• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျကာတာ ဘုံသဘောတူညီချက် မြန်မာ တာဝန်ခံစေရေး ASEAN ကို အမေရိကန် တိုက်တွန်း

by ဧရာဝတီ
16 July 2021
in သတင်း
A A
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဂျွန် 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဂျွန် 

40.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းရေးတို့အတွက် မြန်မာကို ဖိအားပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျွန် ဘလင်ကန်က ဗုဒ္ဓဟူးနေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဗီဒီယိုဖြင့် တွေ့ဆုံရာတွင် တိုက်တွန်းလိုက်သည်။

ထိုအစည်းအဝေးတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်လည်း ပါဝင်သည်။

အကြမ်းဖက်မှု ရပ်စဲရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ထိန်းသိမ်းရေးနှင့် မတရားဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရေး အတွက် ပူးတွဲအရေးယူဆောင်ရွက်ရန် ဘလင်ကန်က ASEAN ကိုတောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က ကြေညာချက်တစောင်တွင်ပြောသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖေဖေါ်ဝါရီလက ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆန့်ကျင်ကြသည်။

ဖေဖော်ဝါရီ ၂၇ ရက် လမ်းဘေးရပ်ကြည့်သူများအား ရဲက ဖမ်းဆီးနေစဉ်/ ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းအဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးထားသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
122
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
33

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
53

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံကို အဂတိလိုက်စားမှုစွဲချက်သစ် လေးခုဖြင့် ယခုအပတ်အတွင်း ထပ်မံစွဲချက်တင်သည်။

ASEAN ခေါင်းဆောင်များနှင့် မြန်မာစစ်ခေါင်းဆောင်တို့ ဧပြီလက သဘောတူထားသည့် ဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီက တာဝန်ခံစေရေး ချက်ခြင်းလုပ်ဆောင်ရန် ဘလင်ကန်က ASEAN ကိုတိုက်တွန်းသည်ဟု အေပီသတင်းဌာနက ဖေါ်ပြသည်။

အချက် ၅ ချက်ပါ ထိုဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်နှင့် ASEAN အထူးသံတမန်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဆွေးနွေးရန်တို့ ပါဝင်သည်။ သို့သော် ASEAN သည် ထိုအထူးသံတမန်ကို မခန့်အပ်နိုင်သေးဘဲ မည်သူ အထူးသံတမန် ဖြစ်သင့်သည်နှင့်ပတ်သက်ပြီး အငြင်းပွားနေသည်။

ASEAN သည် ၎င်း၏ လမ်းညွန်မူဝါဒများဖြစ်သည့် ကြားဝင်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ဆိုသည့် မူများအကြား ပိတ်မိနေသောကြောင့် မြန်မာအကျပ်အတည်းကို ASEAN က တရားမျှတစွာ ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ခြင်းသည် လွန်စွာ ကြီးမားသည့် အမှားဖြစ်ကြောင်း ASEAN ကို ဝေဖန်သူများပြောသည်။

အစည်းအဝေးတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်လည်း ပါဝင်သည်။

တချိန်တည်းတွင် စစ်ကောင်စီ ထိန်းချုပ်သတင်းစာ ဂလိုဘယ်နယူးလိုက်ဖ်အော့မြန်မာက မျက်နှာဖုံးတွင် အမေရိကန်- ASEAN အစည်းအဝေးသို့ ဦးဝဏ္ဏမောင်လွင် တက်ရောက်သည့် သတင်းကို “ အမေရိကန်- ASEAN အထူး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်” ဟူသည့်ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်။

“အစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ASEAN ၏ အားထုတ်မှုများကို ထောက်ခံသောကြောင့် အမေရိကန်နိုင်ငံကို ကျေးဇူးတင်ကြောင်းပြောပြီး ASEAN ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုအစီအစဉ်များနှင့် ASEAN ပေါင်းစည်းရေး အစီအစဉ် (IAI) ကို ဆက်လက်ထောက်ခံရန် အမေရိကန်နိုင်ငံကို တိုက်တွန်းသည်” ဟု ထိုသတင်းက ရေးလိုက်သေးသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US Urges ASEAN to Hold Myanmar ‘Accountable’ to Jakarta Consensus ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး စစ်ခေါင်းဆောင်၏ မုသားများ

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

စစ်အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေး မုချ အောင်ရမည်

စစ်ကောင်စီကို ထောက်ခံသော သီတဂူဆရာတော် ဝေဖန်ခံနေရ

Your Thoughts …
Tags: Aseanဂျကာတာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဘုံသဘောတူညီချက်ဝဏ္ဏမောင်လွင်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သရုပ်ဆောင် အောင်လေး  / Aung Lay's Facebook

ကိုဗစ်ကာလမှာ ကြက်ပေါင်းနဲ့ ဆိတ်စွပ် ကိုယ်တိုင် ချက်ရောင်းတဲ့ အောင်လေး

မတ် ၂၇ ရက်နေ့က ထားဝယ်မြို့ အ.ထ.က(၃) ကျောင်းအနီး လုံခြုံရေးတပ်များ ပစ်ခတ်သဖြင့် သေဆုံးသူ မောင်ကျော်မင်းလတ်  / CJ

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ၏ မိသားစုအား အမှုပိတ်သိမ်းရန် ဖိအားပေးမှုများရှိနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved