• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို

by ဧရာဝတီ
25 March 2022
in သတင်း
A A
၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် အင်းစိန်ထောင်မှ အကျဉ်းသားများလွှတ်ပေးမှု မြင်ကွင်း / ဧရာဝတီ

၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် အင်းစိန်ထောင်မှ အကျဉ်းသားများလွှတ်ပေးမှု မြင်ကွင်း / ဧရာဝတီ

12.4k
VIEWS
Share on FacebookShare on Twitter

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်း ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း များကို စစ်ဆေးပေးရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း (ICRC) ကို တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။

LGBT Alliance Myanmar မှ ဦးဆောင်၍ မိတ်ဖက် ၁၈ ဖွဲ့က ဖမ်းခံထားရသည့် အမျိုးသမီးများ၊ လိင်စိတ်ခံယူ ကွဲပြား သူ (LGBTIQ) များနှင့် အမျိုးသားများအပေါ် လိင်ပိုင်းဆိုင်ရာ အပါအဝင် အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း ကို အမြန်ဆုံး ရပ်တန့်သွားရန် ICRC အနေဖြင့် ဝင်ရောက်စစ်ဆေးဖို့ တောင်းဆိုရခြင်းဖြစ်ကြောင်းဆိုသည်။

LGBT Alliance Myanmar မှ N Shar Sit Zaw က “အကြမ်းဖက် စစ်အုပ်စုကတော့ ဒီလို အကြမ်းဖက်ကိစ္စတွေကို ဆက်ပြီးတော့ လုပ်နေအုံးမှာပဲ။ ဒါပေမဲ့ ဘက်ပေါင်းစုံက ဖိအားရှိနေရင် ထောင်ထဲက ရဲဘော်တွေအပေါ် အကြမ်းဖက် မှုတွေ လျော့ပါးသွားပြီးတော့ ထောင်ထဲမှာရတဲ့ အခွင့်အရေးကို အပြည့်အဝရအောင် အပြင်မှာရှိတဲ့လူတွေက ကူညီ နိုင်တာ ကူညီပေးတဲ့သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တောင်းဆိုမှုအတွက် “သံတိုင်နောက်မှ အလင်းတစ” “ထောင်တွင်းအကြမ်းဖက်မှုရပ်တန့်ဖို့ ICRC ကို တွန်းကြစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ကမ်ပိန်းလှုပ်ရှားမှု တခုကိုလည်း ၂ ပတ်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း လူမှုကွန် ရက်စာမျက်နှာတွင် လှုံ့ဆော်လျက် ရှိသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
168
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ထောင်တွင်း ရဲဘော်များအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ရပ်တန့်ပေးရန်နှင့် ယင်းဖြစ်ရပ်များအတွက် လိုအပ်သော စစ်ဆေးမှုများကို အမြန်ဆုံးပြုလုပ်ပေးနိုင်ရန် ICRC အပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများကပါ ဝိုင်းဝန်း ဖိအားပေးတောင်းဆိုနိုင်ရန် ပြည်သူ့လက်မှတ် ၂ သိန်းကျော် လိုအပ်လျက် ရှိကြောင်းလည်း သိရသည်။

ယင်းကမ်ပိန်း ဦးဆောင်ကော်မတီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူငယ်ရေးရာဌာန၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လိင်စိတ်ခံယူမှုကွဲပြားသူများကွန်ရက်တို့ ပါဝင်ပြီး လိင်စိတ်ခံယူမှု ကွဲပြား သူများသမဂ္ဂ-မန္တလေး၊ ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေး၊ အောင်မြေသာစံပညာရေးကျောင်းပေါင်း စုံသပိတ်၊ LGBT Community Yangon၊ LGBT Alliance Myanmar စသည့် တော်လှန်ရေးအင်အားစုများလည်း ပူးပေါင်း ပါဝင်ကြောင်း သိရသည်။

ပြည်သူများထံမှ ကောက်ခံမည့် အဆိုပါ လက်မှတ်များမှာ ထောင်တွင်းမှ လူ့ဂုဏ်သိက္ခာနှင့်မညီသည့် ဆက်ဆံခံရမှု များကြောင့် တောင်းဆိုတိုက်ပွဲဝင်နေရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် အင်အားတခု ဖြစ်စေမည်ဟုလည်း ကမ်ပိန်းလှုပ်ရှားသူများက ဆိုသည်။

ရန်ကုန်မြို့တွင်း တော်လှန်ရေးအင်အားစုတခုမှ လူငယ်တဦးက “ကျနော်တို့ ပြန်ကြားရတာ LGBT တွေဆိုရင် တိုင်မှာ ကြိုးတုပ်၊ အင်္ကျီချွတ်ပြီးတော့ သူတို့ရဲ့ လိင်အင်္ဂါကို မကောင်းတဲ့စကားလုံးတွေ ပြောဆိုပြီး ကြိမ်လုံးနဲ့ ရိုက်တယ်။ အခြောက်တွေ ဘာညာပြောပြီးတော့ အဓမ္မပြုကျင့်တယ် ဆိုတဲ့အထိပါ ပြန်ကြားရတယ်။ အမျိုးသမီးတွေ ဆိုရင်လည်း သူတို့ရဲ့ လိင်အင်္ဂါကို စစ်ဖိနပ်နဲ့ တက်နင်းတဲ့အထိ ပြန်ကြားရတယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များသည် ထောင်တွင်း တောင်းဆိုတိုက်ပွဲဝင်သူများအား တိုက်ပိတ်ခြင်း၊ ထောင်ဝင်စာပိတ်ခြင်း၊ ရာဇဝတ်အကျဉ်းသားများအား ရိုက်နှက်စေခြင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများ အား ဆေးဝါးကုသခွင့် မပေးခြင်း စသည်ဖြင့်လည်း နှိပ်ကွပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း မြန်မာတနိုင်ငံလုံး အနေဖြင့် လူ့အခွင့် အရေး ချိုးဖောက်ခံနေရသော်လည်း လူမသိသူမသိ ချိုးဖောက်ခံနေရသည့်နေရာမှာ အကျဉ်းထောင် ဖြစ်ကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင်ပါဝင်၍ အကျဉ်းထောင်ထဲ ရောက်နေကြသူများကို စစ်ကောင်စီ လက်ပါးစေ ထောင် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ညှဉ်းပန်းနေကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် ICRC အနေဖြင့် ထောင်အတွင်း ဝင်ရောက်စစ်ဆေးကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ပေးရန် ဖိအားပေး တောင်းဆိုကြရခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း (ICRC) အနေဖြင့် အကျဉ်းထောင်များအတွင်း သွားရောက် လေ့လာခွင့်ရရန် စစ်ကောင်စီနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ခွင့်ပြုချက်မရကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထုတ် ပြန်ထားသည်။

ICRC သည် ၂၀၂၀ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှ စတင်ကာ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များသို့ သွားရောက်လေ့လာမှုကို ရပ်နားထားခဲ့ရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်က ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian သည် အာဏာ သိမ်း စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများက သတင်းဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံစဉ် ICRC က ပေးအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် မြန်မာနိုင်ငံ နှင့် ICRC ကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရှိသည့် နယ်ပယ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟုသာ သတင်းထုတ်ပြန်ထားပြီး အကျဉ်းထောင်ကိစ္စနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

Your Thoughts …
Tags: ICRCနိုင်ငံရေးအကျဉ်းသားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအကျဉ်းထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

Next Post
၂၀၂၀ ခုနှစ် မတ်လကတည်းက ရုပ်ရှင်ရုံများ ရပ်နားခဲ့ကြရသည် / ဧရာဝတီ

စစ်ကောင်စီ ဖိအားပေးမှုအောက် ရုပ်ရှင်ရုံတွေ မြန်မာနှစ်ဆန်း ပြန်ဖွင့်မည်

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved