• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗန်းမော်ခရိုင်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ

by ဧရာဝတီ
14 May 2021
in သတင်း
A A
ရှေ့တန်း စစ်မြေပြင်တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ / Jinghpaw Movement

ရှေ့တန်း စစ်မြေပြင်တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ / Jinghpaw Movement

14.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မံစီနှင့် မိုးမောက်မြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ လုပ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်များနှင့် KIA သည် မံစီမြို့နယ်တွင် မေ ၁၂ ရက်မှစ၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး မိုးမောက်မြို့နယ်တွင် ဧပြီ ၁၁ ရက်မှစ၍ တိုက်ခိုက်မှုများ၊ စစ်ရေးတင်းမာမှုများ ရှိနေခြင်း ဖြစ်သည်။

KIA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူက “မဒမ်ယန် (မံစီ) မှာ မနက်က KIA ဘက်ကနေ တပ် စခန်းတွေကို ပြန်တိုက်တာပေါ့။ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပြန် တိုက်ပါတယ်။ နှစ်ခေါက်လောက် လာတိုက်တယ် လို့ ကြားရပါတယ်။ မိုးမောက်မှာလည်း ဒီအတိုင်းပါပဲ။ ဒီမနက်မှာ KIA က ဝင်တိုက်နေတယ်။ လေကြောင်းလည်း လာပါ တယ်” ဟု ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက ၎င်းအနေဖြင့် မံစီနှင့် မိုးမောက်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ကိုသာ အတည်ပြုပြောဆို နိုင်ပြီး လက်ရှိ မြေပြင်အခြေအနေ အသေးစိတ်ကို သိရှိခြင်း မရှိပါဟု ဆိုသည်။

ကချင်ပြည်နယ်တွင်း အခြားမြို့နယ်များ၌ တိုက်ခိုက်မှုများ မရှိဘဲ မံစီနှင့်မိုးမောက်တို့တွင်သာ စစ်တပ်နှင့် တိုက်ပွဲ ဖြစ် ပွားနေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

မံစီမြို့တွင် နေထိုင်သည့် ဦးလဂျာက “အသံတွေကတော့ ကြားရတယ်။ လက်နက်ကြီးပစ်သံတွေ တောက်လျှောက် ကြားနေရတာ။ မနက်မိုးလင်းတည်းကပဲ။ ၆ နာရီခွဲ ၇ နာရီလောက်တည်းက စပစ်ခတ်နေကြတာ။ လေယာဉ်တွေလည်း လာတယ်။ တိုက်ပွဲနေရာကို ဗုံးသွားကြဲတယ်။ ဒီမံစီက မပြောနဲ့ ပစ်သံက ဗန်းမော်က အမျိုးတွေတောင် ကြားရတယ်” ဟု ပြောသည်။

မံစီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် မံစီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးကာ မံစီ – နမ့်ခမ်း ကားလမ်းမ နံဘေးရှိ မဒမ်ယန် ကျေးရွာအနီးတွင် ဖြစ်သည်။

မဒမ်ယန်ကျေးရွာသည် ၂၀၁၃၊ ၂၀၁၇ အတွင်းက စစ်တပ်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေး တိမ်း ရှောင်ပြီး စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသဖြင့် ယင်းကျေးရွာတွင် စစ်ကောင်စီ၏ စစ်ဗျူဟာ ကွပ်ကဲ ရေးဌာနချုပ် စကခ (၂၁) လက်အောက်ခံတပ်များက တပ်စွဲထားသည်။

ထိုကဲ့သို့ တပ်စွဲထားခြင်းကြောင့် KIA စစ်သားများ သွားလာရေးနှင့် နယ်မြေစိုးမိုးရေးတွင် အခက်အခဲများ ရှိသည်ဟု ဆိုကာ မေ ၁၂ ရက်မှစ၍ KIA က စစ်တပ်ကို တိုက်ခိုက်ရာ ထိုနေရာတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ မြန်မာ – တရုတ် နယ်စပ်ရှိ အလော့ဘွမ် ဗျူဟာကုန်းကို စစ်တပ်က KIA လက်ထဲမှ ပြန်သိမ်းယူရန် ထိုးစစ်ဆင်နေသဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလော့ဘွမ်ဗျူဟာကုန်းသည် စစ်ရေးအရ အရေးပါပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းတလျှောက်ကို နယ်မြေစိုးမိုး နိုင်သည့် ဗျူဟာကုန်းဖြစ်သဖြင့် စစ်တပ်က KIA လက်ထဲမှ ပြန်သိမ်းယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

အလော့ဘွမ်ဗျူဟာကုန်းသည် ၁၉၈၇ ခုနှစ်တွင် KIA လက်ထဲမှ သိမ်းယူပြီးနောက် စစ်တပ်က ၂၀၂၁၊ မတ် ၂၅ ရက်အထိ စခန်းထိုင်ခဲ့သည့်နေရာ ဖြစ်သည်။

မတ် ၂၅ ရက်တွင် KIA နှင့် ၎င်း၏ မဟာမိတ် ရက္ခိုင်စစ်တပ် (AA) က အလော့ဘွမ်ဗျူဟာကုန်းကို သိမ်းယူလိုက်ပြီး အလော့ဘွမ် တောင်ကြောတဝိုက်တွင်လည်း တပ်ဖြန့်လှုပ်ရှားနေရာ စစ်တပ်က ထိုဗျူဟာကုန်းကို ပြန်ရရေးအတွက် မြေပြင်နှင့်ဝေဟင် နှစ်ခုလုံးမှ တိုက်ခိုက်နေရသည်မှာ ၂ လကျော်ပြီ ဖြစ်သည်။

You may also like these stories:

မံစီတွင် KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်နေ

အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ

Your Thoughts …
Tags: KIAဗန်းမော်မံစီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) နာယကအဖွဲ့ဝင် ဦးဝင်းထိန် / ဧရာဝတီ

ဦးဝင်းထိန်ကို လူကိုယ်တိုင် ရုံးထုတ်၊ ရှေ့နေနှင့် တွေ့ခွင့်ရ

သောကြာနေ့မနက်ပိုင်းက ဘန်ကောက်မြို့ရှိ အစိုးရရုံးတွင် ထိုင်းဝန်ကြီးချုပ်ပရာရွတ်နှင့် မစ္စ ခရစ္စတင်း ရှရန်နာ ဘာဂနာ

မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved