• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ

by ဧရာဝတီ
28 June 2021
in သတင်း
A A
၂၀၁၉ခု ဒီဇင်ဘာက တွေ့ရသည့် ကလေးမြို့  / ဧရာဝတီ

၂၀၁၉ခု ဒီဇင်ဘာက တွေ့ရသည့် ကလေးမြို့ / ဧရာဝတီ

15k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေရာ သေဆုံးသူအရေအတွက်မှာ ပျမ်းမျှအားဖြင့် တရက်လျှင် ၁၀ ယောက်နှုန်းခန့်အထိ ရှိနေကြောင်း ဒေသခံ ပရဟိတ အသင်းအဖွဲ့များထံမှ သိရသည်။

ဇွန်လ တတိယပတ် ၂၁ရက်မှ စတင်ကာ ကလေးမြို့နယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ မြင့်တက်လာပြီး အယောက် ၃၀ ကျော် အထိ သေဆုံးသည့်နေ့ပင် ရှိခဲ့ကြောင်း ကိုဗစ်ဆိုင်ရာကိစ္စများ ကူညီပေးနေသည့် ပရဟိတသမားတဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
440
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
275
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k

“မနိုင်ပါဘူး။ လုံးဝ ကို မထိန်းချုပ်နိုင်ဘူး။ ဟိုတရက်က ဆိုရင် ၃၂ ယောက် သေဆုံးမှုမှာ Positive ၂၆ ယောက်လောက် ရှိမယ်။ ကျန်တဲ့လူတွေက ကိုဗစ် သံသယ လူနာအနေနဲ့ သေတာပေါ့။ မသေတဲ့နေ့ မရှိဘူး။ အခြေအနေက တော်တော် ဆိုးတယ်။ ဖုံးလို့ မရပါဘူး တမြို့နယ်လုံး သိတယ်။ လူတိုင်း လန့်ကုန်ပြီ” ဟု ၎င်းက ဆိုသည်။

ကလေးမြို့တွင် အိတ်စွပ် ကိုဗစ်စင်တာနှင့် ပြည်သူ့ဆေးရုံကြီးတွင် ရှိနေသည့် ကိုဗစ်လူနာများအပြင် ရပ်ရွာထဲတွင် ကိုယ်ထူကိုယ်ထ ကိုဗစ်စစ်ဆေးပြီး ပိုးတွေ့ရှိသည့် လူနာ အမြောက်အများရှိနေကာ အိမ်တွင်သာ ကုသမှု အခြေအနေ များတွင် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ရောဂါ ခံစားရသည့် လူနာ များပြားလာသည့်အတွက် အောက်ဆီဂျင်ပြတ်လပ်မှု ရှိနေကြောင်း သိရသည်။

ဒေသခံ ပရဟိတ သမား တဦးက “စင်တာ မဟုတ်ဘဲနဲ့ အပြင်မှာ ကိုယ့်ဘာသာ စစ်။ Positive ဖြစ် ကိုယ့်ဘာသာကုပေါ့။ သူတို့က ဆရာဝန်တွေနဲ့ ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကုသတာမှာလည်း အောက်ဆီဂျင် ပြတ်လပ်မှုက ပြဿနာ ရှိနေ တယ်” ဟု ပြောသည်။

ကလေးမြို့ရှိ ကိုဗစ်လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို မုံရွာနှင် မန္တလေး မြို့မှ အောက်ဆီဂျင်စက်ရုံများသို့ ဗူးခွံများပေးပို့ ထပ်မံဖြည့်တင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ထို့ပြင် ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ဝယ်ယူထား သည့် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်၊ ကလေးမြို့ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ရောက်ရှိလာသော်လည်း အောက်ဆီဂျင် မလောက်ငှသည့် အခြေအနေကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပရဟိတ အဖွဲ့များထံက သိရသည်။

အောက်ဆီဂျင်ပြတ်လပ်မှု အပြင် ကလေးမြို့နယ်တွင် ကိုဗစ်ကုသရေးအတွက် ဆရာဝန်၊ သူနာပြု မရှိတော့သည့် အခက်အခဲကိုပါ ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

အိတ်စွပ်စင်တာ တာဝန်ခံက “ကျန်းမာရေးဘက်ကလည်း လူအင်အား မရှိဘူး။ ကုသရေးမှာ တော်တော်လေး အခက်အခဲ တွေ့နေတယ်။ ကျန်းမာရေးက လုပ်ပေးတာက ထောက်ပံ့ရေးပစ္စည်းတွေ သုံးဖို့ ပေးတယ်။ သူနာပြု ၂ ယောက်ပေါ့။ အဲဒီ ၂ ယောက်က ဖုန်းနဲ့ တိုင်ပင်ပြီးတော့ လုပ်တာတွေ ရှိတယ်။ ဆေးဝါးကျွမ်းကျင်တဲ့ ပညာရှင်အင်အားကတော့ တော်တော် လေး လိုနေတယ်” ဟု ပြောသည်။

ကိုဗစ်လူနာများ ကုသပေးနေသည့် အိတ်စွပ် ကိုဗစ်စင်တာတွင် လူနာ ၂၀၀ ကျော်အား သူနာပြု ၂ ဦးနှင့် စေတနာ့ဝန်ထမ်း ၈ ဦး ခန့်က ကုသမှု ပေးနေသကဲ့သို့ ပြည်သူ့ဆေးရုံတွင်လည်း ဆရာဝန် ၁ ဦး၊ သူနာပြု ၄ ဦးတို့ဖြင်သာ ကုသမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုအခြေအနေကို သိရှိနိုင်ရန် ကလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော် လည်း ဆက်သွယ်၍ မရပါ။

စစ်ကောင်စီ အာဏာသိမ်းယူသည့် ဖေဖော်ဝါရီလမှ စတင်ကာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ကျန်းမာရေး ဝန်ထမ်းများက ပါဝင်နေခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်တွင် အလုပ် မလုပ်လိုကြောင်း ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်သည်။ CDM တွင် ပါဝင်နေသည့် ဆရာဝန်နှင့် သူနာပြုများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိနေသလို ဆေးကုသခွင့် လက်မှတ် ပြန်သိမ်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

သို့သော် ကျန်းမာရေး ဝန်ထမ်းများ၏ ၆၀ ရာခိုင်နှုန်းသည် စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုထားသည်။

ကလေးမြို့တွင် ကိုဗစ်ပိုး တွေ့ရှိသူနှင့် ကိုဗစ်ရောဂါ လက္ခဏာများဖြင့် သေဆုံးခဲ့သူ ၃၀၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း ကလေးမြို့ကိုဗစ်ထိန်းချုပ်၊ ကုသရေးတွင် ပါဝင်နေသည့် အဖွဲ့များထံက သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်သည် ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး ဒုတိယအမြင့်ဆုံးမှာ တမူးမြို့နယ်ဖြစ်ကာ တတိယ ကူးစက်မှု အမြင့်ဆုံးမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဖြစ်ပြီး၊ စတုတ္ထကူးစက်မှု အမြင့်ဆုံးမှာ ချင်းပြည်နယ် ဖလမ်း မြို့နယ်နှင့် ပဉ္စမကူးစက်မှု အမြင့်ဆုံးမှာ တီးတိန်မြို့နယ် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အချက်အ လက်များအရ သိရသည်။

ကိုဗစ်ဖြစ်ပွားမှု အများဆုံး ကလေးမြို့နှင့် ဒုတိယအများဆုံး တမူးမြို့တို့ကြောင့် စစ်ကိုင်းတိုင်းသည် တနိုင်ငံလုံးတွင် ကိုဗစ် အများဆုံး ဖြစ်နေပြီး ဒုတိယအဖြစ်များဆုံးမှာ ရန်ကုန်တိုင်းနှင့် တတိယအဖြစ်အများဆုံးမှာ ပဲခူး၊ စတုတ္ထအဖြစ်များ ဆုံးမှာ ချင်းပြည်နယ်နှင့် ပဉ္စမအဖြစ် အများဆုံးမှာ မန္တလေးတိုင်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ယမန်နေ့ (ဇွန် ၂၇) ရက်နေ့ တရက်တည်းတွင် ပိုးတွေ့သူ ၈၀၄ ဦး အထိ ရှိလာပြီး ပိုးတွေ့ရှိမှုများ ဆက်တိုက် မြင့်တက်နေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး ၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်နှင့် ပဲခူးတိုင်းရှိ လက်ပံ တန်း၊ ဖြူးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ လာရှိုးနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင်မြို့နယ် တို့ကို Stay at Home မြို့နယ်များ အဖြစ် စစ်ကောင်စီက ကြေညာထားသည်။

ကူးစက်မြန် ကိုဗစ်ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ကြေညာထားသည်။

၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၂၇ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၇၁၁,၅၈၄ ဦး အနက်မှ အတည်ပြုလူနာ ၁၅၃,၁၆၀ ဦးရှိပြီး သေဆုံးသူ ၃,၂၉၇ ဦးနှင့် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၃၅,၄၁၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်တွေတွင် ကိုဗစ်ရောဂါကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ

ရန်ကုန်တိုင်း ကိုဗစ်ကူးစက်မှု ၂ ပတ်အတွင်း ၆၀၀ ကျော်ရှိလာ

ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်

Your Thoughts …
Tags: ကလေးမြို့ကိုဗစ်လူနာသေဆုံးမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို  စွန့်ခွာလာ

စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို စွန့်ခွာလာ

by ဧရာဝတီ
14 March 2024
2.3k

စစ်ရေးအရှိန် တိုးမြှင့်၍ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပြီးနောက် မြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများကပါ နေ့စဉ် နေရပ်စွန့်ခွာလာ

ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်

ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်

by ဧရာဝတီ
25 August 2023
1.3k

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် လမ်းကြောင်းများ ပြတ်တောက်ကာ ကလေးမြို့ပေါ်၌ စက်သုံးဆီနှင့် ကုန်ပစ္စည်းပြတ်လပ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

by ဧရာဝတီ
9 September 2024
761

တိုင်းနှင့်ပြည်နယ်တို့၌ ယခုလ ဆန်းပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် ကလေးငယ် ၁၁ ဦးနှင့် ကိုယ်ဝန် ဆောင်များအပါအဝင် အရပ်သားပြည်သူ ၄၀ ကျော်ထိ သေဆုံးခဲ့ရ

ကလေးမြို့စစ်ရှောင်များ ရေရှားပါးမှုနှင့် အပူဒဏ် ခံစားနေရ

ကလေးမြို့စစ်ရှောင်များ ရေရှားပါးမှုနှင့် အပူဒဏ် ခံစားနေရ

by ဧရာဝတီ
19 April 2024
371

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ရှောင်များ နေ့အပူချိန် မြင့်တက်နေသဖြင့် အပူရှပ်ဝေဒနာများ ခံစားနေကြရသလို သောက်သုံးရေရှားပါးမှုလည်း ကြုံနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

စစ်ရှောင်စခန်းကိုပဲ တိတိကျကျပစ်သွားတာ (ရုပ်/သံ)

စစ်ရှောင်စခန်းကိုပဲ တိတိကျကျပစ်သွားတာ (ရုပ်/သံ)

by ဧရာဝတီ
2 February 2025
235

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ကုက္ကိုလ်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၈ ဦး သေဆုံးပြီး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံတွေက အတည်ပြု ပါတယ်။

Next Post
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ  / ဧရာဝတီ

ဒိုက်ဦးက ဒေသခံ ၆ ဦး အာဏာသိမ်းတပ်၏ ဖမ်းဆီးခြင်းခံရ

ကမာရွတ်မီဒီယာ အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်  / ဧရာဝတီ

ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate