• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
19 August 2021
in သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံလည်း ဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သူ ဦးဝင်းမြင့်ဟာ အခုဆို မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတ ဖြစ်လာပါပြီ  / ထက်နိုင်ဇော်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံလည်း ဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သူ ဦးဝင်းမြင့်ဟာ အခုဆို မြန်မာနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတ ဖြစ်လာပါပြီ / ထက်နိုင်ဇော်

34.5k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းကြည်နှင့် သမ္မတ အပါအဝင် ပြည်ထောင်စု ဝန်ကြီးများအား မြေကွက်များ ဖော်ဆောင်ကာ စည်ပင် သတ်မှတ်ဈေးဖြင့် ချထားပေးမှုတွင် နိုင်ငံတော်နစ်နာ ဟုဆိုကာ NLD အစိုးရလက်ထက် နေပြည်တော်စည်ပင် အရာ ရှိအချို့အား အဂတိမှုဖြင့် ယမန်နေ့ အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ ကြေညာလိုက်သည်။

နေပြည်တော်ရှိ အထူး မြေကွက် ၁၆ ကွက် ချထားပေးမှုအပြင် ဒက္ခိဏသီရိမြို့နယ်ရှိ စီးပွားရေးဇုန် မြေကွက်များ ချ ထားပေးရာတွင်လည်း နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ရှိသည်ဟုဆိုကာ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ စည်ပင်ကော်မတီဝင် ဦးမင်းသူနှင့် ဒေါ်စံပယ်အောင်တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“သူတို့ စီမံခန့်ခွဲရတဲ့ အလုပ်က ဘယ်ပါတီ အစိုးရ တက်တက် ဒီတာဝန်တွေကို ထမ်းဆောင်တဲ့သူတိုင်းက ဒီဥပဒေနဲ့ စွဲမယ်ဆို စွဲလို့ရတဲ့ အခြေခံ အကြောင်းအချက်တွေ အများကြီးပဲ။ ဒါက ရည်ရွယ်ချက်ရှိရှိ သိက္ခာချဖို့ အပုပ်ချမှု၊ နိုင်ငံ ရေးအရ တိုက်ခိုက်မှုတခုလို့ သုံးသပ်ရမှာပါ” ဟု ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက ပြောသည်။

ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက် (Ocean စင်တာအနီး) အထူးမြေကွက် ၁၆ ကွက် ချထားပေးရာတွင် နိုင်ငံ တော်မှ ကျပ် ၁၉၃၃ သန်းကျော် ဆုံးရှုံးခဲ့ကြောင်းနှင့် စည်ပင်က မြေညှိပေးခြင်းကြောင့် ကျပ် ၁၄၈ သန်းကျော် ဆုံးရှုံး ခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

နိုင်ငံတော်မှ အစဉ်အလာအနေဖြင့် နိုင်ငံရေး ရာထူးတာဝန် ထမ်းဆောင်ခဲ့သူများအား မြေကွက်များ ချထားပေးမှုမှာ ယခင်စစ်အစိုးရ လက်ထက်ကပင် ရှိခဲ့ကြောင်းနှင့် ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ညွှန် ကြားရေးမှူးချုပ်များအထိ မြေကွက်များ ချထားပေးခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့် က ဧရာဝတီသို့ ပြောထားဖူးသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ် မြေနေရာသည်ပင်လျှင် အစိုးရ သတ်မှတ်ဈေးဖြင့်သာ ဝယ်ယူထားခြင်း ဖြစ် သည်။

“တမင်ကို ရည်ရွယ်ချက်ရှိရှိ အာဂတ အငြှိးတွေနဲ့ သက်သက်မဲ့ လိုက်လုပ်နေတာ၊ သိက္ခာကျအောင်ပေါ့။ အရင်လူတွေ လဲ ဒီလိုပဲ ယူကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်တုန်းက ဒါမျိုး အရေးယူတာ မလုပ်ခဲ့ဘူး၊ သူတို့အကျိုးစီးပွားကို မထိခိုက်ခဲ့ဘူး၊ အခု လိုသာ အရေးယူရင် အရင် အစိုးရတုန်းကလူတွေ တယောက်မှတောင် မလွတ်ဘူး” ဟု နေပြည်တော်တွင် နေထိုင်သူ တဦးက ပြောသည်။

နေပြည်တော်တွင် တဧက သိန်း ၅၀ နှုန်းဖြင့် အဖွဲ့အစည်းများအား စည်ပင်က မြေကွက်များ ချထားပေးခဲ့ရာတွင် ကြံ့ ခိုင်ရေး ပါတီနှင့် စစ်မှုထမ်းဟောင်းရုံး အပါအဝင် ဖြစ်သော်လည်း အာဏာသိမ်း စစ်ကောင်စီက လျစ်လျူရှုကာ တစုံ တရာ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ NLD ပါတီအပေါ် ပစ်မှတ်ထား အရေးယူသည့်အနေဖြင့် နေပြည်တော်ရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောင်တော စီမံကိန်းကို နိုင်ငံတော်သို့ ထိုက်သင့်သည့် မြေတန်ဖိုး မပေး ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စည်ပင်အရာရှိများအား အဂတိမှုဖြင့်ပင် တရားစွဲထားသေးသည်။

ယင်းပြင် NLD အစိုးရလက်ထက် ဒက္ခိဏသီရိမြို့နယ်ရှိ စီးပွားရေးဇုန်မြေကွက် ၄၄ ကွက် (စုစုပေါင်းဧရိယာ ၇၄.၇၆ ဧက) အား တကွက်လျှင် သိန်း ၅၀၀ နှုန်းဖြင့် ချထားပေးခဲ့သည့် အတွက်လည်း နိုင်ငံတော်က ကျပ် ၁၄၉၅၂ သန်းခန့် ဆုံးရှုံးခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသေးသည်။

စစ်ကောင်စီ၏ စွပ်စွဲချက်များတွင် ဒေါက်တာ မျိုးအောင် တဦးတည်း အနေဖြင့်လည်း စီးပွားရေးဇုန် မြေကွက် ချထား ပေးမှုနှင့် ဆက်စပ်ပြီး လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်ခဲ့ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့ အငှားအိမ်ရာ လုပ်ကိုင်ခွင့်ရသူထံ ကျပ်သိန်း ၁၁၀ ရယူကာ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦးအား ထောက်ပံ့ခဲ့ ကြောင်းလည်း စွပ်စွဲထားသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခင်အစိုးရ ခေါင်းဆောင်များနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် အားလုံးနီးပါး အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၅၀၅ (ခ) အပါအဝင် ပုဒ်မများစွာ တပ်ကာ တရားစွဲ ဖမ်းဆီးချုပ်နှောင်ထားပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့်လည်း ဆက်တိုက်ပင် အမှုများ ဖွင့်လျက် ရှိသည်။

ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အစိုးရ၏ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များ သည် ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် သုံးစွဲထားသော ငွေများနှင့် ပတ်သက်၍ ှ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် အနေဖြင့် တရားစွဲဆိုခြင်း မရှိဘဲ ပြေလည်အောင်ညှိနှိုင်းပြီးမှသာ တောင်းခံခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ဒေသဖွံ့ဖြိုး ခေါင်းစဉ်ဖြင့် သုံးစွဲသူများအနက် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင်နှင့် မကွေးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေတို့မှာ အများဆုံးဖြစ်ပြီး အသာတကြည် ပြန်အပ်စေသော နည်းကိုသာ NLD အစိုးရက ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးအရ ညဉ်းဆဲခြင်းကို လုပ်ကိုင်ခဲ့ခြင်း မရှိပေ။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခံရ

ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် ထပ်မံတရားစွဲ

ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်တို့ကို အဂတိမှုဖြင့် အမှုထပ်ဖွင့်

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို အဂတိ လိုက်စားမှုဖြင့် ထပ်မံ စွပ်စွဲခံရ

ရိက္ခာနှင့်ဆေးဝါး အကူအညီတောင်းသည့် ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ခံရ

ဧရာဝတီတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အရှုပ်တော်ပုံ ဘယ်လို အဆုံးသတ်မှာလဲ

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကြွေးကျန် ကျပ်သန်း ၃ ထောင်ကျော် ကျန်နေသေး

Your Thoughts …
Tags: စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်သမ္မတအဂတိမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သြဂုတ် ၁၈ ရက်ညပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်း၌ လူငယ်များကို ရှာဖွေ ဖမ်းဆီးနေစဉ်  / CJ

ရန်ကုန်တွင် စစ်ကောင်စီက ညအချိန် ဖမ်းဆီးမှုများလုပ် ရပ်ကွက်မှ ပစ္စည်းတချို့ ယူဆောင်သွား

ကယားပြည်နယ် အတွင်း အာဏာသိမ်း စစ်တပ်လှုပ်ရှားမှု  / FBR

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved