• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ မီးရှို့တဲ့ အရပ်သားနေအိမ် ၆၀၀၀ ကျော် ရှိ

by ဧရာဝတီ
5 March 2022
in သတင်း
A A
၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသောကြောင့် ပြာကျသွားသော စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ဘင်ရွ / AFP

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသောကြောင့် ပြာကျသွားသော စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ဘင်ရွ / AFP

7.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၁၃ လတာကာလအတွင်း စစ်ကောင်စီတပ်များသည် အရပ်သား နေအိမ်အနည်းဆုံး ၆၁၅၈ လုံးကို မီးရှို့ခဲ့ပြီး အများစုမှာ စစ်ကောင်စီကို အပြင်းအထန် ဆန့်ကျင်သော ဒေသများတွင်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းသည် ထိုအပျက်အစီးအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါး ခံစားရကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် Data for Myanmar ၏ အဆိုအရ သိရသည်။

ထိုနေအိမ်များကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေမှ ယခုနှစ် မတ်လ ၁ ရက်နေ့အတွင်း နိုင်ငံတဝှမ်း နေရာပေါင်း ၁၆၅ နေရာတွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း Data for Myanmar ၏ နောက်ဆုံး အစီရင်ခံစာတွင် ဖေါ်ပြသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
93
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
886
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
19

စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များအကြား တိုက်ပွဲများသည် နိုင်ငံတဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်နေပြီး အထူးသဖြင့် ချင်း၊ ကယား၊ ကရင်နှင့် ကချင်ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်တိုင်းများတွင် တိုက်ပွဲများဖြစ်နေသည်။ ခုခံရေးအင်အားစုများသည် ပြောက်ကျားနည်းစနစ်များကို အသုံးပြုပြီး စစ်ကောင်စီတပ်များကို အထိနာစေသည်။

လက်စားချေသည့်အနေဖြင့် စစ်ကောင်စီတပ်များသည် လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ အငြင်းပွားဖွယ်ရာ သတ်ဖြတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်၊ လူများကို အရှင်လတ်လတ် မီးရှို့ခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လုယက်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်း အပါအဝင် အရပ်သားများကို သိမ်းကြုံးတိုက်ခိုက်လာသည်။

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသောကြောင့် ပြာကျသွားသော စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ဘင်ရွာ/AFP

အရပ်သားအိမ်များကို စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုများသည် လွန်ခဲ့သောနှစ်မေလက စတင်ခဲ့ပြီး မကြာသေးမီလများအတွင်း ပိုမိုပြင်းထန်လာသည်။

လွန်ခဲ့သောလ တလတည်းတွင်ပင် လူနေအိမ်ပေါင်း ၂၈၈၂ လုံးကို မီးရှို့ခဲ့ပြီး ထိုအရေးအတွက်သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း မီးရှို့မှုအားလုံး၏ ထက်ဝက်နီးပါး ရှိသ ည်။ ဇန်နဝါရီလက အိမ်ပေါင်း ၁၀၅၉ လုံးမီးရှို့ခံရပြီး ဒီဇင်ဘာလတွင် အိမ်ပေါင်း ၉၆၀ မီးရှို့ခံရကာ နိုဝင်ဘာလက မီးရှို့ခံရသော အိမ်အရေအတွက်မှာ ၃၈၄ အိမ်ရှိသည်။

ထိုအိမ်ခြံမြေများသည် လေကြောင်း သို့မဟုတ် အမြောက်ဖြင့် တိုက်ခိုက်မှုများကြောင်း မီးလောင်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီလိုလားသော ပျူစောထီးများက မီးရှို့ခံရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က မီးတင်ရှို့စဉ်

ဗုဒ္ဓဟူးနေ့တွင် PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ မိုးကောင်းကျေးရွာ မီးရှို့ခံရကြောင်း အမည်မဖေါ်လိုသည် PDF တပ်ဖွဲ့ဝင်တဦး၏ အဆိုအရ သိရသည်။

“ မနေ့ (ဗုဒ္ဓဟူးနေ့) တုန်းက တိုက်ပွဲပြင်ထန်လာပြီး ညဘက်အထိ တိုက်ပွဲဆက်ဖြစ်နေတယ်။ စစ်ကောင်စီ တပ်တွေက အိမ်တချို့ကို မီးရှို့ပြီး ရွာသားတချို့ကိုလည်း ဖမ်းသွားတယ်။ ရွားသားတချို့လည်း ဒဏ်ရာရတယ်။ ရွာသားတွေက တောတောင်တွေထဲထွက်ပြေးရတယ်” ဟု ဧရာဝတီသတင်းဌာနသို့ သူပြောသည်။

မိုးကောင်းကျေးရွာသည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ခဲ့သည့် သပြေအေး ကျေးရွာ၏ မြောက်ဘက်အနီးတွင် တည်ရှိသည်။ အရပ်သား ၂ ဦး အသတ်ခံရသည်။

“သပြေအေးကျေးရွာက မပြေးနိုင်တော့တဲ့ သက်ကြီးရွယ်အို အမျိုးသမီးတဦး ရွာထဲက အိမ်တွေနဲ့အတူ မီးရှို့သတ် ခံရတယ်။ လူတယောက်ကိုကျတော့ ရဟတ်ယာဉ်ပေါ်ကနေ ပစ်သတ်သွားတယ်” ဟု ယင်းမာပင် ဒေသခံတဦးပြောသည်။

သပြေအေးကျေးရွာသား အနည်းဆုံး ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း မြောက်ယမား PDF က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။

၂၆ ကြိမ်မြောက် မီးရှို့ခံရအပြီး ထန်တလန်မြို့

ဖေဖေါ်ဝါရီလအတွင်း ဒေသခံ PDF များနှင့် နေရာ ၁၇ နေရာတွင် သီးခြားဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီစစ်သာ အနည်းဆုံး ၃၀ သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရကြောင်း မြောက်ယမား PDF ကပြောသည်။

“ပြည်သူတွေက ဆက်လက်ရှင်သန်အောင် ဘယ်လိုရုန်းကန်နေရတယ်ဆိုတာကို သူတို့မသိဘူး။ ဒါကြောင့် ပြည်သူတွေကို သူတို့ ဂရုမစိုက်ဘူး။ ရွာသားတွေနဲ့ ရွာတွေက သူတို့ကို ခုခံတဲ့သူတွေလို့ပဲသူတို့ထင်နေတာ။ ပြည်သူတွေရဲ့အိမ်တွေကို အကြောင်းမဲ့မီးရှို့တယ်။ အိမ်တွေ မီးလောင်သွားတဲ့အခါကျတော့ ပြည်သူတွေက ဘဝကို သုညကနေပြန်လည်စတင်ရတယ်” ဟုလည်း သူပြောသည်။

အနီးရှိ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်မှ သပြေအေးနှင့် ချင်းပုန်းကျေးရွာများအပါအဝင် ကျေးရွာပေါင်း တဒါဇင်ခန့်မှ ပြည်သူများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်ဟု ယင်းမာပင်တွင် နေထိုင်သူများ၏ အဆိုအရ သိရသည်။

ချင်းပြည်နယ် ထန်တလန်တွင် စစ်ကောင်စီတပ်များသည် စစ်တင်ဘာလနောက်ပိုင်းတိုက်ခိုက်မှု ၂၆ ခုတွင် နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို မီးရှို့ခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် အိမ်အလုံးပေါင်း ၁၀၁ လုံး မီးရှို့ခံရကြောင်း ထန်တလန် နေရာချထားရေးရာကော်မတီ- စစ်ဘေးရှောင် က အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။ ထိုအဖွဲ့သည် ထန်တလန်မှ နေရပ်စွန့်ခွာရသူများကို ကူညီနေသည့် ဒေသခံအဖွဲ့အစည်းဖြစ်သည်။ တောင်ထိပ်တွင် တည်ရှိသော ထန်တလန်မြို့တွင် ယခင်က နေအိမ်ပေါင်း ၂၇၀၀ ခန့်ရှိသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးရွာကို မီးလောင်တိုက်သွင်းခဲ့သည်

မကွေးတိုင်း ရေစကြိုမြို့နယ်မှ အိမ်ခြေ ၂၀ ခန့်ကိုလည်းပဲ စစ်ကောင်စီတပ်များက ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် မီးရှို့ခဲ့သည်။ ထိုဒေသမှ စစ်ကောင်စီနှင့်ပတ်သက်သည့် ရေနံသယ်ဆောင်သည့် ယာဉ်ကို PDF များက ဖမ်းဆီးပြီးနောက် ထိုသို့လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စုစုပေါင်းအနေဖြင့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် အရပ်သားနေအိမ် ၃၆၉၈ လုံး၊ ချင်းပြည်နယ်တွင် ၁၀၃၂ လုံး၊ မကွေးတိုင်းတွင် ၈၈၅ လုံး၊ ကယားပြည်နယ်တွင် ၃၁၁ လုံးနှင့် ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အိမ်ဒါဇင်ပေါင်းများစွာ ကို မီးရှို့ခဲ့ကြောင်း Data for Myanmar ကဖေါ်ပြသည်။

ထိုသုတေသနအဖွဲ့သည် ၎င်းတို့၏ သတင်းအချက်အလက်များကို မီဒီယာ သတင်းများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့များနှင့် ဒုက္ခသည် အဖွဲ့အစည်းများ မှတဆင့် ပြုစုခဲ့သည်။ သို့သော် Data for Myanmar သည် အတည်မပြုနိုင်သော သတင်းအချက်အလက်များကို ထည့်သွင်းခြင်းမရှိသောကြောင့် အမှန်တကယ် မီးရှို့ခံရသော အိမ်အရေးအတွက်သည် ထိုအစီရင်ခံစာတွင် ပါဝင်သည်ထက်များစွာ ပိုမိုမြင့်မားနိုင်သည်။

စစ်ကောင်စီက အရပ်သားအိမ်များကို မီးရှို့တိုက်ခိုက်သည်ဆိုသည့် သတင်းများကို စစ်ကောင်စီပြောခွင့်ရသူက အမြဲ ငြင်းဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်မှ ဗုဒ္ဓဟူးနေ့အထိ စစ်ကောင်စီတပ်များသည် အရပ်သား အနည်းဆုံး ၁၅၉၀ ကိုသတ်ဖြတ်ပြီး ၁၂၅၀၀ နီးပါးကို ဖမ်းဆီးထားသည်။

You may also like these stories:

ယင်းမာပင်၊ သပြေအေးရွာ မီးရှို့ခံရမှု ရွာသား၂ ဦး သေဆုံး

၂၆ ကြိမ်မြောက် မီးရှို့ခံရမှု ထန်တလန်မှ အိမ် ၁၀၀၀ ကျော် မီးလောင်သွား

ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

တန့်ဆည် ကပေါင်းကျရွာကို စစ်ကောင်စီက ၁၃ ကြိမ်မြောက် မီးရှို့

ဂန့်ဂေါမှာ စစ်ကောင်စီတပ်၏ သောင်းကျန်းမှုများ

Your Thoughts …
Tags: Data for Myanmarစစ်ကောင်စီပျူစောထီးမီးရှို့အရပ်သားနေအိမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၂ ခုနှစ် လျှပ်စစ်မီးပြတ်ခြင်းကို ဖရောင်းတိုင်မီးထွန်းပြီး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်

အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့

မက္ကဆီကိုနိုင်ငံရှိ ရုရှသံရုံးရှေ့ ဆန္ဒပြပွဲ / AFP

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate