• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကို ကွာရန်တင်း မဝင်ရဘဲ လာခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

by ဧရာဝတီ
12 October 2021
in သတင်း
A A
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ  / Prayut Chan-o-cha / Facebook

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ / Prayut Chan-o-cha / Facebook

5.3k
VIEWS
Share on FacebookShare on Twitter

ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှု အန္တရာယ် အနည်းဆုံးနိုင်ငံ ၁၀ နိုင်ငံမှ ကာကွယ်ဆေး ထိုးပြီးသူများအား ကွာရန်တင်း ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လည်ပတ်ခွင့် ပြုမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြော သည်။

အောက်တိုဘာလ ၁၁ ရက်ညက ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ကျဆင်းနေသည့် နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် အစိုးရ၏ အဓိက အားထုတ်မှုတခုအနေဖြင့် လာမည့် နိုဝင်ဘာ ၁ ရက်မှစ၍ အန္တရာယ်အနည်းဆုံးနိုင်ငံများမှ ကာကွယ်ဆေးထိုးထားပြီးသူများကို ကွာရန်တင်း ဝင်စရာမလိုဘဲ ထိုင်း နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ လာရောက်မည့်သူများသည် ၎င်းတို့နိုင်ငံမှ ထွက်ခွာမလာမီ (RT-PCR) နည်းဖြင့် ကိုဗစ်ကူးစက်မှု ကင်းရှ င်းကြောင်း စစ်ဆေးထားသည့် ထောက်ခံစာ ပြသနိုင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါကလည်း ကိုဗစ်ရှိမရှိ ထပ်မံစစ်ဆေးခံရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

နိုင်ငံသို့ လာရောက်ခွင့်ပြုမည့် အန္တရာယ် အနည်းဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် စင်္ကာပူ၊ ဂျာမနီ ၊ တရုတ်နှင့် အမေရိ ကန်တို့ကဲ့ သို့နိုင်ငံများ ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ဝန်ကြီးချုပ်ပရာယွတ်က နိုင်ငံအချို့အား ဒီဇင်ဘာ ၁ ရက်တွင် ရောဂါကူးစက်မှု အန္တရာယ်အနည်းဆုံး နိုင်ငံများ စာ ရင်း၌ ထပ်မံ ထည့်သွင်းသွားရန် စီစဉ်ထားပြီး အဆိုပါ စာရင်းတွင် မပါသည့် နိုင်ငံများမှ လာရောက်မည့်သူများသည် မဖြစ်မနေ ကွာရန်တင်းဝင် ရမည်ဖြစ်ကြောင်း ဆိုသည်။

ဝန်ကြီးချုပ်က “စားသောက်ဆိုင်တွေမှာ အရက်ယမကာ ရောင်းချခြင်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်ခွင့်ကို ခွင့်ပြု ပေးဖို့ ကျနော်တို့ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး စဉ်းစားသွားမှာပါ။ ဒီဆုံးဖြတ်ချက်က အန္တရာယ်အချို့ ရှိလာနိုင် တယ်ဆိုတာ ကျနော်သိပါတယ်။ ဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတဲ့အခါ ကျနော်တို့ဟာ ဆိုးရွားတဲ့ကိစ္စတွေမှာ ယာယီ မြင့်တက်လာတာကို မြင်ရလိမ့်မယ်ဆိုတာ သေချာပါတယ်” ဟု ပြောသည်။

ကမ္ဘာ့နိုင်ငံအချို့က ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်အန္တရာယ်ကြောင့် နိုဝင်ဘာလအထိ ၎င်းတို့နိုင်ငံသားများအား အသွား အလာ ကန့်သတ် ထိန်းချုပ်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုင်းဝန်ကြီးချုပ်က နိုဝင်ဘာလတွင် ကန့်သတ်ချက်အချို့ ဖြေ လျှော့ပြီး နိုင်ငံတကာ ခရီးသွားများ လာရောက်လည်ပတ်မှုကို ခွင့်ပြုရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ နံနက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် ၉၄၄၅ ဦး ရှိပြီး သေဆုံးသူ ၈၄ ဦးရှိကြောင်း သိရသည်။

You may also like these stories:

အာဆီယံ အထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ ဆွေးနွေးပွဲပျက်

GAVI Alliance မှ ကိုဗစ် ကာကွယ်ဆေး ၆ သန်းကျော် မြန်မာရမည်

ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ

Your Thoughts …
Tags: ကိုဗစ်ရောဂါခရီးသွားထိုင်းနိုင်ငံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

Next Post
ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဦးစိန်ချစ်

စစ်တပ် ဖမ်းထားသည့် ရခိုင့်ဦးဆောင်ပါတီဝင် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခံထားရ

မန္တလေး နန်းမြို့ရိုးဘေး လူထုအပန်းဖြေ စီမံကိန်း ဆောင်ရွက်ရန် စစ်ကောင်စီ ကြိုးပမ်း  / CJ

မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved