• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို

by ဧရာဝတီ
31 July 2021
in သတင်း
A A
ရန်ကုန် တောင်ဥက္ကလာ စက်မှုဇုန်အတွင်း အောက်စီဂျင်တန်းစီနေသူများ  / ဧရာဝတီ

ရန်ကုန် တောင်ဥက္ကလာ စက်မှုဇုန်အတွင်း အောက်စီဂျင်တန်းစီနေသူများ / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

လာမည့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ ထက်ဝက်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သွား နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုရိုနာဗိုင်းရပ်စ်တို့အကြား ရုန်းကန်နေရသော မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး စဉ်ဆက်မပြတ်ရရှိရေးကို ထိုနေ့တွင်ပင် မြန်မာသံအမတ်က ကုလသမဂ္ဂကို တောင်းဆိုသည်။

ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖေဖေါ်ဝါရီလတွင် ဖြုတ်ချလိုက်ပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများနှင့် စစ်အုပ်စုနှင့်လက်နက်ကိုင်များအကြား ပဋိပက္ခများ ဖြစ်နေသည်။

လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ရာပေါင်းများစွာကို သတ်ဖြတ်မှုများအတွက် အမေရိကန်နှင့် ဗြိတိန်တို့က မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ စစ်ကောင်စီသည် ငြိမ်ဝပ်ပိပြားမှုကိုသာ ဦးစားပေးပြီး ကူးစက်ကပ်ရောဂါကို အလေးမထားပေ။ ဇွန်လမှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေသည်။

“စစ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြိုလဲလုနီးနီးဖြစ်နေပြီး ကျန်းမာရေးလုပ်သားတွေဟာ တိုက်ခိုက်ဖမ်းဆီးခံနေရတယ်။ ကိုရိုနာဗိုင်းရပ်စ်က ပြည်သူတွေအကြားမှာ အရမ်းကို မြန်မြန်ဆန်ဆန် ကူးစက်နေတယ်။ တချို့ခန့်မှန်းချက်တွေ အရဆိုရင် နောက်လာမယ့် နှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ ထက်ဝက်ကို ရောဂါပိုးကူးစပ်နိုင်တယ်” ဟု ဗြိတိန် သံအမတ် ဘာဘရာ ဝုဒ်ဝပ်ကပြောသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ကိုယ်စားပြုသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံသည် နိုင်ငံတကာအကူအညီ ဆိုးဆိုးရွားရွား လိုအပ်နေကြောင်းပြောသည်။ လူသားချင်းစာနာမှုအကူအညီ၊ ကာကွယ်ဆေး အစီအစဉ်နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ အနီးကပ်စောင့်ကြည့်မှုတို့ မရှိမဖြစ် လိုအပ်နေကြောင်း သူပြောသည်။

” ထိရောက်တဲ့ကာကွယ်ဆေးအစီအစဉ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ချောချောမွေ့မွေ့ရောက်ရှိဖို့အတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ ယန္တရားတခု အရေးပေါ်ထူထောင်ဖို့ ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီကို ကျနော်တို့ တောင်းဆိုချင်ပါတယ်” ဟု သူပြောသည်။

ယင်းသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောဆိုချက်များသည် အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်နိုင်တီး ရောဂါပိုးပျံ့နှံ့နေမှုကို ထိန်းချုပ်ရန် နိုင်ငံတကာအကူအညီများကို ရှာဖွေမည်ဟု ပြောဆိုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်က အာဆီယံအဖွဲ့က မတည်ထားသော ကိုဗစ်နိုင်တင်းရန်ပုံငွေမှ ငွေကြေးထောက်ပံ့မှုကို မြန်မာက မျှော်လင့်ကြောင်း ပြောပြီး အာဆီယံနှင့် “မိတ်ဆွေနိုင်ငံများ”နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသာ ပြောသည်။ အသေးစိတ်ရှင်းလင်းခြင်း မရှိပါ။

လတ်တလော အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရေး တင်ပြချက်များ ရှိသော်လည်း အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခန့်အပ်ရေးတွင် မတင်မကျဖြစ်နေသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

အာဏာသိမ်း စစ်ကောင်စီက လတ်တလော ရောက်လာသော တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော်ကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဦးစားပေးအဆင့်လိုက် ထိုးပေးရန် စီစဉ်နေသည်။

You may also like these stories:

စစ်ကောင်စီက တရုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော် ထိုးပေးရန် စီစဉ်

ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ

မြန်မာ စစ်ကောင်စီကို ဖိအားပေးရန် လုံခြုံရေးကောင်စီကို အမေရိကန် တိုက်တွန်း

ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်

Your Thoughts …
Tags: COVID-19ကိုဗစ်နိုင်တင်းကုလသမဂ္ဂ လုံခြုံရေးကောင်စီနိုင်ငံတကာအကူအညီပဋိပက္ခမြန်မာလိုအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

by ဧရာဝတီ
20 July 2023
6.5k

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကားများဖြင့် ဝင်ရောက်ရန် ကြိုးစားသည့်အတွက် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။

တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ဆိုးရွားစွာ ထိခိုက်နစ်နာဖူးသည်

တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ဆိုးရွားစွာ ထိခိုက်နစ်နာဖူးသည်

by သက်ထားမောင်
19 July 2024
6.2k

သို့သော်လည်း တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာပြည် ထိခိုက်မှုရှိသည့် အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာကွာခြားသည်ကို အောက်ပါအတိုင်း တွေ့ရပေလိမ့်မည်။

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

ကမ္ဘောဒီးယား နဲ့ ပဋိပက္ခကြောင့် ထိုင်း ဘတ်ငွေ တန်ဖိုး ကျဆင်းလို့ ဆို

by ဧရာဝတီ
26 July 2025
5.9k

ထိုင်း စတော့ အိတ်ချိန်း ရဲ့ ညွှန်းကိန်းဟာလည်း ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

Next Post
ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည် / ဧရာဝတီ

အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ

KIA ထိန်းချုပ်နယ်မြေ အတွင်း ကိုဗစ် ကာကွယ်ရေး လှုပ်ရှားမှု  / Kachin Net

ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved