• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာလျှောက်ထား

by ဧရာဝတီ
24 February 2022
in သတင်း
A A
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်

ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်

7.3k
VIEWS
Share on FacebookShare on Twitter

မြန်မာကိုယ်စားလှယ်များဘက်က လျှောက်ထားသည့် ကန့်ကွက်ချက်များကို လက်မခံဘဲ ပယ်ချရန် ဂမ်ဘီယာကိုယ် စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က လျှောက်ထားသည်။

နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေများက တရားရုံး၌ ပြောကြားခြင်းဖြစ်သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
118
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
27
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
60

ဖေဖော်ဝါရီလ ၂၁ ရက်က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နောက်ကွယ်၌ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC) က ကြိုးကိုင်နေသဖြင့် အမှုကို လက်မခံသင့်ကြောင်း အာဏာသိမ်းမြန်မာ စစ်ကောင်စီ၏ ကိုယ်စား လှယ်ကလျှောက်ထားခဲ့သည့်နောက် ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများက တုံ့ပြန်လျှောက်လဲခြင်းဖြစ်သည်။

ဂမ်ဘီယာရှေ့နေချုပ် မစ္စတာ Dawda Jallow က “ကျနော်တို့ဟာ ဘယ်သူ့ဘယ်သူရဲ့ ကြားခံကိုယ်စားလှယ်မှ မဟုတ်ပါဘူး။ ကျနော့်အရင်တာဝန်ယူခဲ့သူက ဒီတရားရုံးမှာ တင်ပြခဲ့သလိုပါပဲ။ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြား အငြင်းပွားမှုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ကြိုးစားတာသာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို မကျူးလွန်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မလှုံ့ဆော်ဖို့၊ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ရှိတဲ့အတိုင်း လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ကိုယ်တိုင်ရဲ့အခွင့်အရေးကို ကာကွယ်တာပါ” ဟု ဆိုသည်။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အနေနှင့် မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်ချက်များကို ပယ်ချပြီး ရှေ့ဆက်လုပ်ဆောင်ပေးရန်တောင်းဆိုကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်။

တရားရုံးကြားနာပွဲကို The Hague တွင် လေးရက်တာ ပြုလုပ်နေခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလ ၂၅ ရက်တွင် မြန်မာဘက်က ဒုတိယအကြိမ် လျှောက်လဲမည်ဖြစ်ကာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြု ဥပဒေပညာရှင်များက လျှောက်လဲချက်ထပ်ပေးမည်ဖြစ်ကြောင်း ICJ ၏ ထုတ်ပြန်ချက်အရသိရသည်။

You may also like these stories:

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်

မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ

လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေပုဒ်မ စစ်ကောင်စီ ဖြည့်စွက်ပြဋ္ဌာန်း

Your Thoughts …
Tags: ICJဂမ်ဘီယာရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်အပြည်ပြည်ဆိုင်ရာတရားရုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

by David Scott Mathieson
17 August 2023
11.9k

မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

Next Post
စက်သုံးဆီ ဈေးနှုန်းများသည် ပြည်တွင်း ဒေါ်လာ လဲလှယ်ဈေးနှုန်းနှင့် ကမ္ဘာ့ရေနံဈေးများပေါ်တွင် အခြေခံသည် / ဧရာဝတီ

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်

စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြခဲ့စဉ် / ဧရာဝတီ

စစ်ကောင်စီခန့် UEC ကို NLD နှင့် SNLD အာခံ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved