသည်။

ဆန္ဒပြသူများနှင့် ခုခံရေးအင်အားစုများကို စစ်ကောင်စီက ဖိနှိပ်မှုအတွင်း ကျူးလွန်ခဲ့သည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် ပြည်ထဲရေး ဒုဝန်ကြီး ဒုဗ်ိုလ်ချုပ်ကြီး သန်းလှိုင်နှင့် သဘောထားတင်းမာသည့် တိုင်းမှူးများအပါအဝင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတွင် တာဝန်ရှိကြောင်း သိရသည်။ ထိုသူ နှစ်ဦးစလုံးသည် ဥရောပသမဂ္ဂနှင့်အမေရိကန် ပိတ်ဆို့အရေးယူမှု စာရင်းတွင် ပါဝင်သူများဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက် လက်နက်အင်အား အသာစီးဖြင့် ဖိနှိပ်သော်လည်း စစ်ကောင်စီသည် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိပေ။ အာဏာသိမ်းမှုသည် မအောင်မြင်သေးသလို တချိန်တည်းတွင် စစ်ကောင်စီသည် ၎င်းတို့၏တပ်များ ညီညွတ်အောင် အပြင်းအထန် ရုန်းကန်နေရသည်။

နက်ရှိုင်းလှသော စီးပွားရေးအကျိုးအမြတ်၊ နိုင်ငံရေးအာဏာလိုချင်သော လောဘနှင့် တလွဲဆံပင်ကောင်း မျိုးချစ်စိတ်ကြောင့် ထိပ်တန်းတပ်မှူးများသည် ၎င်းတို့၏ တပ်သားများနှင့် မိသားစုများကို ပုံမှန်ခြိမ်းခြောက်ဝါဒဖြန့်ကာ ဖရိုဖရဲမဖြစ်ရေးနှင့် အဖွဲ့အစည်းတည်မြဲရေးအတွက် စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေရကြောင်း ဧရာဝတီက သိရသည်။

“ပြည်တွင်းပြည်ပမီဒီယာများသည် မိမိတို့အစိုးရ၏ စီးပွားရေး၊ န်ိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် လူ့အခွင့်အရေး ပြဿနာများကို မဟုတ်မမှန် ဝေဖန်နေသည်”ဟု စစ်အရာရှိများနှင့် မိသားစုများ မတွေဝေရေး စစ်ကောင်စီက ၎င်း၏ တပ်မှူးများနှင့် မြေပြင်တပ်များသို့ ဧပြီလ ၁၆ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ထိုနောက် “တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့တပ်များနှင့် မိသားစုများ မီဒီယာသတင်းများကို နားမထောင်စေရန်နှင့် ထိုထုတ်လွှင့်မှုများသည် အလိမ်အညာများဖြစ်ကြောင်း အနည်းဆုံး တပတ်လျှင် နှစ်ကြိမ်ရှင်းပြရန်” ထိုသတိပေးချက်က ညွှန်ကြားသည်။

ထိုအမိန့်မထွက်မီကပင် အဆင့်မြင့်အရာရှိများက ၎င်းတို့၏ အလယ်အလတ်တန်းအရာရှိများအား မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်စာမျက်နှာဖြစ်သော ဖေ့ဘွတ်မသုံးရန် တားမြစ်ထားပြီး ဖြစ်သည်။ ရည်မှန်းချက်မှာ ထိုအရာရှိများ ပြင်ပလောကနှင့် မြန်မာနိုင်ငံတွင် နေ့စဉ်ဖြစ်ပျက်နေသည်များအား အဆက်ပြတ်စေရန်ဖြစ်သည်။ လက်တွေ့တွင် စစ်တပ်သည်သာ ၎င်းတို့အတွက် ကမ္ဘာဖြစ်နေသည်။

၎င်းတို့ “တပ်စခန်းများနှင့် ပတ်ဝန်းကျင်နေရာများသို့ ပြင်ပမှ လူစိမ်းများ လာရောက်ခွင့်မပေးရန်” အဆင်မြင့် စစ်ဌာနချုပ်များက တပ်ဖွဲ့အားလုံးကို ဧပြီလ ၁၇ ရက်နေ့တွင် ညွှန်ကြားသည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတော်က ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ စစ်တပ်သည်သာ “တခုတည်းသော တရားဝင်လက်နက်ကိုင်အဖွဲ့”ဖြစ်ပြီး “ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် လုပ်ရမည်” ဖြစ်ကြောင်း ဗဟိုစစ်ဌာနချုပ်က တိုင်းရင်းသားပြည်နယ်များရှိ တပ်များနှင့် ဒေသဆိုင်ရာ စစ်ဌာနချုပ်များကို ဧပြီလ ၁၂ ရက်နေ့တွင် “သဘောထား” ထုတ်ပြန်ခဲ့သည်။

စစ်တပ်သည် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ကြောင်းနှင့် စစ်တပ်၏အဓိက တာဝန်မှာ နိုင်ငံကို ကာကွယ်ရန်ဖြစ်ကြောင်းလည်း ထိုအမိန့်ကဆိုသည်။

အထက်ပါ အယူအဆများကို တပ်ဖွဲ့ဝင်အားလုံးသို့ ရှင်းပြရမည်ဖြစ်ကြောင်းလည်း ထိုအမိန့်က ညွှန်ကြားထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Troops Ordered to ‘Annihilate’ Protesters, Internal Memos Show ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ

KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း

ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား

ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်

Your Thoughts …
Tags: စစ်ဌာနချုပ်ဆန္ဒပြသူများတပ်တွင်းမှတ်တမ်းများဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနေပြည်တော်ပြည်ထဲရေး ဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်လူ့အခွင့်အရေး ချိုးဖောက်မှုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
ရှော့တိုက်ဒုံးများ ကျကွဲသည်ကို ကြည့်နေကြသည့် ဒေသခံများ

မကွေးနှင့် မိတ္ထီလာက လေတပ်စခန်းများ ပစ်ခတ်ခံရ

မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved