• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အများဝေဖန်နေသည့် Paper Gold (စက္ကူရွှေ) စတင်ရန် ဗဟိုဘဏ်နှုတ်အားဖြင့် ခွင့်ပြု

by ဧရာဝတီ
19 October 2021
in သတင်း
A A
Paper Gold ကိုဝယ်ယူလိုသူများမှာ ယခင်ဖွင့်ထားသည့် ဘဏ်အကောင့်အ‌ဟောင်းမှငွေနှင့် လွဲ‌‌ပြောင်းဝယ်ယူ၍မရပဲ ဘဏ်‌အကောင့်သစ် ဖွင့်ကာ ငွေသားနှင့် ပေးချေ ဝယ်ယူမှရမည်

Paper Gold ကိုဝယ်ယူလိုသူများမှာ ယခင်ဖွင့်ထားသည့် ဘဏ်အကောင့်အ‌ဟောင်းမှငွေနှင့် လွဲ‌‌ပြောင်းဝယ်ယူ၍မရပဲ ဘဏ်‌အကောင့်သစ် ဖွင့်ကာ ငွေသားနှင့် ပေးချေ ဝယ်ယူမှရမည်

16.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များမှ စီစဉ်နေသည့် ဘဏ်တွင် ရွှေအပ်ကာ တဆင့် အရောင်းအဝယ်လုပ်နိုင်မည့် Paper Gold (စက္ကူရွှေ) စနစ်ကို စစ်ကောင်စီ၏ ဗဟိုဘဏ်က နှုတ်အားဖြင့် ခွင့်ပြုထားကြောင်း ယင်းအသင်းမှ သိရ သည်။

Paper Gold (စက္ကူရွှေ) အရောင်းအဝယ် ပြုလုပ်သည့် စနစ်ဆိုသည်မှာ ရွှေကုန်သည်များက ရွှေကို ဘဏ်တွင် အပ်နှံကာ ဘဏ်က ရွှေတန်ဖိုးနှင့် ညီမျှသည့် (Gold Certificate Card) ပိုင်ဆိုင်မှု ကတ်ကို ထုတ်ပေး၍ ဘဏ်မှတဆင့် ရောင်းချခြင်း ဖြစ်သည်။

ထိုသို့ အရောင်းအဝယ်ပြုလုပ်နိုင်ရန် အောက်တိုဘာ ၁၆ ရက်က Shwe Bank နှင့် ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) တို့က ဆွေးနွေးထားပြီး ဗဟိုဘဏ်က နှုတ်အားဖြင့် ခွင့်ပြုချက် ရရှိထားပြီးပြီ ဖြစ်ကြောင်း YGEA အသင်း ဥက္ကဌ ဦးမျိုးမြင့်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမျိုးမြင့်က “ကျနော်တို့ အသင်းရုံးမှာ ရောင်းနေတဲ့ရွှေကို အသင်းရုံးမှာ လည်း ရောင်းမယ်။ ဘဏ်မှာလည်း အပ်ထားမယ်။ စံချိန်စံညွှန်းနဲ့ မီအောင် ဓာတ်ခွဲခန်းမှာ ရွှေကို စစ်ဆေးထားမယ်။ ဘဏ်ကလည်း ရာဖြတ်တွေ စစ်ဆေးမယ်ပေါ့။ အဲ့ဒီလို စစ်ဆေးပြီးတော့မှ Certificate တခုထုတ်ပေးမယ်။ ဒါနဲ့ ရောင်းလို့ ဝယ်လို့ ရမယ်။ ကျနော်တို့ ရွှေဈေးနူန်း တည်ငြိမ်ရေး အတွက်ပဲ ဖြစ်တယ်”ဟု ပြောသည်။

ရွှေဈေးတည်ငြိမ်ရေးနှင့် ကျယ်ပြန်စွာရောင်းဝယ်နိုင်ရေးအတွက် Paper Gold ဈေးကွက်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး လက်ရှိ ဘဏ်များတွင်လည်း ဒေါ်လာသာရောင်းဝယ်နိုင်ကာ ရွှေကို ရောင်းမပေးနိုင်သဖြင့် ယင်းစနစ်ကို စတင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခုကတော့ အသင်းရုံးမှာ လာလာ လုဝယ်တဲ့ အတွက် ရွှေဈေးတက်လာရင် ထိန်းဖို့ခက်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ဘဏ်တွေကနေ ရွှေကိုရောင်းပေးပါတယ်။ အခုကတော့ မစသေးဘူး။ ကျနော်တို့ဘက်က လုပ်မယ်ဆိုရင် အဆင် သင့်ပဲ ဘဏ်ပိုင်းက ခွင့်ပြုချက်ယူတာတို့၊ ဆော့ဝဲလ်ရေးဆွဲတာတို့ ဒါတွေလုပ်ရအုံးမယ်။ သူတို့ အပိုင်းကတော့ အချိန်ယူ မယ့် အပိုင်းရှိတယ်”ဟု သူကဈေးကွက်စတင်မည့် အခြေအနေကို ပြောသည်။

Paper Gold စနစ်မှာ ဘဏ်ကို ကြားခံအဖြစ် အာမခံထား၍ ဝယ်ယူခြင်းဖြစ်ပြီး၊ ရောင်းပေးမည့် ရွှေများကို YGEA အသင်း ရှိ ရွှေကုန်သည်များက ဘဏ်မှာအပ်ပေးထားမှာ ဖြစ်ကြောင်း၊ ယင်းရွှေကိုဝယ်သူက ဘဏ်မှတိုက်ရိုက်ဝယ်နိုင်သလို ဘဏ်တွင် ပြန်အပ်နိုင်ကြောင်း၊ ရွှေသား ယူလိုပါကလည်း ထုတ်ယူနိုင်ကြောင်း၊ ဘဏ်မှတဆင့် ရွှေရောင်းရာတွင် ဝယ်ယူ မည့်ပမာဏ ကန့်သတ်ထားခြင်းမရှိကြောင်း၊ လုပ်ငန်းရှင်မှ အပ်ထားသည့် ပမာဏအတိုင်း ရောင်းဝယ်ရန် ခွင့်ပြုထားပြီး ဈေးနူန်းအားဖြင့် YGEA ၏ ဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချ သွား မည် ဖြစ်ကြောင်း သိရသည်။

သို့သော် ချွင်းချက်အနေဖြင့် Paper Gold ကိုဝယ်ယူလိုသူများမှာ ယခင်ဖွင့်ထားသည့် ဘဏ်အကောင့်အ‌ဟောင်း မှ ငွေနှင့် လွဲ‌‌ပြောင်းဝယ်ယူ၍မရပဲ ဘဏ်‌အကောင့် သစ် ဖွင့်ကာ ငွေသားနှင့် ပေးချေ ဝယ်ယူမှရမည်ဖြစ်သည်။

ရန်ကုန် မြို့တွင်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “အခုကတော့ နှစ်ဖက်အနေအထားကလည်း တင်းမာနေတယ်။ ဒီ Paper Gold ကတော့ စစ်ကောင်စီက ပိုက်ဆံရအောင် လုပ်သလို စာရွက်နဲ့ စာရင်တော့ အခုအချိန်ကတော့ အတုံးအခဲဝယ်တာ ပိုပြီး စိတ်ချရတယ်ပေါ့။ အခုကတော့ သူတို့က စမ်းပြီးတော့ လုပ်ကြည့်တာပေါ့။ ဒါကိုသာမာန် ပြည်သူအနေနဲ့ကတော့ လုပ်မှာ မဟုတ် ဘူး။ Heavy သမားတွေကတော့ လုပ်ကောင်း လုပ်နိုင်တယ်”ဟု သုံးသပ်ပြောပြသည်။

ယင်းစနစ်သည် စစ်ကောင်စီအနေနှင့် လက်ရှိအချိန်တွင် လုပ်နိုင်သည်ဆိုသည့် သဘောမျိုးကို စမ်းသပ် ကြည့်သည့် ပုံစံဖြစ်ပြီး သာမာန်လူများ အနေဖြင့် ဝင်ရောက်ရောင်းဝယ်ကာ ဈေးကစားရန် မဖြစ်နိုင်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှသာ လုပ်ကိုင်မည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။

ယခုအချိန်တွင် မြန်မာ့နိုင်ငံရေး အခြေအနေအရ ဘဏ်စနစ်များသည်လည်း ပုံမှန်လည်ပတ်နိုင်သည့် အနေအထား မရှိသည့် အတွက် Paper Gold (စက္ကူရွှေ) ရောင်းဝယ်မှုတွင် လူအနည်းငယ်သာ ပါဝင်လာနိုင်ပြီး အောင်မြင်နိုင်ဖို့ ခဲယဉ်းနိုင်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။

မြန်မာနိုင်ငံတွင် ရွှေနှင့် ပတ်သက်သော အပြောင်းအလဲများ၊ စနစ်များတည်ဆောက်ရန် လိုအပ်နေသော်လည်း ယခုအခြေ အနေတွင် စတင်ရန်မှာ ခက်ခဲသည့် ကိစ္စတခုဖြစ်ကြောင်း ရွှေနှင့် ငွေကြေးဈေးကွက် အသိုင်းအဝိုင်းထံက သိရသည်။

ရွှေသည် ငွေဖြစ်လွယ်သောတန်ဖိုးရှိ ပစ္စည်းဖြစ်သောကြောင့်လည်း ၂၀၁၂ ခုနှစ် ပြဌာန်းထားသည့် နိုင်ငံခြားငွေ စီမံခန့်ခွဲ ရေး ဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့သည့် အထဲတွင်လည်း Paper Gold (စက္ကူရွှေ) ရောင်းဝယ်မှုစနစ် ပါဝင်သည်။

သို့သော် ထိုအချိန်က အတည်မဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီအနေနှင့် ဖြစ်ပေါ်နေသည့် အခြေအနေကို ပြေလည်အောင် ဖြေရှင်းရန် အတွက် Paper Gold စနစ်ကို စဉ်းစားလာခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းစီးပွားရေးပညာရှင် တဦးက ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “အပြင်က အခုဝေဖန်ကြတာ မမှားဘူး။ ဘဏ်ကို သုံးစွဲသူပြည်သူလူထုက မယုံကြည်ပဲနဲ့ ဒီဟာ လည်ပတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်သလောက် ရှိတယ်။ ဖြစ်ရင်လည်း နည်းနည်းပါးပါး တချို့ အသိုင်းအဝိုင်းပဲ အလုပ် လုပ်လို့ ရမယ်။ ဖြစ်နိုင်ချေ ပိုရှိတာကတော့ ပတ်သက်ရာ ပတ်သက်ကြောင်း၊ နီးစပ်ရာ နီးစပ်သူတွေက လုပ်လို့ ရတာ မျိုး ဖြစ်ပြီးတော့ အများနဲ့ဆိုင်တဲ့ အလုပ်ဖြစ်ဖို့ လုပ်ဖို့ရာတော့ မလွယ်ဘူး။ ဘဏ်တွေမှာ ငွေအပ်ထားတာကို ငွေမထုတ်ပေးနိုင် ဘဲနဲ့ အခု စာရင်းသစ်ဖွင့် ရွှေဖိုးထည့် သူတို့က ရွှေကဲ့သို့ တာဝန်ယူတဲ့ စာရွက်ပေးမယ်ဆိုတာက ဘယ်သူကယုံမှာလဲ”ဟု သုံးသပ် ပြောပြသည်။

လက်ရှိ ရွှေဝယ်စုသည့် သဘောမှာ မြန်မာငွေဈေးကျဆင်းနေခြင်းကြောင့် မိမိလက်ထဲရှိ ငွေတန်ဖိုးလျော့သွားမည်ကို စိုးရိမ် သဖြင့် ထိန်းသိမ်းရလွယ်သော၊ ငွေဖြစ်လွယ်သော၊ အရေးအကြောင်းရှိ ငွေဖြစ်လွယ်သော ရည်ရွယ်ချက်နှင့် ရွှေဝယ်ကြ ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အဲ့ဒီတော့ ရည်ရွယ်ချက်ကတခြား၊ အခု အခြေအနေက တခြားပြောင်းပြန်ဖြစ်နေတယ်။ ဒီတော့နည်းလမ်းတခု အနေနဲ့က ပြောင်းဖို့က မလွယ်ဘူး။ ဒီဟာရဲ့နောက်မှာရော လုံလောက်တဲ့စနစ်၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းရှိလား ဒါတွေ လည်း မေးခွန်းရှိတယ်။ တခုတခု အဆင်ပြေမယ် ထင်တာလေး ကောက်လုပ်လိုက် နောက်မှပြန်ပြင်ရ မအောင်မြင် ကျရှုံး ဒါဆိုရင် မလုပ်တာကမှ ကောင်းသေးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် Paper Gold (စက္ကူရွှေ) ရောင်းဝယ်မှုစနစ်စတင်မည့် Shwe Bank ၏ ပိုင်ဆိုင်သူမှာ စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူ ပြည်တွင်း ခရိုနီ လုပ်ငန်းရှင်ကြီးဖြစ်သော ရွှေသံလွင်ဦးကျော်ဝင်းဖြစ်သောကြောင့်လည်း လက်ရှိနိုင်ငံရေးအခြေ အနေနှင့်က ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရန်မှာ ခက်ခဲသည့် အခြေအနေဖြစ်သည်။

ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးပညာရှင်က “အခုတို့က လမ်းဟောင်းကို ပြန်လျှောက်ပြီလေ လမ်းဟောင်း ကိုမှ အရင်ထက် ဆိုးဆိုးဝါးဝါးလျှောက်တာ ဖြစ်နေပြီ”ဟု မှတ်ချက်ပေးသည်။

Shwe Bank သည် ပြည်ထောင်စုအစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ရွှေ(ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး) ဘဏ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ပေးရန်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ရန် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ကိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်သန်းပေါင်း ၁ သိန်းဖြစ်ပြီး၊ ထည့်ဝင်ပြီး မတည်ငွေရင်းမှာ ကျပ်သန်းပေါင်း ၆ သောင်း ဖြစ်ပြီး ရွှေဘဏ် ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲကိုရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၌ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20

You may also like these stories:

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

Your Thoughts …
Tags: Paper Goldစက္ကူရွှေဗဟိုဘဏ်ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရွှေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲအား ဖြိုခွဲစဉ် အပြေးအလွှား မှတ်တမ်းတင်နေသော ဂျာနယ်လစ်တဦး / CPJ

လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ပိတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ

မန္တလေး နန်းတွင်း စစ်ကြောရေးတွင် သေဆုံးသွားခဲ့သည့် ကိုလင်းပိုင်စိုး / CJ

အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved