• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ

by ဧရာဝတီ
14 January 2022
in သတင်း
A A
၂၀၁၅ ခုနှစ်က ဦးသိန်းစိန်သည် အခမ်းအနားကျင်းပစရိတ် ကျပ် ၆၀ ဘီလီယံကျော် ပြခဲ့၍ သူ့ကို လွှတ်တော်က မေးခွန်းထုတ်ခဲ့သည် / AFP

၂၀၁၅ ခုနှစ်က ဦးသိန်းစိန်သည် အခမ်းအနားကျင်းပစရိတ် ကျပ် ၆၀ ဘီလီယံကျော် ပြခဲ့၍ သူ့ကို လွှတ်တော်က မေးခွန်းထုတ်ခဲ့သည် / AFP

27k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်လတွင် ကျရောက်မည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ယခင် အရပ်သားသမ္မတများသာ ကျင်းပသည့် အခမ်းအနားကို ကျင်းပမည့် ပထမဆုံး အာဏာရှင် ဖြစ်လာတော့မည်ဖြစ်သည်။

ဗိုလ်ရှုသဘင်အခမ်းအနားသည် ပုံမှန်အားဖြင့် နိုင်ငံ၏ အရပ်သားသမ္မတများကို ဂုဏ်ပြုတပ်ဖွဲ့များ၊ စစ်သားနှင့် ရဲ စစ်ကြောင်းများနှင့် လူမှုအဖွဲ့အစည်းဝင်များက အလေးပြုသော အခမ်းအနားဖြစ်သည်။ ထိုအခမ်းအနားကို လွတ်လပ်ရေးနေ့ကဲ့သို့သော နိုင်ငံအတွက် အရေးပါသည့် နေ့များတွင် ကျင်းပလေ့ရှိသည်။

နောက်ဆုံးအကြိမ် ဗိုလ်ရှုသဘင်အခမ်းအနားကို သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့က ကျင်းပခဲ့သည်။ ထိုစဉ်က မင်းအောင်လှိုင်သည် စစ်တပ်အကြီးအကဲအနေဖြင့် ထိုစဉ်က သမ္မတဦးသိန်းစိန်ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီး ယာဉ်ကြော ၂၀ ပါဝင်သည့် ရာဇဋ္ဌာနီလမ်းမှ မဏ္ဍပ်တခုတွင် အလေးပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်တွင် ထိုအခမ်းအနားကို ကျင်းပခြင်းမရှိပါ။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

“၂၀၁၅ ခုနှစ်ကလိုပဲ ဒီနှစ် ဗိုလ်ရှုသဘင်ကို လွှတ်တော်အဆောက်အအုံနားက ရာဇဋ္ဌာနီလမ်းမှာကျင်းပမယ်” ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ထိုစစ်ရေးပြအခမ်းအနားကို ၁၉၅၂ ခုနှစ်မှ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်အထိ အနည်းဆုံး ၃ ကြိမ် ကျင်းပခဲ့ဖူးသည်။ အာဏာရှင်များဖြစ်သော နေဝင်းနှင့် သန်းရွှေတို့၏ လက်အောက်တွင် ထိုအခမ်းအနား ကျင်းပခြင်း မရှိပေ။ မင်းအောင်လှိုင်သည် ထိုစစ်ရေးပြပွဲ ကျင်းပသည့် ပထမဆုံး စစ်ဘက်ရာထူးထမ်းဆောင်ဆဲ ပုဂ္ဂိုလ် ဖြစ်သည်။

ယခုနှစ်တွင် ထိုအခမ်းအနားကျင်းပရခြင်း၏ တရားဝင်အကြောင်းရင်းမှာ စိန်ရတုပြည်ထောင်စုနေ့ ကျရောက်သောကြောင့်ဖြစ်သည်။ နိုင်ငံ၏လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်များမှကိုယ်စားလှယ်များသည် မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရကို တောင်းဆိုသည့် သဘောတူညီချက်တခုကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့သည်။

သို့သော် မင်းအောင်လှိုင်သည် ထိုသို့ကြီးကျယ်သည့် အခမ်းအနားကို သူ့ကိုယ်သူ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက သူ စစ်အာသိမ်းလိုက်သောကြောင့် ပျက်စီးသွားသော နိုင်ငံ၏ အကြီးအကဲသဖွယ် မိမိကိုယ်ကိုယ် ဂုဏ်တင်ပြသရန် အသုံးချသည်ဟု အများအပြားကယုံကြည်သည်။

“သူက သမ္မတရူးရူးနေပြီး သူ့အာဏာကို ပြချင်နေတာလို့ ကျနော်ထင်တယ်” ဟု ခေတ်ရနံ့မီဒီယာမှ အယ်ဒီတာချုပ် ဦးပြည်သွေးနိုင်ပြောသည်။

အခြားမေးစရာမေးခွန်းမှာ အခမ်းအနားအတွက် ကုန်ကျစရိတ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဦးသိန်းစိန်သည် အခမ်းအနားကျင်းပစရိတ် ကျပ် ၆၀ ဘီလီယံကျော် ပြခဲ့၍ သူ့ကို လွှတ်တော်က မေးခွန်းထုတ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် လွှတ်တော်အစည်းအဝေး မကျင်းပသောကြောင့် ယခုနှစ်အခမ်းအနားကို အများပြည်သူ လေ့လာစမ်းစစ်မှု မရှိဘဲ ကျင်းပခြင်းဖြစ်ပြီး အထူးသဖြင့် စစ်အာဏာသ်ိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး စိုက်ဆင်းနေချိန်တွင် ထိုကုန်ကျစရိတ်ကို မည်သို့ကျခံမည်ကို ရှင်းလင်းစွာ မသိရပေ။

“ကပ်ရောဂါနဲ့ စီးပွားကျဆင်းနေတဲ့ ခုလိုအချိန်မှာ ဒါငွေကို အလဟသ ဖြုန်းတီးတာ” ဟု စစ်ဗိုလ်ဟောင်းတဦး ပြောသည်။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်

Your Thoughts …
Tags: ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ရှုသဘင်အာဏာသိမ်းစစ်ခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / Sitagu Facebook

သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး

by ဧရာဝတီ
22 March 2022
29.2k

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ချီးမွမ်းလိုက်ပါတယ်။

ဦးအောင်မျိုးမင်းဒင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ၏ အထက်တန်းကျောင်းသားတဦး ဖြစ်ခဲ့ဖူးသည်

ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

by ဧရာဝတီ
15 December 2021
25.2k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ရာထူးရပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ အောင်အမြင်ဆုံး လုပ်ငန်းစုတခု ထွက်ပေါ်လာခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ရန်ကုန်မြို့ လမ်းမများပေါ်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဓာတ်ပုံများကို ချနင်း ဆန္ဒပြခဲ့ကြစဉ် / AFP 

အာဏာသိမ်း စစ်ခေါင်းဆောင် အရူးမီးဝိုင်း ဖြစ်တော့မည်

by ပေါ်ထွန်း
27 April 2022
18.5k

အာဏာသိမ်းပြီး လေးလအကြာမှစ၍ စစ်ကောင်စီ လက်အောက်ခံ တိုက်ခိုက်ရေးတပ်မ ၃၀ လုံး စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးကို မရပ်မနား လုပ်နေရသည်မှာ တနှစ်နီးပါးရှိလာခဲ့ပြီ။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့်  အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပတ်သက်ဆက်နွယ်

ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

by ဧရာဝတီ
26 June 2023
19.3k

ထွန်းမင်းလတ်၏ လုပ်ငန်းစုနှင့် ဆက်နွယ်သော ကုမ္ပဏီသုံးခုအား စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ပြန်တမ်းများတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များ၌ နေပြည်တော်တွင် ဟွန်ဆန်နှင့် မင်းအောင်လှိုင် တွေ့ဆုံခဲ့သည် / AFP 

“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော

by ဧရာဝတီ
10 January 2022
18.7k

အငြင်းပွားဖွယ်ရာ ခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို "သွေးသောက်ညီအကို"အဖြစ် သဘောထားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို တောင်းဆိုလိုက်ကြောင်း သိရသည်။

Next Post
၂၀၁၇ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်တွင် လှုပ်ရှားနေကြသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ  / ဧရာဝတီ

မန္တလေးတွင် စစ်ကောင်စီက ဖမ်းဆီး၊ စစ်ဆေးမှုများ ပြုလုပ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved